1 မြေကြီးသားအပေါင်းတို့သည် ဘာသာတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိကြသည်ဖြစ်၍၊ 2 အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။ 3 သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တစ်ယောက်ကို တစ်ယောက်ပြောကြ၏။ ထိုသို့ ကျောက်အရာ၌အုတ်ကိုလည်းကောင်း၊ သရွတ်အရာ၌ ရေညှိတစ်မျိုးကိုလည်းကောင်းရပြီးလျှင်၊ 4 လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်းတည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။ 5 ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှာ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ 6 ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကိုအဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ 7 လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှာ၊ သူတို့စကားကိုရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ 8 ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ 9 သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။
10 ရှေမ၏သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တစ်ရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာသော်၊ သားအာဖာဇဒ်ကို မြင်လေ၏။ 11 အာဖာဇဒ်ဖွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကိုမြင်လေ၏။ 12 အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကိုမြင်လေ၏။ 13 ရှာလဖွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 14 ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကိုမြင်လေ၏။ 15 ဟေဗာဖွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 16 ဟေဗာသည် အသက်သုံးဆယ်လေးနှစ်ရှိသော်၊ သားဖာလက်ကိုမြင်လေ၏။ 17 ဖာလက်ဖွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 18 ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကိုမြင်လေ၏။ 19 ရာဂေါဖွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကိုဖွားမြင်လေ၏။ 20 ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကိုမြင်လေ၏။ 21 စေရောက်ဖွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 22 စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာခေါ်ကိုမြင်လေ၏။ 23 နာခေါ်ဖွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 24 နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကိုမြင်လေ၏။ 25 တေရဖွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တစ်ရာတစ်ဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 26 တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
27 တေရ၏သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။ 28 ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမီ၊ မိမိဖွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌သေလေ၏။ 29 အာဗြံနှင့်နာခေါ်သည် မယားကိုယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။ 30 စာရဲမူကား၊ မြုံသောမိန်းမဖြစ်၍၊ သားသမီးမရှိ။ 31 တေရသည် သားအာဗြံကိုလည်းကောင်း၊ ခါရန်၏သားဖြစ်သော မြေးလောတကိုလည်းကောင်း၊ သားအာဗြံ၏မယားဖြစ်သော မိမိချွေးမစာရဲကိုလည်းကောင်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှာ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက်သဖြင့်၊ ခါရန်မြို့သို့ရောက်၍နေကြ၏။ 32 တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌သေလေ၏။
1 Ora, toda a terra tinha uma só linguagem e um só modo de falar. 2 Viajando os homens para o Oriente, acharam uma planície na terra de Gn 10.10;14.1Sinear; e ali habitaram. 3 Disseram uns aos outros: Vinde, façamos tijolos e queimemo-los bem. Os tijolos lhes serviram de pedras, e o Gn 14.10betume, de cal. 4 E disseram: Vinde, edifiquemos para nós uma cidade e uma torre cujo cume Dt 1.28;9.1;Sl 107.26chegue até o céu e façamo-nos um Gn 6.4;2Sm 8.13nome; para que não Dt 4.27sejamos espalhados sobre a face de toda a terra. 5 Porém, Gn 18.21;Êx 3.8;19.11,18,20desceu Jeová para ver a cidade e a torre que os filhos dos homens edificavam. 6 Disse Jeová: Eis que o povo é um só, e todos eles têm Gn 11.1uma só linguagem. Isso é o que começam a fazer: agora, nada lhes será vedado de quanto intentam fazer. 7 Vinde, Gn 1.26desçamos e Êx 4.11;Is 33.19confundamos ali a sua linguagem, para que não entendam a linguagem um do outro. 8 Assim Jeová os Gn 11.4espalhou dali sobre a face de toda a terra; e cessaram de edificar a cidade. 9 Por isso, se chamou o seu nome Gn 10.10Babel, porquanto ali confundiu Jeová a linguagem de toda a terra; e dali os espalhou sobre a face de toda a terra.
10 Gn 10.22-25Estas são as gerações de Sem. Tinha ele cem anos de idade, quando gerou a Arfaxade dois anos depois do dilúvio. 11 Viveu Sem, depois que gerou a Arfaxade, quinhentos anos; e gerou filhos e filhas.
12 Arfaxade viveu trinta e cinco anos e gerou a Salá. 13 Viveu Arfaxade, depois que gerou a Salá, quatrocentos e três anos; e gerou filhos e filhas.
14 Salá viveu trinta anos e gerou a Éber. 15 Viveu Salá, depois que gerou a Éber, quatrocentos e três anos; e gerou filhos e filhas.
16 Éber viveu trinta e quatro anos e gerou a Pelegue. 17 Viveu Éber, depois que gerou a Pelegue, quatrocentos e trinta anos; e gerou filhos e filhas.
18 Pelegue viveu trinta anos e gerou a Reú. 19 Viveu Pelegue, depois que gerou a Reú, duzentos e nove anos; e gerou filhos e filhas.
20 Reú viveu trinta e dois anos e gerou a Serugue. 21 Viveu Reú, depois que gerou a Serugue, duzentos e sete anos; e gerou filhos e filhas.
22 Serugue viveu trinta anos e gerou a Naor. 23 Viveu Serugue, depois que gerou a Naor, duzentos anos; e gerou filhos e filhas.
24 Naor viveu vinte e nove anos e gerou a Js 24.2Tera. 25 Viveu Naor, depois que gerou a Tera, cento e dezenove anos; e gerou filhos e filhas.
26 Tera viveu setenta anos e gerou a Abrão, a Naor e a Harã.
27 Estas são as gerações de Tera: Tera gerou a Abrão, a Naor e a Harã; e Gn 11.27;12.4Harã gerou a Ló. 28 Harã morreu antes de seu pai Tera, na terra do seu nascimento, em Gn 11.31Ur dos caldeus. 29 Abrão e Gn 24.10Naor tomaram para si mulheres: o nome da mulher de Abrão era Gn 20.12Sarai; e o nome da mulher de Naor era Gn 22.20,23;24.15Milca, filha de Harã, que foi pai de Milca e pai de Iscá. 30 Gn 16.1Sarai era estéril; ela não tinha filhos. 31 Tomou Tera a Abrão, seu filho, e a Ló, filho de Harã, filho de seu filho, e a Sarai, sua nora, mulher de seu filho Abrão, e saiu com eles de Gn 15.7;Ne 9.7Ur dos caldeus para ir à terra de Canaã; vieram a Harã e ali habitaram. 32 Foram os dias de Tera duzentos e cinco anos; e morreu Tera em Harã.