1 တစ်ဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင်၊ 2 မျှော်ကြည့်၍ တောစ၌ ရေတွင်းတစ်ခုကိုမြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစုအိပ်လျက်ရှိ၏။ ရေတွင်းဝပေါ်မှာ ကြီးစွာသောကျောက်ရှိ၏။ 3 သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌စုဝေးသောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်၍၊ သိုးများကိုရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တစ်ဖန်တင်ထားလေ့ရှိ၏။ 4 ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊ ငါတို့သည် ခါရန်မြို့ကလာကြသည်ဟု ပြောဆိုလေ၏။ 5 တစ်ဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟုမေးလျှင်၊ သိ၏ဟုပြန်ဆိုသော်၊ 6 သူသည်မာပါ၏လောဟု တစ်ဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွလာလိမ့်မည်ဟု ဆိုကြလေ၏။ 7 ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။ 8 သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကိုရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟုပြန်ဆိုကြ၏။ 9 ထိုသို့တစ်ဦးနှင့် တစ်ဦးနှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည်ဖြစ်၍၊ သိုးတို့ကိုဆောင်လျက်လာ၏။ 10 ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏သိုးတို့ကို ရေတိုက်လေ၏။ 11 ထိုနောက်၊ ယာကုပ်သည် ရာခေလကိုနမ်း၍၊ ကျယ်သောအသံနှင့်ငိုလေ၏။ 12 မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္က၏သားဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအားပြန်ကြားလေ၏။ 13 လာဗန်သည် မိမိတူယာကုပ်၏ သတင်းစကားကိုကြားသောအခါ၊ ကြိုဆိုခြင်းငှာ အလျင်အမြန်သွား၍၊ ပိုက်ဖက်နမ်းရှုတ်လျက်၊ မိမိအိမ်သို့ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကိုကြားပြောလျှင်၊ 14 လာဗန်က၊ အကယ်စင်စစ် သင်သည်ငါ့အရိုးအသားပင်ဖြစ်၏ဟု ဆိုလေ၏။
15 ယာကုပ်သည် တစ်လခန့်မျှနေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ကျွန်ခံရပါမည်လော။ ခံလိုသောအခကို ငါ့အားပြောလော့ဟု ဆိုလေ၏။ 16 ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီးကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည်ရှိ၏။ 17 လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။ 18 ယာကုပ်သည် ရာခေလကိုချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှာ၊ ခုနစ်နှစ်အစေခံပါမည်ဟုဆိုလျှင်၊ 19 လာဗန်က၊ အခြားသောသူအား ပေးစားသည်ထက်၊ သင့်အားပေးစားသော် သာ၍ကောင်း၏။ ငါနှင့်အတူနေလော့ဟုဆို၏။ 20 ယာကုပ်သည်လည်း၊ ရာခေလကိုရခြင်းငှာ ခုနစ်နှစ်အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ထင်မှတ်သတည်း။
21 ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့်ဆက်ဆံဖို့ရာပေးစားပါဟု လာဗန်အားဆိုလျှင်၊ 22 လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်းတို့ကိုစည်းဝေးစေ၍ ပွဲလုပ်လေ၏။ 23,24 ညဉ့်ဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကိုသမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကိုဆောင်သွင်း၍၊ ယာကုပ်သည်သူနှင့်ဆက်ဆံလေ၏။ 25 နံနက်အချိန်ရောက်မှ ယာကုပ်သည်ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန်ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည်ရာခေလကိုရခြင်းငှာ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟုဆိုသော်၊ 26 လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကိုမပေးစားမီ၊ အငယ်ကိုမပေးစားရ။ 27 ခုနစ်ရက်စေ့အောင်ငံ့ဦးလော့။ နောက်တစ်ဖန် ခုနစ်နှစ်အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အားပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊ 28,29 ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကိုလက်ဖွဲ့လျက်၊ သမီးရာခေလကိုပေးစားလေ၏။ 30 ယာကုပ်သည် ရာခေလနှင့်ဆက်ဆံ၍၊ လေအာကိုချစ်သည်ထက်သာ၍ချစ်၏။ လာဗန်ထံမှာ တစ်ဖန်ခုနစ်နှစ်အစေခံလေ၏။
31 လေအာသည်အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ရာခေလမူကားမြုံ၏။ 32 လေအာသည်ပဋိသန္ဓေယူသဖြင့်၊ သားကိုဖွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန်ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့်မည်ဟု ဆိုသတည်း။ 33 တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုပြီးလျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့်မှည့်လေ၏။ 34 တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဖွားမြင်သောကြောင့်၊ ယခုတစ်ခါသူသည် ငါနှင့် ပေါင်းဖော်လိမ့်မည်ဟုဆို၍၊ ထိုသားကို လေဝိအမည်ဖြင့်မှည့်လေ၏။ 35 တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည်ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍မဖွားဘဲနေ၏။
1 Jacó pôs-se a caminho e chegou à terra Jz 6.3,33dos filhos do Oriente. 2 Olhou, e eis Gn 24.10-11;Êx 2.15-16um poço no campo, e três rebanhos de ovelhas deitadas junto dele; pois desse poço é que se dava de beber aos rebanhos. Era grande a pedra que tapava a boca do poço. 3 Ali se ajuntavam todos os rebanhos; e removiam os pastores a pedra da boca do poço, davam de beber às ovelhas e tornavam a pôr a pedra no seu lugar, sobre a boca do poço. 4 Perguntou-lhes Jacó: Irmãos meus, donde sois? Responderam eles: Somos Gn 28.10de Harã. 5 Perguntou-lhes: Conheceis a Labão, Gn 24.24,29filho de Naor? Responderam: Conhecemos. 6 Está ele bom? Continuou Jacó. Responderam: Está bom; Êx 2.16eis que Raquel, sua filha, vem vindo com as ovelhas. 7 Disse-lhes: É ainda muito dia, nem é tempo de se ajuntar o gado; dai de beber às ovelhas e ide apascentá-las. 8 Não o podemos, responderam eles, até que se ajuntem todos os rebanhos e seja removida a pedra da boca do poço; então, damos de beber às ovelhas. 9 Estando Jacó ainda falando com eles, veio Raquel com as ovelhas de seu pai; porque ela as apascentava. 10 Quando Jacó viu a Raquel, filha de Labão, irmão de sua mãe, chegou-se, removeu a pedra da boca do poço e deu de beber ao rebanho de Labão, irmão de sua mãe. 11 Então, Jacó beijou a Raquel e, levantando a voz, chorou. 12 Jacó contou a Raquel que ele era Gn 28.5irmão de seu pai e que era filho de Rebeca; e ela, Gn 24.28correndo, foi noticiá-lo a seu pai.
13 Tendo Gn 24.29-31Labão ouvido as novas de Jacó, filho de sua irmã, correu-lhe ao encontro, Gn 33.4abraçou-o, e beijou-o e levou-o à sua casa. Relatou Jacó a Labão todas estas coisas. 14 Disse-lhe Labão: Verdadeiramente, tu és Jz 9.2meu osso e minha carne. E Jacó ficou com ele por espaço de um mês. 15 Depois, perguntou Labão a Jacó: Acaso, porque és meu irmão, deves, portanto, servir-me de graça? Dize-me que será Gn 31.41o teu salário? 16 Ora, Labão tinha duas filhas: o nome da mais velha era Lia, e o da mais moça, Raquel. 17 Lia tinha os olhos tenros, mas Raquel Gn 12.11,14;26.7era formosa de porte e de semblante. 18 E Jacó Gn 24.67amava a Raquel e disse: Sete anos Os 12.12te servirei por ter a Raquel, tua filha mais moça. 19 Respondeu-lhe Labão: Melhor é que eu a dê a ti que a outro homem; fica comigo. 20 Assim, serviu Jacó sete anos por amor a Raquel; e estes lhe pareciam como poucos dias, por causa do amor que lhe votava.
21 Jacó disse a Labão: Dá-me minha mulher, pois os meus dias já se completaram, para que eu esteja com ela. 22 Reuniu, pois, Labão todos os homens do lugar e fez um banquete. 23 À tarde, tomou a Lia, sua filha, e trouxe-a a Jacó, que esteve com ela. 24 (Labão deu sua serva Zilpa por serva a Lia, sua filha). 25 Quando amanheceu, eis que era Lia; e perguntou Jacó a Labão: Gn 12.18;20.9;26.10Que é isso que me fizeste? Porventura, não te servi eu por amor de Raquel? Por que, então, 1Sm 28.12me enganaste? 26 Respondeu Labão: Não se faz assim em nossa terra, que se dê a mais moça antes da primogênita. 27 Jz 14.12Acabada a semana desta, depois te daremos também a outra pelo Gn 31.41trabalho de outros sete anos que ainda me servirás. 28 Assim fez Jacó e cumpriu a semana desta; Labão lhe deu por mulher Raquel, sua filha. 29 (Labão deu por serva a Raquel, sua filha, a sua serva Bila). 30 Jacó conheceu também a Raquel e Gn 29.17-18amava mais a Raquel do que a Lia; e serviu com Labão ainda outros sete anos.
31 Vendo Jeová que Lia era desprezada, fê-la fecunda; Raquel, porém, era estéril. 32 Concebeu Lia e deu à luz um filho, a quem chamou Rúben; pois disse: Porque Jeová Gn 16.11;31.42atendeu à minha aflição; por isso, agora, me amará meu marido. 33 Tendo concebido outra vez, deu à luz um filho; e disse: Porquanto soube Jeová que eu era desprezada, Dt 21.15portanto, me deu também este filho; e chamou-lhe Simeão. 34 Concebeu ainda outra vez e deu à luz um filho; e disse: Agora, esta vez se unirá meu marido a mim, porque lhe tenho dado três filhos; portanto, lhe chamou Gn 49.5Levi. 35 De novo concebeu e deu à luz um filho; e disse: Esta vez Gn 49.8;Mt 1.2louvarei a Jeová. Portanto, lhe chamou Judá; e cessou de dar à luz.