1 ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့ သွားလော့။တ၊ ၇:၂-၃၊ဟေဗြဲ၊ ၁၁:၈။2 ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။ 3 သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ဂလ၊ ၃:၈။4 ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ 5 အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကိုလည်းကောင်း၊ ခါရန်မြို့၌ရသော လူတို့ကိုလည်းကောင်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ရောက်ခြင်းငှာ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
6 အာဗြံသည် ထိုပြည်ကိုလျှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏။ 7 ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဖို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။တ၊ ၇:၅၊ဂလ၊ ၃:၁၆။
8 ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ 9 အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ရောက်လေ၏။
10 ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခိုခြင်းငှာ သွားလေ၏။ 11 အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသောမိန်းမဖြစ်သည်ကိုငါသိ၏။ 12 အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။ 13 သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကိုပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်ဟု ဆို၏။က၊ ၂၀:၂၊၂၆:၇။
14 အာဗြံသည် အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည်မြင်ကြ၏။ 15 ဖာရောဘုရင်၏မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။ 16 ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။ 17 ထာဝရဘုရားသည်၊ အာဗြံ၏မယားစာရဲအတွက်ကြောင့်၊ ဖာရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။ 18 ဖာရောဘုရင်သည်လည်းအာဗြံကိုခေါ်၍၊ သင်သည်ငါ၌ပြုသောအမှုကား အဘယ်သို့နည်း။ သူသည်သင်၏မယားဖြစ်ကြောင်းကို၊ ငါအားအဘယ်ကြောင့် မပြောသနည်း။ 19 ငါသည် သူ့ကိုသိမ်းပိုက်စေခြင်းငှာ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။ 20 ထိုသို့အာဗြံအမှုကိုစီရင်၍၊ မိမိလူတို့အားမှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသောဥစ္စာနှင့်တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။
1 Ora, disse At 7.3;Hb 11.8Jeová a Abrão: Sai-te da tua terra, da tua parentela e da casa de teu pai para a terra que te mostrarei; 2 Gn 17.4-5;18.18farei de ti uma grande nação, e te Gn 22.17abençoarei, e engrandecerei o teu nome. Zc 8.13Sê tu uma bênção. 3 Gn 27.29Abençoarei os que te abençoarem e amaldiçoarei aquele que te amaldiçoar; At 3.25;Gl 3.8por meio de ti, serão benditas todas as famílias da terra. 4 Partiu, pois, Abrão, como Jeová lhe ordenara, e Gn 11.27,31foi com ele Ló; tinha Abrão setenta e cinco anos quando saiu de Harã. 5 Abrão levou consigo a Sarai, sua mulher, e a Ló, filho de seu irmão, e todos os Gn 13.6bens que tinham adquirido, e as Gn 14.14;Lv 22.11almas que lhes acresceram em Harã; saíram para ir à terra de Canaã; e lá chegaram. 6 Atravessou Abrão a terra até o lugar de Gn 35.4;Dt 11.30Siquém, até o terebinto de Moré. Nesse tempo, estavam os cananeus na terra. 7 Gn 17.1;18.1Apareceu Jeová a Abrão e disse: Gn 13.15;15.18;Gl 3.16À tua semente darei esta terra. Ali, edificou Abrão Gn 13.18;22.9um altar a Jeová, que lhe aparecera. 8 Passando dali para o monte ao oriente de Betel, levantou a sua tenda, ficando-lhe Js 8.9,12Betel ao ocidente, e Ai, ao oriente; ali, edificou um altar a Jeová e Gn 4.26;21.33invocou o nome de Jeová. 9 Continuou Abrão o seu caminho, indo sempre para o Gn 13.1,3;20.1;24.62Neguebe.
10 Havia fome naquela terra; Abrão, pois, desceu ao Egito para peregrinar ali, porquanto era grande a fome na terra. 11 Quando ele estava quase a entrar no Egito, disse a Sarai, sua mulher: Ora, bem sei que és Gn 26.7;29.17mulher formosa à vista. 12 Gn 20.11Acontecerá que, quando os egípcios te virem, hão de dizer: Esta é a mulher dele, e me matarão a mim, mas a ti te guardarão em vida. 13 Dize, pois, que és minha Gn 20.2,5,12irmã; para que me vá bem por tua causa, e para que viva Jr 38.17,20a minha alma em atenção a ti. 14 Tendo Abrão entrado no Egito, viram os egípcios que a mulher era em extremo formosa. 15 Os príncipes de Faraó viram-na e gabaram-na diante de Faraó; e Gn 20.2foi levada a mulher para a casa de Faraó. 16 Ele Gn 20.14tratou bem a Abrão por amor dela; e Gn 13.2este veio a ter ovelhas, bois, jumentos, servos, servas, jumentas e camelos. 17 Mas Sl 105.14feriu Jeová a Faraó e a sua casa com grandes pragas por causa de Sarai, mulher de Abrão. 18 Então, chamou Faraó a Abrão e disse: Gn 20.9-10Que é isso que me fizeste? Por que não me disseste que ela era tua mulher? 19 Por que disseste: É minha irmã? Assim a tomei para ser minha mulher. Agora, pois, eis tua mulher; toma-a e vai-te. 20 Faraó deu ordens à sua gente a respeito dele, e o conduziram pelo caminho, a ele, sua mulher e tudo o que tinha.