1 အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။
2 မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏။
3 ၂ကော၊ ၄:၆ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ 4 ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ 5 အလင်းကို နေ့ဟူသောအမည်ဖြင့်လည်းကောင်း၊ မှောင်မိုက်ကို ညဟူသောအမည်ဖြင့်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဉ့်ဦးနှင့် နံနက်သည် ပထမနေ့ရက်ဖြစ်လေ၏။
6 တစ်ဖန်ဘုရားသခင်က ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ၊ ရေနှင့် ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ 7 မိုးမျက်နှာကြက်ကို ဘုရားသခင်ဖန်ဆင်းတော်မူ၍၊ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။ 8 ၂ပေ၊၃:၅။ မိုးမျက်နှာကြက်ကိုလည်း မိုးကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဉ့်ဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။
9 တစ်ဖန်ဘုရားသခင်က၊ မိုးကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ 10 ကုန်းကိုမြေဟူသောအမည်ဖြင့်လည်းကောင်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်လည်းကောင်း၊ ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
11 တစ်ဖန်ဘုရားသခင်က၊ မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ 12 မြေသည်မြက်ပင်ကိုလည်းကောင်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ၏။ 13 ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဉ့်ဦးနှင့်နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။
14 တစ်ဖန်ဘုရားသခင်က၊ နေ့နှင့်ညကို ပိုင်းခြားစေခြင်းငှာ မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်တည်စေ။ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဖို့ဖြစ်စေ။ 15 မိုးကောင်းကင်မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။
16 ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော၊ နေ့ကိုအုပ်စိုးရသောအကြီးတစ်လုံး၊ ညကိုအုပ်စိုးရသော အငယ်တစ်လုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊ 17 မြေကြီး၌ လင်းစေခြင်းငှာလည်းကောင်း၊ နေ့နှင့် ညကိုအုပ်စိုး၍ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာလည်းကောင်း၊ မိုးကောင်းကင်မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။ 18 ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ 19 ညဉ့်ဦးနှင့် နံနက်သည် စတုတ္ထနေ့ရက်ဖြစ်လေ၏။
20 တစ်ဖန်ဘုရားသခင်က၊ အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ 21 ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက်များပြားစွာ မွေးဖွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ပျံတတ်သောငှက်မျိုးအပေါင်းတို့ကိုလည်းကောင်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။ 22 ဘုရားသခင်ကလည်း၊ များပြားစွာ မွေးဖွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းချီးပေးတော်မူ၍၊ 23 ညဉ့်ဦးနှင့် နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ၏။
24 တစ်ဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကိုလည်းကောင်း၊ တွားတတ်သောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ သားရဲမျိုးတို့ကိုလည်းကောင်း၊ မွေးဖွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ 25 ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
26 ၁ကော၊ ၁၁:၇။ တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ 27 မ၊ ၁၉:၄။ မာ၊ ၁၀:၆။ ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ 28 က၊ ၅:၁-၂။ အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။
29 ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတစ်ပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာဖို့ ငါပေး၏။ 30 မြေသား၊ မိုးကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့စားစရာဖို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ၏။ 31 ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဉ့်ဦးနှင့် နံနက်သည် ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
1 Sl 102.25;Is 40.21;Jo 1.1-2No princípio, criou Sl 89.11;90.2;At 17.24Deus o Is 42.5;45.18céu e a terra. 2 A terra, porém, era Jr 4.23sem forma e vazia; havia Jó 38.9trevas sobre a face do abismo, mas Sl 104.30o Espírito de Deus Dt 32.11;Is 31.5pairava por cima das águas. 3 Sl 33.6,9;2Co 4.6Disse Deus: Haja luz; e houve luz. 4 Viu Deus a luz que era Sl 145.9-10boa e Is 45.7fez separação entre a luz e as trevas. 5 Chamou Sl 74.16Deus à luz Dia e às trevas chamou Noite. Sl 65.8Houve tarde e houve manhã, dia primeiro.
6 Disse também Deus: Faça-se um Is 40.22firmamento no meio das águas, e haja separação entre águas e águas. 7 Fez, pois, Deus o firmamento e dividiu Jó 38.8-11as águas que estavam debaixo do firmamento das águas que Sl 148.4estavam por cima do firmamento; e assim se fez. 8 Chamou Deus ao firmamento Céu. Houve tarde e houve manhã, dia segundo.
9 Disse também Deus: Sl 104.6-9;Jr 5.22;2Pe 3.5Ajuntem-se num só lugar as águas que estão debaixo do céu, e Sl 24.1-2;95.5apareça o elemento seco; e assim se fez. 10 Chamou Deus ao elemento seco Terra e ao Sl 33.7;146.6ajuntamento das águas, Mares; e viu Deus que isso era bom. 11 Disse também Deus: Produza a terra Sl 65.9-13;104.14relva, ervas que deem semente e árvores frutíferas que, segundo as suas espécies, deem fruto que tenha em si a sua semente, sobre a terra; e assim se fez. 12 A terra, pois, produziu relva, ervas que davam semente segundo as suas espécies, e árvores que davam fruto que tinha em si a sua semente, segundo as suas espécies; e viu Deus que isso era bom. 13 Houve tarde e houve manhã, dia terceiro.
14 Disse também Deus: Haja Sl 74.16;136.7luzeiros no Sl 19.1;150.1firmamento do céu que façam separação entre o dia e a noite; sejam eles para Jr 10.2sinais, e Sl 104.19para tempos determinados, e para dias e anos; 15 e sejam para luzeiros no firmamento do céu, a fim de alumiar a terra; e assim se fez. 16 Fez Deus os dois grandes luzeiros: Sl 136.8-9o luzeiro maior para presidir ao dia, e o luzeiro menor para presidir à noite; fez também as Jó 38.7;Sl 8.3;Is 40.26estrelas. 17 Jr 33.20,25Deus os colocou no firmamento do céu para alumiar a terra, 18 para presidir ao dia e à noite e para fazer separação entre a luz e as trevas; e viu Deus que isso era bom. 19 Houve tarde e houve manhã, dia quarto.
20 Disse também Deus: Produzam as águas enxames de seres viventes, e voem as aves acima da terra no firmamento do céu. 21 Criou, pois, Deus os Sl 104.25-28grandes monstros marinhos e todos os seres viventes que se arrastam, os quais as águas produziram abundantemente, segundo as suas espécies, e toda a ave que voa, segundo a sua espécie; e viu Deus que isso era bom. 22 Deus os abençoou, dizendo: Frutificai, multiplicai-vos e enchei as águas nos mares, e multipliquem-se as aves sobre a terra. 23 Houve tarde e houve manhã, dia quinto.
24 Gn 2.19Disse também Deus: Produza a terra seres viventes segundo as suas espécies: animais domésticos, répteis e animais selvagens segundo as suas espécies; e assim se fez. 25 Deus fez, pois, Gn 7.21-22;Jr 27.5os animais selvagens segundo as suas espécies, e os animais domésticos segundo as suas espécies, e todos os répteis da terra segundo as suas espécies; e viu Deus que isso era bom. 26 Disse também Deus: Gn 3.22;11.7;19.24Façamos o Gn 5.1;9.6homem à nossa imagem, conforme a nossa semelhança; Sl 8.6-8domine ele sobre os peixes do mar, sobre as aves do céu, sobre os animais domésticos, sobre toda a terra e sobre todo réptil que se arrasta sobre a terra. 27 Criou, pois, Deus o homem 1Co 11.7à sua imagem, à imagem de Deus o criou; Mt 19.4;Mc 10.6homem e mulher os criou. 28 Deus os abençoou e lhes disse: Gn 9.1,7;Sl 127.3,5Frutificai, multiplicai-vos, enchei a terra e sujeitai-a; dominai sobre os peixes do mar, sobre as aves do céu e sobre todos os animais que se arrastam sobre a terra. 29 Disse Deus mais: Eis Sl 104.14;136.25que vos tenho dado todas as ervas que dão semente, as quais se acham sobre a face de toda a terra, e todas as árvores em que há fruto que dê semente; ser-vos-ão para mantimento. 30 A Sl 145.15todos os animais selvagens, e a todas as aves do céu, e a tudo que se arrasta sobre a terra, em que há vida, tenho dado todas as ervas verdes para lhes servirem de mantimento; e assim se fez. 31 Viu Deus tudo quanto fizera, e eis que era muito Sl 104.24,28;119.68bom. Houve tarde e houve manhã, dia sexto.