1 ယာကုပ်၏မယား၊ လေအာဖွားမြင်သောသမီးဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှုသွားရာတွင်၊ 2 ထိုပြည်ကိုအစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍အိပ်ဖော်ပြုလျက်၊ သူ့အသရေကိုရှုတ်ချလေ၏။ 3 နောက်မှ သူ့ကိုချစ်သောစိတ်မကုန်၊ အမြဲချစ်၍၊ မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏။ 4 ခမည်းတော်ဟာမော်ထံသို့လည်းဝင်၍၊ ဤမိန်းမကို အကျွန်ုပ်ကြင်ဖက်ဖြစ်စေခြင်းငှာ၊ တောင်း၍ပေးတော်မူပါဟု လျှောက်ဆို၏။ 5 ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသားရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ကိုငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။ 6 ထိုနောက်၊ ရှေခင်အဘဟာမော်မင်းသည် ယာကုပ်နှင့် နှုတ်ဆက်ခြင်းငှာလာ၍၊ 7 ယာကုပ်၏သားတို့လည်း သတင်းကြားသောအခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့်အိပ်မိ၍၊ ဣသရေလအမျိုး၌မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည်စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။ 8 ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစားကြပါလော့။ 9 သင်တို့သည် ငါတို့နှင့်အချင်းချင်းထိမ်းမြားခြင်းကိုပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီးနှင့်လည်း စုံဖက်ကြလော့။ 10 သင်တို့သည်ငါတို့နှင့်အတူနေ၍၊ ဤပြည်၌အဆီးအတားမရှိ၊ နေရာချလျက်၊ ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍၊ အပိုင်ယူကြလော့ဟုဆိုလေ၏။ 11 ရှေခင်ကလည်း၊ သင်တို့စိတ်နှင့် တွေ့ကြပါစေ။ တောင်းသမျှကိုပေးပါမည်။ 12 ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည်အတိုင်းပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။
13 ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့်အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊ 14 ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဖွယ်သောအကြောင်းဖြစ်ပါ၏။ 15 သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံလျှင်၊ ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။ 16 သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အားပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဖက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တစ်မျိုးတည်းဖြစ်ကြလိမ့်မည်။ 17 သို့မဟုတ် ကျွန်ုပ်တို့စကားကိုနားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။ 18 ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင်သည်နှစ်သက်၍၊ 19 ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အားကြီးသောကြောင့်လည်းကောင်း၊ အဘ၏ အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိသောကြောင့်လည်းကောင်း၊ ချက်ချင်းဝန်ခံလေ၏။
20 ထိုအခါ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်သည်၊ မိမိမြို့တံခါးသို့သွား၍၊ မြို့သားတို့နှင့်နှုတ်ဆက်လျက်၊ 21 အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့်ကြပြီ။ ငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဖက်ပြုကြစို့။ ငါတို့သမီးများကိုလည်း သူတို့အားထိမ်းမြားပေးစားကြစို့။ 22 သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံမှသာ၊ ထိုလူတို့သည်ငါတို့တွင်နေ၍ တစ်မျိုးတည်းဖြစ်စေခြင်းငှာ ဝန်ခံကြလိမ့်မည်။ 23 သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့အလိုသို့ လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင်နေကြလိမ့်မည်ဟု၊ 24 ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသောစကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည်နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီးမင်္ဂလာကိုခံကြ၏။
25 ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ဓားလက်နက် တစ်ယောက်တစ်စင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ 26 ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ဓားလက်နက်ဖြင့်သတ်ပြီးလျှင်၊ ဒိနကိုရှေခင်အိမ်မှနုတ်ယူ၍ ပြန်သွားကြ၏။ 27 မိမိတို့နှမရှုတ်ချခြင်းကိုခံရသောကြောင့်၊ တစ်ဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊ 28 သူတို့ သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကိုလည်းကောင်း၊ 29 သူတို့သားမယား၊ သူငယ်အပေါင်းကိုလည်းကောင်းသိမ်းယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။ 30 ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကိုညှဉ်းဆဲကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင်ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက်အားနည်းသောကြောင့်၊ သူတို့သည်စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူအိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အားဆိုလေသော်၊ 31 သူတို့က၊ ငါတို့နှမကိုပြည့်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။
1 Gn 30.21Diná, filha de Lia, a quem esta deu à luz a Jacó, saiu para ver as filhas da terra. 2 Viu-a Siquém, filho de Hamor, Gn 34.30o heveu, príncipe daquela terra; e, tomando-a, deitou-se com ela e humilhou-a. 3 Apegou-se a sua alma a Diná, filha de Jacó, e amou a donzela, e falou-lhe carinhosamente. 4 Então, disse Siquém a seu pai Hamor: Consegue-me esta donzela por mulher. 5 Ora, Jacó soube que Siquém tinha contaminado a Diná, sua filha. Estavam seus filhos no campo com o gado; calou-se, pois, até que voltassem. 6 Hamor, pai de Siquém, saiu a fim de falar com Jacó. 7 Os filhos de Jacó vieram do campo, logo que o souberam; entristeceram-se e iraram-se muito porque Siquém havia cometido Dt 22.21;Jz 20.6;2Sm 13.12uma insensatez em Israel, deitando-se com a filha de Jacó, coisa que não se devia fazer. 8 Disse-lhes Hamor: A alma de meu filho Siquém afeiçoou-se fortemente a vossa filha; rogo-vos que lha deis por mulher. 9 Aparentai-vos conosco; dai-nos vossas filhas e recebei as nossas. 10 Habitareis conosco, a Gn 13.9;20.15terra estará diante de vós; habitai, e negociai nela, e nela tende possessões. 11 Siquém também disse ao pai e aos irmãos dela: Ache eu graça aos vossos olhos e dar-vos-ei o que me disserdes. 12 Aumentai muito o dote e as dádivas, e darei tudo o que me disserdes; dai-me somente esta donzela por mulher. 13 Então, os filhos de Jacó, porque Siquém havia contaminado a sua irmã Diná, responderam com dolo a Siquém e a seu pai Hamor 14 e lhes disseram: Não podemos fazer isso, dar nossa irmã a Gn 17.14um homem incircunciso; porque isso seria uma vergonha para nós. 15 Sob uma única condição, consentiremos; se vos tornardes como nós, circuncidando-se todo o macho entre vós, 16 então, vos daremos nossas filhas a vós, receberemos vossas filhas para nós, e habitaremos convosco e seremos um só povo. 17 Porém, se não nos ouvirdes para serdes circuncidados, então, levaremos nossa filha e nos iremos embora.
18 Suas palavras agradaram a Hamor e a Siquém, seu filho. 19 Não tardou o mancebo em fazer isto, porque se agradava da filha de Jacó: e era o mais honrado de toda a casa de seu pai. 20 Vieram Hamor e seu filho Siquém à porta da sua cidade e disseram aos homens da cidade: 21 Estes homens são para conosco pacíficos, portanto, habitem na terra e negociem nela. A terra é bastante larga para contê-los; recebamos por mulheres suas filhas e demos-lhes as nossas. 22 Sob uma única condição, consentirão os homens em habitar conosco, tornando-se um só povo — se todo o homem entre nós for circuncidado, como eles o são. 23 O seu gado, as suas possessões e todos os seus animais não serão nossos? Somente consintamos com eles nisso, e habitarão conosco. 24 Escutaram a Hamor e a seu filho Siquém Gn 23.10todos os que saíam da porta da sua cidade; e foi circuncidado todo homem, todos os que saíam da porta da sua cidade. 25 Ao terceiro dia quando os homens estavam sentindo dores, dois filhos de Jacó, Gn 49.5-7Simeão e Levi, irmãos de Diná, tomaram cada um a sua espada, foram à cidade que se achava em segurança e mataram a todos os homens. 26 Mataram também, ao fio da espada, a Hamor e a Siquém, seu filho, e, tirando a Diná da casa de Siquém, saíram. 27 Os filhos de Jacó vieram aos mortos e saquearam a cidade, porque havia sido contaminada a sua irmã. 28 Levaram-lhes os rebanhos, os bois, os jumentos e o que havia na cidade e no campo; 29 todos os seus bens, e todos os seus pequeninos, e suas mulheres levaram cativos e despojaram-nos, sim, levaram tudo o que havia nas casas. 30 Então, disse Jacó a Simeão e a Levi: Tendes-me perturbado, Êx 5.21;2Sm 10.6fazendo-me odioso aos habitantes da terra, entre os Gn 13.7;34.2cananeus e perezeus. Gn 46.26-27;1Cr 16.19Tendo eu pouca gente, reunir-se-ão e me ferirão a mim; e serei destruído, eu e minha casa. 31 Responderam: Devia ele tratar a nossa irmã como a uma prostituta?