1 ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိအဘဣဇာက်၏ ဘုရားသခင်အားယဇ်ပူဇော်ခြင်းကို ပြုလေ၏။ 2 ညအခါဗျာဒိတ်တော်အားဖြင့် ဘုရားသခင်က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်ကအကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။ 3 ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ 4 အဲဂုတ္တုပြည်သို့ သင်နှင့်အတူငါသွားမည်။ တစ်ဖန်ငါဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာတင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
5 တစ်ဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဖို့ ဖာရောမင်းပေးလိုက်သောလှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကိုဆောင်လျက်၊ 6 ခါနာန်ပြည်၌ရသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။တ၊ ၇:၁၅။7 ယာကုပ်သည်ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည်သို့ ဆောင်သွားလေ၏။
8 အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။ 9 ရုဗင်သား။ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ။ 10 ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သားရှောလ။ 11 လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။ 12 ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့် ဩနန်သည် ခါနာန်ပြည်၌သေသတည်း။ ဖာရက်သား၊ ဟေဇရုံနှင့် ဟာမုလ။ 13 ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။ 14 ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။ 15 ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဖွားသော သားတည်း။ သမီးဒိနနှင့်တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
16 ဂဒ်သား။ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။ 17 အာရှာသား။ ယိမန။ ဣရွှာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။ 18 ဤသူတို့ကား၊ လာဗန်သည် သမီးလေအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဖွားသောသားတည်း။ ပေါင်းတစ်ဆယ်ခြောက်။
19 ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။ 20 အဲဂုတ္တုပြည်၌ ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသောသား၊ မနာရှေနှင့် ဧဖရိမ်။က၊ ၄၁:၅၀-၅၂။21 ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။ 22 ဤသူတို့ကား၊ ယာကုပ်မယားရာခေလဖွားသောသားတည်း။ ပေါင်းတစ်ဆယ်လေး။
23 ဒန်သား။ ဟုရှိမ်။ 24 နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။ 25 ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအားလက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဖွားသောသားတည်း။ ပေါင်းခုနစ်။ 26 ယာကုပ်ချွေးမများကိုမဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။ 27 အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သောသားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သောယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။တ၊ ၇:၁၄။
28 ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှာ ယုဒကိုအရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။ 29 ယောသပ်သည်ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှာ ဂေါရှင်ပြည်သို့သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကိုဖက်လျက် ကြာကြာငိုလေ၏။ 30 ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကိုငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး၏ဟု ယောသပ်အားဆိုလေ၏။ 31 ယောသပ်ကလည်း၊ ဖာရောမင်းထံသို့ ကျွန်ုပ်သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကိုများ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော်ထံသို့ ရောက်ကြပါပြီ။ 32 ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကိုမွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟုလျှောက်မည်။ 33 နောက်တစ်ခါ သင်တို့ကိုဖာရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊ 34 ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကိုမွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာနေသောအခွင့်ကို ရကြလိမ့်မည်။ သိုးထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ဟု အစ်ကိုများ၊ အဘ၏အိမ်သားများတို့ကို ပြောဆို၏။
1 Tendo Israel partido com tudo o que tinha, veio a Gn 28.10Berseba e ofereceu sacrifícios ao Gn 26.24;28.13Deus de seu pai Isaque. 2 Falou Nm 12.6;Jó 33.14-15Deus a Israel em visões de noite e disse: Gn 22.11;31.11Jacó, Jacó! Respondeu Jacó: Eis-me aqui. 3 Continuou Deus: Gn 17.1;28.13Eu sou Deus, o Deus de teu pai; não temas descer para o Egito; pois ali farei de ti uma grande nação. 4 Eu Gn 28.15descerei contigo para o Egito e Gn 50.24;Êx 3.8eu certamente te farei tornar a subir. Gn 50.1José porá as mãos sobre os teus olhos. 5 Jacó levantou-se de Berseba; e os filhos de Israel levaram seu pai Jacó, seus filhinhos e suas mulheres nos Gn 45.21carros que Faraó tinha enviado para o levar. 6 Tomaram o seu gado e os bens que haviam adquirido na terra de Canaã e At 7.15foram ao Egito, Jacó e toda a sua descendência. 7 Seus filhos, e os filhos de seus filhos, suas filhas, e as filhas de seus filhos e toda a sua descendência, levou-os consigo para o Egito.
8 São estes os nomes dos filhos de Israel, Jacó e seus filhos, que foram ao Egito: Rúben, primogênito de Jacó. 9 Os filhos de Rúben: Enoque, Palu, Hezrom e Carmi. 10 Os filhos de Simeão: Jemuel, Jamim, Oade, Jaquim, Zoar e Saul, filho de uma mulher cananeia. 11 Os filhos de Levi: Gérson, Coate e Merari. 12 Os filhos de Judá: Er, Onã, Selá, Perez e Zera; Er e Onã, porém, morreram na terra de Canaã. Os filhos de Perez eram: Hezrom e Hamul. 13 Os filhos de Issacar: Tola, Puva, Jó e Sinrom. 14 Os filhos de Zebulom: Serede, Elom e Jaleel. 15 Estes são os filhos de Lia, que ela deu à luz a Jacó em Padã-Arã, além de Diná, sua filha: todas as almas de seus filhos e de suas filhas eram trinta e três. 16 Os filhos de Gade: Zifiom, Hagi, Suni, Ezbom, Eri, Arodi e Areli. 17 Os filhos de Aser: Imna, Isvá, Isvi, Berias e Sera, irmã deles; e os filhos de Berias: Héber e Malquiel. 18 Estes são os filhos de Zilpa, a qual Labão deu a sua filha Lia; e estes deu ela à luz a Jacó, a saber, dezesseis almas. 19 Os filhos de Raquel, mulher de Jacó: José e Benjamim. 20 Nasceram a José na terra do Egito Manassés e Efraim, os quais lhe deu à luz Azenate, filha de Potífera, sacerdote de Om. 21 Os filhos de Benjamim: Bela, Bequer, Asbel, Gera, Naamã, Eí, Rôs, Mupim, Hupim e Arde. 22 Estes são os filhos de Raquel, que nasceram a Jacó: todas as almas eram quatorze. 23 O filho de Dã: Husim. 24 Os filhos de Naftali: Jazeel, Guni, Jezer e Silém. 25 Estes são os filhos de Bila, a qual Labão deu a sua filha Raquel, e estes deu ela à luz a Jacó: todas as almas eram sete. 26 Todas as almas que vieram com Jacó ao Egito, e que saíram da sua coxa, não contando as mulheres dos filhos de Jacó, todas as almas eram sessenta e seis; 27 e os filhos de José, que lhe nasceram no Egito, eram duas almas; Êx 1.5;Dt 10.22;At 7.14todas as almas da casa de Jacó, que vieram ao Egito, eram setenta.
28 Jacó enviou a Judá adiante de si a José, para o encaminhar a Gn 45.10Gósen; e chegaram à terra de Gósen. 29 José mandou aprontar o seu carro e subiu ao encontro de Israel, seu pai, a Gósen; e, tendo-se-lhe apresentado, lançou-se-lhe ao pescoço e ali Gn 45.14-15chorou muito tempo. 30 Disse Israel a José: Morra eu agora, pois tenho visto o teu rosto, que ainda vives. 31 Disse José a seus irmãos e à casa de seu pai: Gn 47.1Subirei, darei notícia a Faraó e lhe direi: Meus irmãos e a casa de meu pai, que estavam na terra de Canaã, vieram para mim. 32 Os homens são pastores, pois se têm ocupado em apascentar gado; e trouxeram os seus rebanhos, o seu gado e tudo o que têm. 33 Quando, pois, Faraó vos chamar e vos perguntar: Que ocupação é a vossa? 34 Os teus servos, temo-nos ocupado em apascentar gado desde a mocidade até agora, tanto nós Gn 13.7-8;26.20;37.2como nossos pais; assim respondereis para que habiteis na terra de Gn 45.10,18;47.6,11;Êx 8.26Gósen; porque todo o pastor de ovelhas é abominação para os egípcios.