1 ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလအမျိုးကို စစ်တိုက်အံ့သောငှာ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့်လိုက်၍ စစ်တိုက်သွားရမည်ကို ဆက်ဆက်သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊ 2 ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့်ထားမည်ဟုပြန်ပြော၏။
3 ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။ဝတ်၊ ၂၀:၂၇၊၁ ရာ၊ ၂၅:၁၊တရား၊ ၁၈:၁၀-၁၁။4 ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ 5 ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကိုမြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံးရှိ၏။ 6 ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက်အားဖြင့်လည်းကောင်း ထူးတော်မမူ။တော၊ ၂၇:၂၁။
7 ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတစ်ယောက်ရှိပါ၏ဟု လျှောက်သော်၊ 8 ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။ 9 မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့် ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ 10 ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။ 11 မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကိုဖော်ပါဟု ဆို၏။ 12 မိန်းမသည် ရှမွေလကိုမြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊ 13 ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။ 14 အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက်ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည်ရိပ်မိ၍ မြေပေါ်မှာ ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ 15 ရှမွေလကလည်း၊ သင်သည် ငါ့ကိုနှောင့်ယှက်လျက် အဘယ်ကြောင့်ဖော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ်သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှာ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။ 16 ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကိုစွန့်၍ သင့်ရန်ဘက်ဖြစ်တော်မူသည်မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။ 17 ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။၁ ရာ၊ ၁၅:၂၈။18 အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ ပြင်းစွာသောအမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ရောက်စေတော်မူပြီ။၁ ရာ၊ ၁၅:၃-၉။19 ထိုမှတစ်ပါး သင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။ 20 ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပျပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန်ကြောက်ရွံ့၏။ တစ်နေ့နှင့် တစ်ညလုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။ 21 ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။ 22 သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှာ စားတော်ခေါ်ပါဟု လျှောက်သော်လည်း၊ 23 ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့်ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။ 24 ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတစ်ကောင် ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်းယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊ 25 ရှောလုနှင့် ကျွန်များတို့ရှေ့၌ တင်လေ၏။ သူတို့သည်စား၍ ထိုညတွင် ထသွားကြ၏။
1 Naqueles dias, ajuntaram os 1Sm 29.1filisteus as suas tropas para a guerra, a fim de pelejarem contra Israel. Disse Aquis a Davi: Fica sabendo que hás de ir comigo ao campo, tu e teus homens. 2 Respondeu Davi a Aquis: Tu saberás, portanto, o que o teu servo há de fazer. Disse Aquis a Davi: Por isso, te farei guarda da minha cabeça 1Sm 1.22,28para sempre.
3 Ora, 1Sm 25.1Samuel era morto; todo o Israel o tinha chorado, e enterraram-no em 1Sm 7.17Ramá, que era a sua cidade. Saul tinha lançado fora da terra os que 1Sm 15.23;Lv 19.31;Dt 18.10consultavam espíritos ou um espírito familiar. 4 Ajuntaram-se os filisteus e vieram acampar-se em 1Rs 1.3;2Rs 4.8Suném; ajuntou Saul todo o Israel, e acamparam-se em 1Sm 31.1Gilboa. 5 Vendo Saul o exército dos filisteus, foi tomado de medo, e tremeu muito o seu coração. 6 1Cr 10.13-14Saul consultou a Jeová, porém Pv 1.24-31ele não lhe respondeu nem por Nm 12.6;Jl 2.28sonhos, nem por Êx 28.30;2Sm 8.17Urim, nem por profetas. 7 Então, disse Saul aos seus servos: Buscai-me uma mulher que consulte a um espírito familiar, para que eu vá consultá-la. Responderam-lhe os seus servos: At 16.16Há em Js 17.1;Sl 83.10En-Dor uma mulher que consulta espírito familiar.
8 Saul 2Cr 18.29;35.22disfarçou-se e, tomando outros vestidos, foi, acompanhado de dois homens, e chegaram de noite à casa da mulher. Ele disse: Is 8.19Adivinha-me pelo espírito familiar e Dt 18.10-11faze-me subir aquele que eu te disser. 9 Respondeu-lhe a mulher: Eis que tu sabes 1Sm 28.3o que fez Saul, como exterminou da terra os que consultam espíritos ou espírito familiar; por que me estás armando um laço à minha vida, para me fazeres morrer? 10 Saul jurou-lhe por Jeová, dizendo: Pela vida de Jeová, nenhuma culpa te sobrevirá por causa disso. 11 Perguntou-lhe a mulher: Quem te farei subir? Respondeu ele: Faze-me subir Samuel. 12 Quando a mulher viu a Samuel, deu um grande grito e disse a Saul: Por que me enganaste? Pois tu és Saul. 13 Respondeu-lhe o rei: Não tenhas medo; que vês tu? Disse a mulher a Saul: Vejo um deus subindo da terra. 14 Perguntou-lhe ele: Como é a sua figura? Respondeu ela: Vem subindo um ancião e 1Sm 15.27está envolto numa capa. Entendeu Saul que era Samuel, 1Sm 24.8prostrou-se com o rosto em terra e fez-lhe uma reverência.
15 Disse Samuel a Saul: Por que me inquietaste, fazendo-me subir? Respondeu Saul: Estou mui angustiado, porque os filisteus me fazem guerra, 1Sm 16.13-14;18.12e Deus se tem afastado de mim 1Sm 28.6e não me responde mais, nem por profetas nem por sonhos. Por isso, te chamei, para que me fizesses saber o que hei de fazer. 16 Disse Samuel: Para que me perguntas, visto que Jeová se tem afastado de ti e se fez teu inimigo? 17 Jeová te fez, 1Sm 15.28como pela minha boca te disse; Jeová rasgou o reino da tua mão e o deu ao teu próximo, a Davi. 18 Porque 1Sm 15.9,20,26não obedeceste à voz de Jeová e não executaste o furor da sua ira contra Amaleque, portanto isso te fez Jeová, hoje. 19 Jeová entregará também contigo Israel nas mãos dos filisteus. Amanhã, 1Sm 31.2;Jó 3.17-19tu e teus filhos estareis comigo; Jeová entregará o arraial de Israel nas mãos dos filisteus.
20 Caiu imediatamente Saul estendido por terra, e foi tomado de grande medo, por causa das palavras de Samuel. Não havia forças nele, porque não tinha comido pão todo aquele dia nem toda aquela noite. 21 Aproximou-se de Saul a mulher e, vendo que ele estava muito turbado, disse-lhe: Eis que a tua serva obedeceu à tua voz e, 1Sm 19.5expondo a minha vida, dei ouvidos às palavras que me falaste. 22 Agora, ouve também tu a voz da tua serva e permite que eu ponha diante de ti um bocado de pão; come para que tenhas forças e possas ir teu caminho. 23 Ele, porém, o recusou e disse: Não comerei. 2Rs 5.13Mas os servos, juntamente com a mulher, o constrangeram; e deu ouvidos à voz deles. Levantou-se do chão e sentou-se sobre Et 1.6;Ez 23.41o leito. 24 A mulher tinha em casa um bezerro cevado, que se Gn 18.6-7apressou a matar, e tomou farinha, e, amassando-a, a cozeu em pães asmos. 25 Pôs tudo diante de Saul e diante dos seus servos; e eles comeram. Então, se levantaram e partiram naquela noite.