1 စာရာသည် အသက်တစ်ရာနှစ်ဆယ်ခုနစ်နှစ်ရှိ၏။ ထိုမျှလောက်အသက်ကြီးသော်၊ 2 ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယသာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။
3 အာဗြဟံသည် မိမိမယားအသေကောင်ရှေ့ကထ၍၊ ဟေသအမျိုးသားတို့အား၊ 4 ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။ဟေဗြဲ၊ ၁၁:၁၃၊တ၊ ၇:၁၆။5 ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နားထောင်ပါ။ 6 ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများတွင်ရွေး၍၊ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှာ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိသင်္ချိုင်းကိုမပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ၏။ 7 အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊ 8 ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်စေခြင်းငှာ သင်တို့အလိုရှိလျှင်၊ ငါ့စကားကို နားထောင်ကြပါလော့။ 9 သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှာ၊ ဇောဟာသားဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ရှိသော မပ္ပေလမြေတွင်းကို၊ အဖိုးထိုက်သမျှငွေနှင့် ငါ့အားရောင်းစေခြင်းငှာ၊ ငါ့အတွက်သူ့ကိုတောင်းပန်ကြပါလော့ဟု နှုတ်ဆက်၍ပြောဆို၏။ 10 ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ဝင်သောသူအပေါင်းတည်းဟူသော ဟေသအမျိုးသားပရိသတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။ 11 အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင်ပါ။ ထိုလယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းကိုလည်းကောင်း၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားများရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
12 အာဗြဟံသည်လည်း၊ ထိုပြည်သားများရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကိုနားထောင်ပါ။ 13 ထိုလယ်ပြင်အဖိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သားပရိသတ်တို့ရှေ့မှာ၊ ဧဖရုန်အားပြောဆို၏။ 14 ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။ 15 ထိုမြေသည် ငွေလေးပိဿာအဖိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။ 16 အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန်အဖိုးဖြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။ 17 ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသောဧဖရုန်၏လယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းနှင့် သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကိုလည်းကောင်း၊ 18 ဟေသအမျိုးသားပရိသတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဖို့ လုံခြုံစွာအပ်ပေးလေ၏။
19 ထိုနောက်မှအာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ်ဖြစ်သတည်း။ 20 ထိုလယ်ပြင်နှင့် မြေတွင်းကို၊ အာဗြဟံပိုင်ထိုက်သော သင်္ချိုင်းဖြစ်စေခြင်းငှာ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာအပ်ပေးကြ၏။
1 Foi a vida de Sara cento e vinte e sete anos; estes foram os anos da vida de Sara. 2 Morrendo Sara em Js 14.15;15.13;21.11Quiriate-Arba, que é Hebrom, na terra de Canaã, veio Abraão para carpi-la e chorar por ela. 3 Depois de se levantar de diante da sua falecida mulher, disse aos filhos de Gn 10.15;15.20Hete: 4 Lv 25.23;1Cr 29.15;Sl 39.12;Hb 11.9,13Peregrino e forasteiro sou entre vós. Dai-me entre vós a posse dum lugar de sepultura, para que eu sepulte o meu defunto de diante da minha face. 5 Responderam-lhe os filhos de Hete: 6 Ouve-nos, meu senhor. Tu és Gn 14.14;20.7príncipe de Deus entre nós; enterra na melhor de nossas sepulturas o teu defunto; nenhum de nós te vedará a sua sepultura, para enterrares o teu defunto. 7 Levantou-se Abraão e fez reverência ao povo da terra, aos filhos de Hete. 8 Falou com eles, dizendo: Se é do vosso agrado que eu sepulte o meu defunto de diante da minha face, ouvi-me e intercedei por mim junto a Gn 25.9Efrom, filho de Zoar, 9 para que ele me dê a cova de Macpela, que tem no fim do seu campo; que ma dê pelo preço justo para uma posse entre vós de um lugar de sepultura. 10 Ora, Efrom estava sentado no meio dos filhos de Hete; respondeu Efrom, o heteu, a Abraão, ouvindo-o os filhos de Hete, a saber, Gn 23.18;34.20,24;Rt 4.1,11todos os que entravam pela porta da sua cidade: 11 De nenhuma sorte, meu senhor, ouve-me. O campo te dou, também te dou a cova que nele está; na presença dos filhos do meu povo, te dou; sepulta o teu defunto. 12 Abraão fez uma reverência diante do povo da terra. 13 E disse a Efrom, aos ouvidos do povo da terra: Mas, se te agrada, ouve-me. Darei o preço do campo; toma-o de mim, e ali sepultarei o meu defunto. 14 Respondeu-lhe Efrom: 15 Meu senhor, ouve-me. Um terreno que vale quatrocentos Êx 30.13siclos de prata! Que é isso entre mim e ti? Sepulta ali o teu defunto. 16 Abraão ouviu a Efrom; e 2Sm 14.26;Jr 32.9;Zc 11.12pesou-lhe a prata de que este tinha falado aos ouvidos dos filhos de Hete, quatrocentos siclos de prata, moeda corrente entre os mercadores.
17 Assim, Gn 25.9;49.29-30;50.13o campo de Efrom, que estava em Macpela, em frente de Manre, o campo e a cova que nele havia e todas as árvores que no campo havia, por todos os seus limites ao redor, se confirmaram 18 a Abraão como posse Gn 23.10na presença dos filhos de Hete, a saber, de todos os que entravam pela porta da sua cidade. 19 Depois, sepultou Abraão a Sara, sua mulher, na cova do campo de Macpela, em frente de Manre (esta é Hebrom), na terra de Canaã. 20 Assim, o campo e a cova que nele estava foram confirmados a Abraão pelos filhos de Hete, para posse de um lugar de sepultura.