1 ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှသွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ဝင်လေ၏။ 2 ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန်အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဖက်ပြုလျက်၊ 3 ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။ 4 တစ်ဖန်ပဋိသန္ဓေယူပြန်၍ ဖွားမြင်သောသားကို ဩနန်အမည်ဖြင့်မှည့်လေ၏။ 5 တစ်ဖန်ပဋိသန္ဓေယူပြန်၍ ဖွားမြင်သောသားကို ရှေလအမည်ဖြင့်မှည့်လေ၏။ ရှေလဖွားသောအခါ၊ အဘသည်ခေဇိပ်မြို့မှာရှိသတည်း။
6 ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာအမည်ရှိသော သတို့သမီးနှင့် စုံဖက်စေ၏။ 7 ယုဒ၏သားဦးဧရသည် ထာဝရဘုရားရှေ့၌ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော်မူ၏။ 8 ထိုအခါ ယုဒသည်ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကိုမယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဖက်ပြုသဖြင့်၊ အစ်ကိုအမျိုးကိုဆက်နွယ်လော့ဟုဆို၏။ 9 ဩနန်သည်သားကိုရလျှင်မူကား၊ မိမိသားမမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ဝင်သောအခါ၊ သုက်ရည်ကိုထုတ်၍ စွန့်လေ၏။ 10 ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။ 11 သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့သေမည်ဟု ယုဒသည်စိုးရိမ်၍၊ မိမိချွေးမတာမာကိုခေါ်ပြီးလျှင်၊ ငါ့သားရှေလမကြီးမီ သင်သည် သင့်အဘ၏အိမ်၌ မုဆိုးမပြု၍နေပါဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌နေလေ၏။
12 ကာလအင်တန်ကြာလေသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာတိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုးဟိရနှင့်အတူ သွားလေ၏။ 13 မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှာ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊ 14 မုဆိုးမအဝတ်ကိုချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့သို့သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဖက်မပြုရဟု သိမြင်သောကြောင့်တည်း။ 15 ယုဒသည်ထိုမိန်းမကိုမြင်သောအခါ၊ သူသည်မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည့်တန်ဆာဖြစ်သည်ဟု ထင်မှတ်လျက်၊ 16 လမ်းကိုလွှဲ၍အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှာ အဘယ်ဆုကိုပေးမည်နည်းဟုမေးလျှင်၊ 17 ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မီ တစ်စုံတစ်ခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊ 18 ယုဒက အဘယ်အရာကိုပေါင်စေချင်သနည်းဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝှေးတို့ကိုပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူလေ၏။ 19 ထိုနောက်မှ၊ မိန်းမသည်ထသွား၍ မျက်နှာဖုံးကိုချွတ်ပြီးလျှင်၊ မုဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။ 20 ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကိုရွေးယူခြင်းငှာ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကိုပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကိုမတွေ့လျှင်၊ 21 ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသောပြည့်တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကိုမေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ပြည့်တန်ဆာမ မရှိဟုဆိုကြလျှင်၊ 22 ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ပြည့်တန်ဆာမ မရှိဟုဆိုကြောင်းကို ပြောလေ၏။ 23 ယုဒကလည်း၊ ကျွန်ုပ်တို့သည် အရှက်မကွဲမည်အကြောင်း၊ ယူပါလေစေ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
24 ထိုနောက်သုံးလခန့်လွန်သည်ရှိသော်၊ သူတစ်ပါးက၊ သင်၏ချွေးမတာမာသည် ပြည့်တန်ဆာလုပ်၍ မတရားသောမေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက်နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍မီးရှို့စေဟု စီရင်လေ၏။ 25 ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝှေးတို့ကို ယောက္ခမထံသို့ပို့စေ၍၊ ဤဥစ္စာကိုပိုင်သောသူအားဖြင့် ကျွန်မသည်ပဋိသန္ဓေယူပြီ။ ဤဥစ္စာတို့သည်အဘယ်သူ၏ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟုမှာလိုက်၏။ 26 ထိုဥစ္စာကိုယုဒမှတ်မိ၍ သူ၏အပြစ်ထက် ငါ့အပြစ်သာ၍ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟုပြောဆို၏။ နောက်တစ်ဖန် သူ့ကိုမချဉ်းကပ်ဘဲနေ၏။ 27 ထိုနောက်တာမာသည် သားဖွားချိန်ရောက်လျှင်၊ ဝမ်းထဲတွင်သားနှစ်ယောက်ရှိ၏။ 28 ဖွားစဉ်တွင် သားတစ်ယောက်သည် လက်ကိုထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူသည်အရင်ဖွားလိမ့်မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့်စည်းလေ၏။ 29 သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဖွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့်အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြုသောဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖာရက်အမည်ဖြင့် မှည့်လေ၏။ 30 ထိုနောက်မှ လက်၌ကြိုးနီစည်းသောညီဖွား၍၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း။
1 Nesse tempo, separou-se Judá de seus irmãos e uniu-se a um Js 15.35;1Sm 22.1adulamita que se chamava Hira. 2 Viu ali a filha dum cananeu, por nome Sua; tomou-a por mulher e a conheceu. 3 Ela concebeu e deu à luz um filho; e o pai chamou-lhe Gn 46.12;Nm 26.19Er. 4 Tornou a conceber e deu à luz um filho, a quem a mãe chamou Onã. 5 Deu à luz mais um filho e chamou-lhe Selá. Judá estava em Quezibe, quando ela deu à luz. 6 Judá tomou para o seu primogênito Er uma mulher, a qual se chamava Tamar. 7 Ora, 1Cr 2.3Er, o primogênito de Judá, era um homem mau aos olhos de Jeová; assim, Jeová o matou. 8 Disse Judá a Onã: Dt 25.5-6;Mt 22.24Toma a mulher de teu irmão, cumpre para com ela o dever dum irmão de seu marido e dá sucessão a teu irmão. 9 Mas Onã sabia que os filhos não haviam de ser tidos por seus; assim, todas as vezes que ele se unia à mulher de seu irmão, deixava cair o sêmen no chão, para que não desse sucessão a seu irmão. 10 O que ele fazia era mau aos olhos de Jeová, que o matou também a ele. 11 Disse Judá a Tamar, sua nora: Rt 1.12-13Fica-te viúva em casa de teu pai, até que meu filho Selá venha a ser homem; porquanto disse: Para que não morra este, como seus irmãos. Assim, se foi Tamar e morou em casa de seu pai.
12 No correr do tempo, morreu a filha de Sua, mulher de Judá; e, consolado Judá, subiu a Js 15.10,57Timna para ir ter com os tosquiadores das suas ovelhas, ele e seu amigo Hira, o adulamita. 13 Foi dito a Tamar: Eis que teu sogro sobe a Timna para tosquiar as suas ovelhas. 14 Ela se despiu dos vestidos de sua viuvez, Gn 24.65se cobriu com um véu, envolveu-se e se assentou à entrada de Js 15.34Enaim, que está no caminho que vai dar a Timna; pois viu que Selá era já homem feito, e ela não lhe fora dada por mulher. 15 Vendo-a Judá, teve-a por uma prostituta; pois ela tinha coberto o rosto. 16 Então, se chegou a ela no caminho e disse: Vem, deixa-me estar contigo; pois não sabia que ela era sua nora. Perguntou-lhe ela: Que me darás, para estares comigo? 17 Respondeu ele: Eu te enviarei um cabrito do rebanho. Perguntou ela: Dar-me-ás um penhor, até que o envies? 18 Respondeu ele: Que penhor é o que te darei? Disse ela: Gn 41.42Teu selo com a corda e o báculo que tens na mão. Ele, pois, lhos deu e a conheceu, e ela concebeu. 19 Ela, levantando-se, se foi, tirou de si o véu e se vestiu com os vestidos de sua viuvez. 20 Enviou Judá o cabrito por intermédio de seu amigo, o adulamita, para receber o penhor da mão da mulher; porém não a encontrou. 21 Então, perguntou aos homens daquele lugar: Onde está a prostituta que estava em Enaim, junto ao caminho? Responderam eles: Aqui não tem estado prostituta alguma. 22 Tendo voltado a Judá, disse: Não a encontrei; e também os homens do lugar disseram: Aqui não tem estado prostituta alguma. 23 Respondeu Judá: Que ela o guarde para si, para que não nos tornemos em opróbrio; eis que enviei este cabrito, mais tu não a encontraste.
24 Passados quase três meses, foi dito a Judá: Tamar, tua nora, fornicou; e eis que está pejada da fornicação. Então, disse Judá: Tirai-a para fora, e Lv 21.9seja ela queimada. 25 Havendo sido tirada para fora, mandou ela dizer a seu sogro: Eu concebi do homem de quem são estas coisas; e disse mais: Reconhece de quem são estes, o selo com o cordão e o báculo. 26 Reconheceu-os Judá e disse: Ela é mais justa do que eu, porquanto não a entreguei a meu filho Selá. Ele, pois, nunca mais a conheceu. 27 Aconteceu que, ao tempo de dar à luz, eis que havia Gn 25.24-26gêmeos no seu ventre. 28 Quando estava com dores de parto, um deitou fora a mão, e a parteira tomou e atou na mão dele uma fita encarnada, dizendo: Este saiu primeiro. 29 Mas, recolhendo ele a mão, saiu seu irmão; e ela disse: Por que fizeste para ti uma rotura? Portanto, foi chamado Gn 46.12;Rt 4.12Perez. 30 Depois, saiu seu irmão, em cuja mão estava a fita encarnada; e foi chamado Zera.