1 ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအားထင်ရှားတော်မူသည် အကြောင်းအရာဟူမူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ထိုင်လျက်၊ 2 မျှော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကိုမြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွှတ်ချလျက်၊ဟေဗြဲ၊ ၁၃:၂။3 အကျွန်ုပ်သခင်၊ ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှ လွန်၍မသွားပါနှင့်။ 4 ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌လျောင်းနေကြပါလော့။ 5 မုန့်အနည်းငယ်ကိုလည်းယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကိုခံစေခြင်းငှာ၊ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်းပြုပါလော့ဟု ဆိုကြ၏။ 6 အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍ နယ်ပါ။ ပေါင်မုန့်ကိုလုပ်ပါဟုဆိုလေ၏။ 7 တစ်ဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သောနွားသငယ်ကိုယူခဲ့၍၊ လုလင်၌အပ်သဖြင့် မြန်မြန်ပြင်ဆင်စေ၏။ 8 ထိုနောက်၊ နို့နှင့် နို့ဓမ်းကိုလည်းကောင်း၊ ပြင်ဆင်သော နွားသငယ်ကိုလည်းကောင်းယူ၍၊ ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည်စားကြ၏။ 9 ပြီးသောအခါ၊ သင်၏မယားစာရာသည် အဘယ်မှာရှိသနည်းဟုမေးကြလျှင်၊ တဲအတွင်း၌ရှိပါသည်ဟု ပြန်ပြော၏။ 10 ထိုသူတို့တွင် တစ်ပါးကလည်း၊ ဖွားချိန်စေ့သောအခါ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါ သင်၏မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ၏နောက်၌ တံခါးဝအနားမှာ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။ရော၊ ၉:၉။11 ထိုအခါ အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲရှိသည်အတိုင်း မရောက်ပြီ။ 12 ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလျက်၊ တိတ်ဆိတ်စွာရယ်လေ၏။၂ ပေ၊ ၃:၆။13 သင်၏မယားစာရာက၊ အကယ်၍ ငါသည်အိုပြီးမှ၊ သားကိုဖွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ်ကြောင့် ရယ်သနည်း။ 14 ထာဝရဘုရားမတတ်နိုင်သောအမှု တစ်စုံတစ်ခုရှိသလော။ ချိန်းချက်သော ဖွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။လု၊ ၁:၃၇။15 စာရာကလည်း၊ ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟု မိန့်တော်မူ၏။
16 ထိုလူတို့သည် ထိုအရပ်ကထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက်သွားကြ၏။ အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းငှာ လိုက်လေ၏။ 17 ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဖော်မပြဘဲ ဝှက်ထားရမည်လော။ 18 အာဗြဟံသည်ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသောလူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့်ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ 19 အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့လိုက်၍၊ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။ 20 တစ်ဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သောအသံသည်ကြီး၍၊ အလွန်အပြစ်လေးသောကြောင့်၊ 21 ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။ 22 ထိုသူတို့သည် ထိုအရပ်မှမျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
23 ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ 24 ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ 25 ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော်မူသောသခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျှောက်ဆို၏။ 26 ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူငါးဆယ်ကိုငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကိုငါနှမြောမည်ဟု မိန့်တော်မူ၏။ 27 တစ်ဖန်အာဗြဟံက၊ အကျွန်ုပ်သည်မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏။ 28 ဖြောင့်မတ်သောသူငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သောအတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌လေးဆယ့်ငါးယောက်ကိုငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။ 29 တစ်ဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။ 30 တစ်ဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ်လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။ 31 တစ်ဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခုလျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ 32 အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည်တစ်ကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ 33 ထာဝရဘုရားသည်၊ အာဗြဟံနှင့် နှုတ်ဆက်ခြင်းအမှုကုန်စင်ပြီးမှ၊ ကြွသွားတော်မူ၏။ အာဗြံဟံသည်လည်း မိမိနေရာအရပ်သို့ ပြန်လေ၏။
1 Apareceu Gn 12.7;17.1Jeová a Abraão junto aos Gn 13.18;14.13terebintos de Manre, quando ele estava sentado à entrada da tenda, no calor do dia. 2 Tendo ele levantado os olhos, olhou, e eis que três Gn 18.16,22;32.24;Js 5.13;Jz 13.6-11homens estavam de pé em frente dele; quando os viu, correu da entrada da tenda para os receber, prostrou-se em terra 3 e disse: Senhor meu, se tenho achado graça nos teus olhos, rogo-te que não passes de teu servo: 4 que seja trazida um pouco de água, Gn 19.2;24.32;43.24lavai os pés e reclinai-vos debaixo da árvore; 5 Jz 6.18-19;13.15-16trarei um bocado de pão, e confortai o vosso coração; depois, ireis adiante, pois, por isso chegastes ao vosso servo. Responderam: Faze assim como disseste. 6 Apressou-se Abraão em entrar na tenda a ter com Sara e disse: Amassa depressa três medidas de flor de farinha e faze pão assado ao borralho. 7 Correu Abraão ao gado, tomou um bezerro tenro e bom e deu-o ao criado, que se apressou em prepará-lo. 8 Então, tomou leite azedo, e leite fresco, e o bezerro que mandara preparar e pôs tudo diante deles. Ficou de pé ao lado deles debaixo da árvore, e eles comeram.
9 Eles lhe perguntaram: Onde está Sara, tua mulher? Respondeu ele: Ela está na tenda. 10 Disse um deles: Rm 9.9Certamente, voltarei a ti daqui a um ano; e Sara, tua mulher, terá um filho. Ouviu-o Sara à entrada da tenda, que estava atrás dele. 11 Ora, Gn 17.17Abraão e Sara eram já velhos e de idade avançada; e a Sara tinha cessado o costume das mulheres. 12 Assim, riu-se Sara consigo, dizendo: Terei prazer, depois de envelhecida, 1Pe 3.6sendo também velho o meu senhor? 13 Perguntou Jeová a Abraão: Porque se riu Sara, dizendo: É verdade que eu, que sou velha, darei à luz um filho? 14 Jr 32.17,27Há, porventura, alguma coisa que seja demasiadamente difícil a Jeová? Ao Gn 17.21;18.10tempo determinado, daqui a um ano, voltarei a ti, e Sara terá um filho. 15 Então, Sara, porque teve medo, o negou, dizendo: Não me ri. Mas ele disse: Não é assim; pois tu te riste.
16 Tendo-se levantado dali Gn 18.2,22;19.1os homens, olharam para Sodoma; e Abraão ia com eles para os encaminhar. 17 Gn 18.22,26,33Disse Jeová: Ocultarei eu a Abraão o que Gn 18.21;19.24faço; 18 visto que Abraão, certamente, virá a ser uma grande e poderosa nação, e por meio dele serão benditas Gl 3.8todas as nações da terra? 19 Porque o tenho Ne 9.7;Am 3.2conhecido, a fim de que ordene a seus filhos e a sua casa depois dele Gn 17.9que guardem o caminho de Jeová, para praticarem a justiça e o juízo; a fim de que Jeová faça vir sobre Gn 12.2-3Abraão o que a respeito dele tem falado. 20 Disse mais Jeová: Gn 19.13;Ez 16.49-50Em verdade, o clamor de Sodoma e Gomorra tem-se multiplicado, e o seu pecado tem-se agravado muito; 21 Gn 11.5;Êx 3.8descerei e verei se em tudo têm praticado segundo o seu clamor, que é chegado a mim; e, se assim não é, sabê-lo-ei.
22 Então, os Gn 18.16;19.1homens voltaram dali os seus rostos, e foram em direção a Sodoma; porém Abraão ficou ainda em pé diante de Gn 18.17Jeová. 23 Chegando-se Abraão, disse: Êx 23.7Hás de perder os justos com os ímpios? 24 Há, talvez, cinquenta justos dentro da cidade; destruirás e não pouparás o lugar por amor dos cinquenta justos que estão ali? 25 Longe de ti fazeres tal coisa, que mates Dt 1.16-17os justos com os ímpios, de sorte que sejam os justos como os ímpios; seja isto longe de ti: não fará justiça Dt 32.4o Juiz de toda a terra? 26 Respondeu Jeová: Se eu achar em Sodoma cinquenta justos dentro da cidade, perdoarei o lugar todo por amor deles. 27 Disse-lhe mais Abraão: Eis que tomei a liberdade de falar ao Senhor, ainda Gn 3.19;Jó 30.19;42.6que sou pó e cinza: 28 porventura, faltarão cinco para os cinquenta justos; destruirás toda a cidade porque lhe faltam estes cinco? Respondeu ele: Não a destruirei, se achar ali quarenta e cinco. 29 Disse-lhe ainda mais Abraão: Porventura, se acharão ali quarenta. Respondeu ele: Não o farei por amor dos quarenta. 30 Disse Abraão: Êx 32.22Não se ire o Senhor, e falarei; porventura, achar-se-ão ali trinta. Respondeu o Senhor: Não o farei, se eu achar ali trinta. 31 Disse Abraão: Eis que tomei a liberdade de falar ao Senhor; porventura, achar-se-ão ali vinte. Respondeu o Senhor: Não a destruirei por amor dos vinte. 32 Disse Abraão: Não se ire o Senhor, e ainda falarei somente esta vez; porventura, achar-se-ão ali dez. Respondeu o Senhor: Não a destruirei por amor dos dez. 33 Gn 17.22;35.13Foi-se Jeová logo que acabou de falar com Abraão; e Abraão voltou para o seu lugar.