1 ဧဖရတ်မြို့သား ဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသော ဧလကာနအမည်ရှိသော သူတစ်ယောက်ရှိ၏။ 2 ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား၊ ဟန္န၊ တစ်ယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌မရှိ။ 3 ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကိုကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲရှိ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သားဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။
4 ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ၊ မယားပေနိန္နနှင့် သူ၏ သားသမီးအပေါင်းတို့အား ဝေမျှ၏။ 5 ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဖို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဖွားသောအခွင့်ကို ပေးတော်မမူ။ 6 ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့်၊ ဟန္နစိတ်ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက်တတ်၏။ 7 နှစ်စဉ်မပြတ် ထာဝရဘုရား၏ အိမ်တော်သို့ သွားသောအခါ၊ ရန်သူနှောင့်ယှက်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက်နေတတ်၏။ 8 သူ၏ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ကောင်းသည် မဟုတ်လောဟု ဆို၏။
9 ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော်တိုင်နားမှာ ထိုင်စဉ်၊ 10 ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည်ကား၊ 11 အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။တော၊ ၆:၅။12 ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏နှုတ်ကို ကြည့်မှတ်လေ၏။ 13 စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊ 14 သင်သည် အဘယ်မျှကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ဟု ဆို၏။ 15 ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ 16 ကိုယ်တော်၏ကျွန်မကို အဓမ္မမိန်းမ ဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်း များသည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိက၊ ငြိမ်ဝပ်စွာသွားလော့။ 17 ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။ 18 ဟန္နကလည်း၊ ကိုယ်တော်၏ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသောမျက်နှာနှင့် သွား၍ အစာစားလေ၏။
19 ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့်၊ 20 ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။ 21 ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသောယဇ်ကိုလည်းကောင်း၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာကိုလည်းကောင်း၊ ထာဝရဘုရားအားပူဇော်ခြင်းငှာ တက်သွားသောအခါ၊ 22 ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟု ဆိုလျှင်၊ 23 ခင်ပွန်းဧလကာနက၊ စိတ်ရှိသည် အတိုင်းပြုလော့။ နို့နှင့်မကွာမီတိုင်အောင် နေလော့။ ထာဝရဘုရား၏ ကတိတော်သာ တည်ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ်ကိုနို့တိုက်လျက် နို့မကွာမီတိုင်အောင် မသွားဘဲနေ၏။ 24 နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတစ်ကောင်၊ မုန့်ညက် တစ်ဧဖာ၊ စပျစ်ရည်တစ်ဘူးနှင့်တကွ သူငယ်ကိုဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။ 25 နွားကိုသတ်၍ သူငယ်ကို ဧလိထံသို့သွင်းလျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊ 26 ကိုယ်တော် အသက်ရှင်သည်အတိုင်း၊ ကျွန်မသည် ယမန်တစ်ခါ ဤအရပ်၌ ကိုယ်တော်အနားမှာရပ်လျက် ဆုတောင်းသောမိန်းမ ဖြစ်ပါ၏။ 27 ထိုအခါ ဤသူငယ်ကိုရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။ 28 ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှားပါပြီ။ သူသည် တစ်သက်လုံး ထာဝရဘုရားထံတော်၌ အငှားခံ၍ နေရပါမည်သခင်ဟု လျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
1 Houve um homem de 1Sm 1.19Remataim-Zofim, da Js 17.17-18região montanhosa de Efraim, cujo nome era 1Cr 6.22-28,33-38Elcana, filho de Jeroão, filho de Eliú, filho de Toú, filho de Zufe, efraimita. 2 Ele tinha Dt 21.15-17duas mulheres: uma se chamava Lc 2.36Ana, e a outra, Penina. Penina tinha filhos, porém Ana não os tinha. 3 Este homem subia da sua cidade, 1Sm 1.21;Êx 34.23;Lc 2.41de ano em ano, Dt 12.5-7a adorar e oferecer sacrifícios, em Js 18.1Siló, a Jeová dos Exércitos. Assistiam ali os dois filhos de Eli, Hofni e Fineias, como sacerdotes de Jeová. 4 No dia em que Elcana oferecia o seu sacrifício, costumava Dt 12.17-18dar quinhões à sua mulher Penina e a todos os seus filhos e filhas, 5 porém a Ana dava um Gn 43.34só quinhão; contudo ele a amava; mas Gn 16.1;30.1Jeová lhe havia cerrado a madre. 6 Para lhe fazer enfadar-se, muito a Jó 24.21atormentava a sua rival, porque Jeová lhe havia cerrado a madre. 7 Assim fazia ele de ano em ano. Certa ocasião em que Penina subiu à Casa de Jeová, irritou ela a Ana, que se pôs a chorar e não comeu. 8 Perguntou-lhe Elcana, seu marido: Ana, por que choras? Por que não comes? E por que está triste o teu coração? Rt 4.15Não te sou eu melhor do que dez filhos?
9 Levantou-se Ana, depois que comeram e beberam em Siló. Ora, o sacerdote Eli estava sentado na sua cadeira, junto ao umbral da porta 1Sm 3.3do templo de Jeová. 10 Ela, profundamente amargurada, orou a Jeová e chorou muito; 11 Nm 30.6-11fez um voto e disse: Jeová dos Exércitos, se, na verdade, tu te dignares Gn 29.32olhar para a aflição da tua serva e se te lembrares de mim; se não te esqueceres da tua serva, mas se lhe deres um filho varão, eu o darei a Jeová por todos os dias da sua vida, e Nm 6.5;Jz 13.5;Lc 1.15não passará navalha pela sua cabeça.
12 Continuando ela a orar diante de Jeová, observou Eli o movimento dos seus lábios. 13 Ana, todavia, Gn 24.42-45falava no seu coração; tão somente se moviam os seus lábios, porém não se ouvia a sua voz. Por isso, julgou Eli que ela estava embriagada. 14 Disse-lhe Eli: At 2.4,13Até quando estarás embriagada? Deixa passar de ti o teu vinho. 15 Ana respondeu: Não é assim, meu senhor; eu sou uma mulher atribulada de espírito; não bebi nem vinho nem bebida que possa embriagar, porém Sl 62.8derramei a minha alma diante de Jeová. 16 Não tenhas a tua serva por filha de Belial, porque, Lc 6.45movida pela abundância da minha queixa e da minha provocação, falei até agora. 17 Então, lhe respondeu Eli: 1Sm 25.35;2Rs 5.19;Mc 5.34Vai-te em paz; o Deus de Israel te Sl 20.3-5conceda a petição que lhe fizeste. 18 Ela disse: Rt 2.13Ache a tua serva graça aos teus olhos. Assim, a mulher foi o seu caminho e comeu, Rm 15.13e não mais era triste o seu semblante.
19 Tendo-se levantado de madrugada, adoraram perante Jeová, voltaram e chegaram à sua casa, em 1Sm 1.1;2.11Ramá. Elcana conheceu a sua mulher Ana; e Gn 21.1;30.22Jeová lembrou-se dela. 20 Concebeu Ana e, tendo passado o período, deu à luz um filho e pôs-lhe por nome Samuel, dizendo: Gn 41.51-52;Êx 2.10,22;Mt 1.21Porque de Jeová o pedi.
21 Subiu Elcana e toda a sua casa 1Sm 1.3;Dt 12.11a oferecer a Jeová o sacrifício anual e a cumprir o seu voto. 22 Mas Ana não subiu, pois disse a seu marido: Quando o menino for desmamado, Lc 2.22levá-lo-ei, a fim de que ele apareça diante de Jeová 1Sm 1.11,28e a fim de que lá fique para sempre. 23 Nm 30.10-11Respondeu-lhe Elcana, seu marido: Faze o que te parecer bem; fica até o desmamares, e 1Sm 1.17cumpra Jeová a sua palavra. Assim, ficou a mulher e deu leite a seu filho até que o desmamou. 24 Depois de o ter desmamado, Nm 15.9-10;Dt 12.5-6levando consigo a ele, e três novilhos, e um efa de farinha, e um odre de vinho, o trouxe 1Sm 4.3-4;Js 18.1à Casa de Jeová, em Siló. O menino era ainda muito criança. 25 Lv 1.5Depois de terem sacrificado o novilho, Lc 2.22trouxeram o menino a Eli. 26 Ana disse: Ah! Meu senhor! 2Rs 2.2,4,6Tão certamente como vive a tua alma, senhor, eu sou a mulher que estive aqui na tua presença, orando a Jeová. 27 1Sm 1.11-13A respeito deste menino orava eu, e Jeová me concedeu a petição que lhe fiz. 28 1Sm 1.11,22Portanto, eu de minha parte o entreguei a Jeová; por todos os dias que ele viver, está entregue a Jeová. Então, adorou ali a Jeová.