1 အာဗြံ၏မယားစာရဲ၌ သားဖွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတစ်ယောက်ရှိသည်ဖြစ်၍၊ 2 စာရဲက၊ အကျွန်ုပ်အားသားဖွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။ 3 ထိုသို့အာဗြံသည် ခါနာန်ပြည်၌ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တုပြည်သူဟာဂရကိုယူ၍၊ မိမိခင်ပွန်းအာဗြံသိမ်းပိုက်စေဖို့ အပ်နှင်းလေ၏။ 4 အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ 5 စာရဲကလည်း အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေသောဟု၊ အာဗြံအားဆိုလေ၏။ 6 အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှပြုပါလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကိုညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှထွက်ပြေးလေ၏။
7 ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့လျှင်၊ 8 စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှပြေးလာပါသည်ဟု ဆိုလေ၏။ 9 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကိုခံလော့ဟု အမိန့်ရှိ၏။ 10 တစ်ဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန်များပြားစေမည်ဟူ၍လည်းကောင်း၊ 11 သင်သည်ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။ 12 သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်းလူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကိုအပေါင်းတို့၏အပါး၌ နေရလိမ့်မည်ဟူ၍လည်းကောင်း မြွက်ဆိုလေ၏။ 13 ထိုသို့မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလရော ဟူသောအမည်ဖြင့်ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။ 14 ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟုသမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာရှိသတည်း။
15 ထိုနောက်၊ ဟာဂရသည်အာဗြံအား သားကိုဖွားမြင်၏။ အာဗြံလည်း ဟာဂရတွင်မြင်သောသားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။ 16 အာဗြံသည်၊ သားဣရှမေလကို ဟာဂရဖွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။
1 Ora, Gn 11.30Sarai, mulher de Abrão, não lhe dava filhos; mas tinha uma serva Gn 12.16egípcia, que se chamava Agar. 2 Disse Sarai a Abrão: Eis que Jeová me tem impedido de ter filhos; Gn 30.3-4,9-10toma, pois, a minha serva; porventura, terei filhos por meio dela. Escutou Abrão a voz de Sarai. 3 Então, Sarai, mulher de Abrão, tomou a Agar, egípcia, sua serva, depois de Abrão ter habitado Gn 12.4dez anos na terra de Canaã, e a deu por mulher a seu marido. 4 Ele conheceu a Agar, e ela concebeu; vendo ela que tinha concebido, foi sua senhora desprezada aos seus olhos. 5 Disse Sarai a Abrão: Jr 51.35Seja sobre ti a afronta que me é feita a mim. Eu pus a minha serva no teu seio e, vendo ela que tinha concebido, eu fui desprezada aos seus olhos. Gn 31.53Jeová seja juiz entre mim e ti. 6 Respondeu, porém, Abrão a Sarai: Eis que Gn 16.9tua serva está em tuas mãos: faze-lhe como bem te parecer. E Sarai maltratou-a, e ela fugiu da sua face.
7 O Gn 21.17-18;22.11,15;31.11Anjo de Jeová achou-a junto a uma fonte de água no deserto, junto à fonte que está no caminho de Gn 20.1Sur. 8 Perguntou-lhe: Agar, serva de Sarai, Gn 3.9;1Rs 19.9,13donde vieste? E para onde vais? Respondeu ela: Da presença de Sarai, minha senhora, vou fugindo. 9 Disse-lhe o Anjo de Jeová: Volta para a tua senhora e humilha-te debaixo das suas mãos. 10 Disse-lhe mais o Anjo de Jeová: Gn 17.20Multiplicarei sobremaneira a tua descendência, de modo que não será contada por ser tão numerosa. 11 Disse-lhe ainda mais o Anjo de Jeová: Eis que concebeste e darás à luz um filho, a quem chamarás Ismael, porque Êx 3.7,9Jeová ouviu a tua aflição. 12 Ele será como Jó 24.5;39.5-8um jumento selvagem entre os homens; a sua mão será contra todos, e a mão de todos, contra ele: Gn 25.18ao oriente de todos os seus irmãos habitará. 13 Então, chamou a Jeová, que lhe falava: Gn 32.30Tu és Deus que vê; pois ela disse: Não olhei eu neste lugar para aquele que me vê? 14 Pelo que se chamou o poço Beer-Laai-Roi; ele está entre Gn 14.7Cades e Berede.
15 Agar deu à luz Ismael a Abrão; e Abrão chamou Ismael o nome do filho que Agar lhe deu. 16 Tinha Abrão Gn 12.4;16.3oitenta e seis anos, quando Agar lhe deu à luz Ismael.