1 ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့။က၊ ၁:၂၈။2 မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့လက်၌ငါအပ်၏။ 3 အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဖို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ငါအပ်ပေး၏။ 4 သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ဝတ်၊ ၇:၂၆-၂၇၊၁၇:၁၀-၁၄၊၁၉:၂၆၊တရား၊ ၁၂:၁၆၊၂၃၊၁၅:၂၃။5 အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။ 6 အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ထွ၊ ၂၀:၁၃၊က၊ ၁:၂၆။7 သင်တို့သည် သားကိုဖွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဖွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။က၊ ၁:၂၈။
8 တစ်ဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကိုမိန့်တော်မူသည်ကား၊ 9 သင်တို့နှင့်လည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော အမျိုးအနွယ်နှင့်လည်းကောင်း၊ 10 သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲကထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်လည်းကောင်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။ 11 သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့သည် နောက်တစ်ဖန်မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဖို့ရာ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။ 12 ထိုမှတစ်ပါး၊ ငါတစ်ဖက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တစ်ဖက်၌၊ သားမြေးအစဉ်အဆက်မပြတ်၊ ငါပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဟူမူကား၊ 13 ငါ၏သက်တံကို မိုးတိမ်၌ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။ 14 ငါသည် မိုးကိုအုံ့စေသောအခါ၊ မိုးတိမ်၌ သက်တံသည်ထင်ရှားလိမ့်မည်။ 15 ထိုအခါငါတစ်ဖက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တစ်ဖက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကိုငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ဖျက်ဆီးခြင်းငှာ၊ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။ 16 မိုးတိမ်၌ သက်တံရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။ 17 ဤသည်ကား၊ ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင်မိန့်တော်မူ၏။
18 သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။ 19 ဤသူတို့သည် နောဧ၏သားသုံးယောက်ဖြစ်၍ မြေကြီးတစ်ပြင်လုံး၌ နှံ့ပြားကြ၏။
20 နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။ 21 စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။ 22 ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်းရှိသည်ကိုမြင်လျှင်၊ ပြင်မှာရှိသော အစ်ကိုနှစ်ယောက်ကို ပြောလေ၏။ 23 ရှေမနှင့် ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာတင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည်ပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ်အချည်းစည်းရှိသည်ကို မမြင်ရ။ 24 နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊ 25 ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟု ဆို၏။ 26 တစ်ဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။ 27 ဘုရားသခင်သည် ယာဖက်ကိုကျယ်စေတော်မူသဖြင့်၊ ရှေမ၏တဲတို့တွင် နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
28 နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ်သုံးရာငါးဆယ်အသက်ရှင်၍၊ 29 အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စရောက်လေ၏။
1 Abençoou Deus a Noé e a seus filhos e lhes disse: Gn 1.28;9.7Frutificai, multiplicai-vos e enchei a terra. 2 Terá medo e pavor de vós todo o animal da terra e toda a ave do céu; nas vossas mãos serão eles entregues juntamente com tudo o que se move sobre a terra e com todos os peixes do mar. 3 Tudo o que se move e vive vos servirá de mantimento; Gn 1.29como a erva verde, tudo vos tenho dado a vós. 4 A carne, porém, com sua vida, isto é, com Lv 17.10-16;Dt 12.16,23seu sangue, não comereis. 5 Certamente, requererei o Êx 20.13;21.12vosso sangue, o sangue das vossas vidas; Êx 21.28-29da mão de todo o animal, o requererei; e, da mão do homem, sim, da mão do irmão de cada um, requererei a vida do homem. 6 Se alguém Nm 35.33derramar o sangue do homem, pelo homem será derramado o seu sangue; porque o homem foi feito à imagem de Deus. 7 Mas vós Gn 9.1frutificai, e multiplicai-vos; povoai abundantemente a terra, e nela multiplicai-vos.
8 Disse também Deus a Noé e a seus filhos: 9 Eis que eu Gn 6.18vou estabelecer a minha aliança convosco e com a vossa posteridade depois de vós; 10 e também com todo o animal vivente que está convosco: com as aves, com o gado e com todo o animal da terra, desde todos os que saem da arca até todo o animal da terra. 11 Estabelecerei a minha aliança convosco: Gn 8.21não será mais exterminada toda a carne pelas águas do dilúvio, Is 54.9nem haverá mais dilúvio para destruir a terra. 12 Disse Deus: Este é o Gn 9.13,17;Gn 17.11sinal da aliança que faço entre mim e vós e todo o animal vivente que está convosco, para perpétuas gerações: 13 o meu Ez 1.28arco tenho posto nas nuvens, e será ele por sinal de uma aliança entre mim e a terra. 14 Quando eu trouxer nuvens sobre a terra, e aparecer o arco nas nuvens, 15 então, Dt 7.9me lembrarei da minha aliança, que está entre mim e vós e todo o animal vivente de toda a carne; Gn 9.11as águas não mais se tornarão em dilúvio para destruir toda a carne. 16 O arco estará nas nuvens; olharei para ele, a fim de me lembrar da aliança eterna entre Deus e todo o animal vivente de toda a carne que está sobre a terra. 17 Disse Deus a Noé: Este é o sinal da aliança que tenho estabelecido entre mim e toda a carne que está sobre a terra.
18 Os filhos de Noé, que saíram da arca, foram Sem, Cam e Jafé. Gn 9.25-27Cam é o pai de Canaã. 19 Estes três foram os filhos de Noé; e Gn 9.1,7;10.32destes foi povoada toda a terra.
20 Começou Noé a ser lavrador e plantou uma vinha. 21 Bebendo do vinho, embriagou-se e achou-se nu dentro da sua tenda. 22 Hc 2.15Cam, pai de Canaã, viu a nudez de seu pai e contou a seus dois irmãos que estavam fora. 23 Então, tomaram Sem e Jafé uma capa, puseram-na sobre os seus ombros e, andando virados para trás, cobriram a nudez de seu pai; tiveram virado os seus rostos, e não viram a nudez de seu pai. 24 Despertando Noé do seu vinho, soube o que seu filho mais moço lhe fizera.
25 E disse:
Dt 27.16Maldito seja Canaã;
servo dos servos será de seus irmãos.
26 E acrescentou:
Gn 14.20;24.27Bendito seja Jeová, o Deus de Sem;
e seja-lhes Canaã por servo.
27 Gn 10.2-5;Is 66.19Dilate Deus a Jafé,
e habite Jafé nas tendas de Sem;
e seja-lhes Canaã por servo.
28 Noé viveu, depois do dilúvio, trezentos e cinquenta anos. 29 Foram todos os dias de Noé novecentos e cinquenta anos; e morreu.