1 အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့်တကွ မိမိတို့၌ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။ 2 ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်းအလွန်ရတတ်၏။ 3 တစ်ဖန်တောင်ပိုင်းမှခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်ကတဲကိုဆောက်၍၊ 4 ယဇ်ပလ္လင်ကိုတည်ခဲ့ဖူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ 5 အာဗြံနှင့်အတူလိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊ 6 ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှာ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည်တစ်ရပ်တည်းမနေနိုင်ကြ။ 7 အာဗြံ၏နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ 8 အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌လည်းကောင်း၊ ခိုက်ရန်မရှိပါစေနှင့်။ 9 မြေတစ်ပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော့။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည်လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည်ဟု ဆို၏။ 10 ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူမီ၊ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အဲဂုတ္တုပြည်ကဲ့သို့လည်းကောင်းဖြစ်သည်ကို၊ လောတမျှော်ကြည့်၍မြင်လျှင်၊က၊ ၂:၁၀။11 ယော်ဒန်ချိုင့်တစ်လျှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ပြောင်းသွားသဖြင့်၊ အချင်းချင်း တစ်ဦးနှင့် တစ်ဦးကွဲပြားကြ၏။ 12 အာဗြံသည် ခါနာန်ပြည်၌နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။ 13 သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
14 လောတသည် အာဗြံနှင့်ခွာ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့မျှော်ကြည့်လော့။ 15 သင်မြင်သော မြေတစ်ပြင်လုံးကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။တ၊ ၇:၅။16 သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကိုရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။ 17 သင်ထ၍မြေကို အလျားအားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း လျှောက်သွားလော့။ သင်အားငါပေးမည်ဟု မိန့်တော်မူ၏။ 18 တစ်ဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ရောက်မှ နေရာကျ၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
1 Saiu do Egito Abrão com sua mulher e com tudo o que tinha, e Ló, com ele, para o Gn 12.9Neguebe. 2 Abrão era muito rico em gado, em prata e em ouro. 3 Fez as suas jornadas do Neguebe até Betel, até o lugar onde primeiro estivera a sua tenda, Gn 12.8entre Betel e Ai, 4 até o lugar do altar, que dantes ali havia feito; ali, invocou Abrão o nome de Jeová. 5 Gn 12.5Ló também, que ia com Abrão, tinha rebanhos, gado e tendas. 6 Gn 36.7A terra não podia sustentá-los, de maneira que habitassem juntos, Gn 12.5,16;13.2porque eram muitos os seus bens; de modo que não podiam habitar juntos. 7 Houve Gn 26.20contenda entre os pastores do gado de Abrão e os pastores do gado de Ló; naquele tempo, habitavam Gn 12.6;15.19-21os cananeus e os ferezeus na terra. 8 Pv 15.18;20.3Disse Abrão a Ló: Não haja contenda entre mim e ti, e entre os meus pastores e os teus, porque somos irmãos. 9 Porventura, não está toda a terra diante de ti? Rogo-te que te apartes de mim: se tu fores para a esquerda, eu irei para a direita; porém, se tu fores para a direita, eu irei para a esquerda. 10 Ló levantou os olhos e viu toda a Gn 19.17-29;Dt 34.3planície do Jordão, e que era toda bem regada (antes de haver Jeová destruído Sodoma e Gomorra), como o Gn 2.8jardim de Jeová, como Gn 47.6a terra do Egito, até chegar a Gn 14.8;Dt 34.3Zoar. 11 Assim Ló escolheu para si toda a planície do Jordão e partiu para o oriente; apartaram-se um do outro. 12 Habitou Abrão na terra de Canaã, e Ló, nas Gn 14.2;19.24-25cidades da planície e foi armando a sua tenda até chegar a Sodoma. 13 Ora, os homens de Sodoma eram maus e Gn 39.9;Nm 32.23;2Pe 2.7-8grandes pecadores contra Jeová.
14 Disse Jeová a Abrão, depois que Ló se separou dele: Dt 3.27;34.1-4Levanta, agora, os olhos, e desde o lugar onde estás olha para o norte, para o sul, para o oriente e para o ocidente; 15 Gn 12.7porque toda essa terra que vês Gn 13.17;15.7-8;17.8te hei de dar a ti e à tua semente, para sempre. 16 Farei a tua semente Gn 16.10;28.14;Nm 23.10como o pó da terra; de maneira que se alguém poder contar o pó da terra, então, também poderá ser contada a tua semente. 17 Levanta-te, Nm 13.17-24percorre essa terra no seu comprimento e na sua largura: porque Gn 13.15a hei de dar a ti. 18 Abrão mudou a sua tenda e foi habitar perto dos terebintos de Gn 14.13Manre, que está em Hebrom, e ali edificou um Gn 8.20;12.7-8altar a Jeová.