1 သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ၏။ ဆံပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။ 2 သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တစ်ကောင်မျှမလျော့။ အမွှာသာ ဖွားတတ်ကြ၏။ 3 နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့် တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။ 4 လည်ပင်းသည်လည်း၊ သူရဲတို့သာ သုံးဆောင်တတ်သော ဒိုင်းလွှားတစ်ထောင် ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့်တူ၏။ 5 ရင်သားနှစ်ဖက်တို့သည် နှင်းတော၌ ကျက်စားသော ဒရယ်သငယ်အမွှာနှင့် တူကြ၏။ 6 မိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမီ၊ ငါသည်မုရန်တောင်နှင့် လောဗန်ကုန်းသို့ သွားမည်။ 7 ငါချစ်သောနှမ၊ သင်သည် အပြစ်တစ်စုံတစ်ခုမျှ မရှိ။ တစ်ကိုယ်လုံးလှပေ၏။
8 ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင်ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။ 9 ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏မျက်စိတစ်ကြည့်၊ လည်ပင်းတစ်လှည့်ဖြင့် ငါနှလုံးကို လုယူပြီ။ 10 ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန်ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူးသဖြင့် ကောင်းပေ၏။ သင်းထုံသော နံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။ 11 ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၏။ လျှာအောက်မှာ နို့နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်ကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။ 12 ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။ 13 သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ်သော သလဲတော၊ နာဒုပင်နှင့်ရောသော ဟင်္နာတော၊ 14 နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုး ပါကြ၏။ 15 ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်းရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်းပါသတည်း။
16 မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့လာကြပါ။ မွှေးကြိုင်သော အနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။
1 Ct 1.15Como és formosa, amada minha, como és formosa!
Os teus Ct 1.15;5.12olhos são como pombas Ct 6.7por detrás do teu véu:
Os teus Ct 6.5cabelos são como o rebanho das cabras,
Que repousam nos flancos do monte Mq 7.14Gileade.
2 Os teus Ct 6.6dentes são como o rebanho de ovelhas recém-tosquiadas,
Que sobem do lavadouro,
Das quais cada uma tem gêmeos,
E nenhuma delas é desfilhada.
3 Os teus lábios são como um Js 2.18fio de escarlate,
E a tua Ct 5.16boca é formosa.
Ct 6.7As fontes da tua cabeça são como um pedaço de romã,
Por detrás do teu véu.
4 Ct 7.4O teu pescoço é como a torre de Davi, edificada para Ne 3.19depósito de armas;
No qual Ez 27.10-11pendem mil broquéis, todos os 2Sm 1.21escudos dos poderosos.
5 Os teus Ct 7.3dois peitos são como duas crias gêmeas de uma veada,
E que se Ct 2.16;6.2-3apascentam entre as açucenas.
6 Ct 2.17Antes que refresque o dia e fujam as sombras,
Ir-me-ei à fonte da 4.14mirra e ao monte do incenso.
7 Tu és Ct 1.15toda formosa, amada minha,
E em ti não há mancha.
8 Vem comigo do 1Rs 4.33;Sl 72.16Líbano, Ct 5.1;Is 62.5noiva minha,
Vem comigo do Líbano.
Olha do cume de 2Rs 5.12Amana,
Do cume de Dt 3.9;1Cr 5.23;Ez 27.5Senir e de Hermom,
Dos covis dos leões,
Dos montes dos leopardos.
9 Enlevaste-me o coração, 4.10,12;Ct 5.1-2irmã minha, noiva minha,
Enlevaste-me o coração com um dos teus olhares,
Com um dos Gn 41.42;Pv 1.9;Ez 16.11;Dn 5.7colares do teu pescoço.
10 Ct 7.6Que lindo é o teu amor, irmã minha, noiva minha!
Quanto Ct 1.2,4melhor é o teu amor do que o vinho!
E melhor o Ct 1.3cheiro dos teus unguentos do que toda a sorte de especiarias!
11 Os teus lábios, noiva minha, Pv 5.3destilam como Sl 19.10;Pv 24.13favos de mel.
Mel e leite estão debaixo da tua língua;
E o cheiro dos teus vestidos é como Gn 27.27;Os 14.6cheiro do Líbano.
12 Um jardim fechado é minha irmã, minha noiva;
Um manancial fechado, uma Pv 5.15-18fonte Gn 29.3selada.
13 Os teus renovos são: um Ne 2.8;Ec 2.5pomar de Ct 6.11;7.12romãs, com 4.16;Ct 2.3;7.13frutos preciosos;
Ct 1.14A hena com as plantas do nardo;
14 Ct 1.12O nardo e o narciso,
Êx 30.23O cálamo e o cinamomo com todas as árvores do 4.6incenso;
Ct 3.6;Sl 45.8;Jo 19.39A mirra e o aloé com todas as principais especiarias.
15 És a fonte dos jardins,
O poço das Zc 14.8águas vivas,
E as torrentes que correm do Líbano.
16 Desperta-te, vento norte; e vem tu, vento sul;
Assopra no meu Ct 5.1;6.2jardim, e espalha os seus perfumes.
Entre Ct 1.13;2.3,8;6.2o meu amado no seu jardim,
E coma os seus 4.13frutos preciosos.