1 ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူးပေါတိဖာထံမှာရောင်းကြ၏။ 2 ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌နေရလေ၏။တ၊ ၇:၉။3 သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။ 4 ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။ 5 ထိုသို့အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းချီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းချီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။ 6 သခင်သည် မိမိ၌ရှိသမျှကိုယောသပ်လက်သို့အပ်၍၊ မိမိစားသောအစာမှတစ်ပါး အခြားသောဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
7 ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ 8 ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါ။ 9 ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ 10 ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။ 11 တစ်နေ့သ၌ ယောသပ်သည်အမှုဆောင်ခြင်းငှာ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတစ်ယောက်မျှ မရှိသောအခါ၊ 12 သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။ 13 ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊ 14 အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှာ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်းငှာဝင်လာ၍ ငါသည်ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ 15 ကျယ်ကျယ်အော်ဟစ်သံကိုကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊ 16 သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကိုမိမိ၌ထားလေ၏။ 17 သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထားသော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှာဝင်လာပါ၏။ 18 ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ်သောအခါ၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးပါသည်ဟူသောစကားဖြင့် ကြားပြောလေ၏။ 19 ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကိုအမျက်ထွက်၍၊ 20 ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။ 21 သို့သော်လည်း ထာဝရဘုရားသည်သူ့ဘက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံမျက်နှာရစေတော်မူ၏။တ၊ ၇:၉။22 သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင်ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။ 23 ထိုနောက်ထောင်မှူးသည် ထောင်အမှုကိုကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည်ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။
1 José foi conduzido ao Egito; e Potifar, oficial de Faraó, capitão da guarda, varão egípcio, comprou-o das mãos dos Gn 37.25,28,36;Sl 105.17ismaelitas que o haviam conduzido para lá. 2 Gn 39.3,21,23Jeová era com José, e ele veio a ser próspero; e estava na casa do egípcio, seu senhor. 3 Gn 21.22;26.28Viu seu senhor que Jeová era com ele, e que tudo o que ele fazia Jeová Sl 1.3o tornou próspero em suas mãos. 4 Achou José graça aos olhos dele e servia-o; seu senhor fê-lo mordomo da sua casa e Gn 39.8,22tudo o que tinha pôs nas mãos de José. 5 Desde que o fez mordomo na sua casa e pô-lo sobre tudo o que tinha, Gn 30.27abençoou Jeová a casa do egípcio por amor de José; e Dt 28.3-4,11a bênção de Jeová estava sobre tudo o que tinha, tanto na casa como no campo. 6 Potifar deixou nas mãos de José tudo o que tinha; e não sabia nada do que estava com ele, a não ser o pão que comia. José era Gn 29.17formoso de porte e de semblante.
7 Aconteceu, depois destas coisas, que a Pv 7.15-20mulher do seu senhor pôs os olhos em José e lhe disse: Deita-te comigo. 8 Mas ele Pv 6.23-24recusou e disse à mulher do seu senhor: Meu senhor não sabe o que está comigo na sua casa e pôs tudo o que ele tem nas minhas mãos. 9 Ele Gn 41.40não é maior do que eu nesta casa; e não reteve coisa alguma de mim, senão a ti, porque és sua mulher: como, pois, posso cometer esta grande maldade e Gn 42.18;2Sm 12.13pecar contra Deus? 10 Falando ela a José todos os dias, ele não lhe dava ouvidos, para se deitar com ela e estar com ela. 11 Sucedeu, nestes dias, que entrou em casa para atender aos seus negócios; e não havia nenhum dos homens da casa lá dentro. 12 Então ela lhe pegou pelo vestido, dizendo: Deita-te comigo; mas ele, deixando o seu vestido nas mãos dela, fugiu e saiu para fora. 13 Quando ela viu que ele havia deixado o seu vestido nas mãos dela e havia fugido para fora, 14 chamou pelos homens da sua casa, e disse-lhes: Vede, introduziu meu marido a este hebreu para zombar de nós. Veio a mim para se deitar comigo, e gritei em alta voz; 15 ouvindo ele que eu levantava a voz e gritava, deixou o seu vestido comigo, fugiu e saiu para fora. 16 Ela guardou o vestido dele perto de si, até que o senhor dele voltou para casa. 17 Então, ela lhe falou do seguinte modo: O servo hebreu, que nos trouxeste, veio ter comigo para zombar de mim; 18 mas, quando eu levantava a voz e gritava, deixou o seu vestido comigo e fugiu para fora.
19 Tendo o seu senhor ouvido as palavras de sua mulher, que lhe falava, dizendo: Desta maneira me fez teu servo, então, se acendeu a sua ira. 20 O senhor de José o tomou e o Sl 105.18lançou no cárcere, no lugar em que os presos do rei estavam encarcerados; ali, esteve na prisão. 21 Gn 39.2;Sl 105.19;At 7.9Jeová, porém, era com José, mostrou-lhe a sua benignidade e deu-lhe graça aos olhos do carcereiro. 22 O carcereiro Gn 39.4entregou às mãos de José todos os presos que estavam no cárcere; e ele fazia tudo o que se fazia ali. 23 O Gn 39.3,8carcereiro não tinha cuidado de coisa alguma que estava na mão de José, porque Gn 39.2Jeová era com ele, e tudo o que ele fazia Gn 39.3Jeová tornava próspero.