1 ထိုအခါ ယာကုပ်သည်မျှော်ကြည့်၍၊ အစ်ကိုဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများတို့ကိုဝေပေးလေ၏။ 2 ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့်ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌လည်းကောင်း၊ ရာခေလနှင့် ယောသပ်ကိုနောက်၌လည်းကောင်း ထားလေ၏။ 3 သူတို့ရှေ့မှာကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ်တိုင်အောင် ဦးညွှတ်ပျပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ချဉ်းကပ်လေ၏။ 4 ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှာပြေးလာ၍၊ လည်ချင်းယှက်လျက်၊ ပိုက်ဖက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။ 5 ထိုနောက်၊ မျှော်ကြည့်၍၊ မိန်းမများ၊ သူငယ်များကိုမြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ်သူနည်းဟုမေးသော်၊ ကိုယ်တော်၏ကျွန်အား၊ ဘုရားသခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟုပြန်ပြောပြီးမှ၊ 6 ကျွန်မတို့သည်၊ မိမိတို့သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ 7 ထိုနောက်၊ လေအာသည်သူ၏သားများနှင့်ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့်ရာခေလသည်ချဉ်းကပ်၍ ဦးညွှတ်ခြင်းကိုပြုကြ၏။ 8 ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စုအပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟုမေးလျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှာဖြစ်ပါသည်ဟု ပြန်ပြော၏။ 9 ဧသောကလည်း၊ ငါ့ညီ၊ ငါ၌လုံလောက်အောင်ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။ 10 ယာကုပ်ကလည်း၊ ထိုသို့မဆိုပါနှင့်။ စိတ်တော်နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သောလက်ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏မျက်နှာကို ဖူးမြင်ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။ 11 ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏မင်္ဂလာကို ခံယူတော်မူပါ။ ဘုရားသခင်သည်၊ ကျွန်တော်၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
12 ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာကျွန်ုပ်သွားမည်ဟုဆိုလျှင်၊ 13 ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ်တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမတို့သည်ကျွန်တော်၌ပါပါ၏။ တစ်နေ့ချင်းတွင် အနှင်လွန်လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။ 14 ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာစိရပြည်သို့ရောက်အောင်၊ တဖြည်းဖြည်းပို့ဆောင်ပါမည်ဟု လျှောက်လေ၏။ 15 ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ပါသောသူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်းရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊ 16 ဧသောသည်ထိုနေ့ချင်းတွင် စိရပြည်သို့ခရီးသွား၍ ပြန်လေ၏။
17 ယာကုပ်လည်း၊ သုကုတ်အရပ်သို့ခရီးသွား၍၊ ကိုယ်နေဖို့အိမ်ကိုလည်းကောင်း၊ တိရစ္ဆာန်များနေဖို့ တင်းကုပ်တို့ကိုလည်းကောင်း၊ ဆောက်လေ၏။ ထိုကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍တွင်လေသတည်း။
18 ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။ 19 တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတစ်ပိဿာအဖိုးပေး၍ ဝယ်ရသတည်း။ယောရှု၊ ၂၄:၃၂၊ယော၊ ၄:၅။20 ထိုအရပ်၌လည်း ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။
1 Levantando Jacó os olhos, olhou, e eis que vinha Gn 32.6Esaú, e com ele, quatrocentos homens. Repartiu, pois, os filhos entre Lia, Raquel e as duas servas. 2 Pôs as servas e seus filhos na frente, a Lia e a seus filhos, atrás destes, e a Raquel e a José, por últimos. 3 Ele mesmo passou adiante deles, e prostrou-se sete vezes, até chegar perto de seu irmão. 4 Correu-lhe Esaú ao encontro, deu-lhe um abraço, Gn 45.14-15lançou-se-lhe ao pescoço e o beijou; e eles choraram. 5 Levantando os olhos, viu as mulheres e meninos; e perguntou: Quem são estes? Respondeu-lhe Jacó: Gn 48.9Os meninos que Deus, na sua bondade, deu a teu servo. 6 Então, se chegaram as servas, elas e seus filhos, e prostraram-se em terra. 7 Chegaram-se também Lia e seus filhos e prostraram-se; depois, chegaram-se José e Raquel e prostraram-se. 8 Perguntou Esaú: Qual é a tua intenção em Gn 32.14-16todos estes bandos que encontrei? Respondeu Jacó: Para achar graça diante do meu senhor. 9 Mas Esaú disse: Gn 27.39-40Tenho bastante, meu irmão; fica com o que tens. 10 Replicou-lhe Jacó: Não recuses; se agora achei graça diante de ti, recebe o presente da minha mão; porque vi o teu rosto como quem vê o rosto de Deus; e tu te agradaste de mim. 11 Recebe o meu presente que eu te trouxe; Gn 30.43porque Deus tem sido bondoso para comigo, e porque tenho bastante. Insistiu com ele, e ele o recebeu. 12 Então, Esaú disse: Ponhamo-nos a caminho e vamo-nos, eu irei adiante de ti. 13 Respondeu-lhe Jacó: Meu senhor sabe que os meninos são tenros e que tenho de cuidar das ovelhas e das vacas que têm crias; se forem obrigadas a caminhar demais um só dia, morrerão todos os rebanhos. 14 Passe meu senhor adiante de seu servo; eu seguirei, guiando-as mansamente, conforme o passo do gado que está adiante de mim e conforme o passo dos meninos, até chegar à casa de meu senhor, em Gn 32.3Seir. 15 Respondeu Esaú: Permite que eu deixe contigo da gente que está comigo. Disse Jacó: Para quê? Que ache eu graça aos olhos de meu senhor. 16 Assim, voltou Esaú aquele dia seu caminho para Seir. 17 Jacó partiu para Jz 8.5,14;Sl 60.6Sucote, e edificou para si uma casa, e fez barracas para o seu gado; por isso, o lugar se chama Sucote.
18 Chegou Jacó são e salvo à cidade de Gn 12.6;Js 24.1;Jz 9.1Siquém, que está na terra de Canaã, quando voltou de Gn 25.20;28.2Padã-Arã; e armou a sua tenda diante da cidade. 19 A parte do campo em que armara a sua tenda, Js 24.32;Jo 4.5comprou-a ele dos filhos de Hamor, pai de Siquém, por cem peças de dinheiro. 20 Levantou ali um altar e chamou-lhe El-Elohe-Israel.