1 ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနစ်လနေပြီးမှ၊ 2 ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သကာနှင့် လွှတ်လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။ 3 သူတို့ကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ်လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သကာကို ဆက်ဆက်ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။ 4 အဘယ်အရာကို ဒုစရိုက်ဖြေရာပူဇော်သကာဖို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကိုပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့မင်းများ၌ ရောဂါတစ်ပါးတည်း စွဲလျက်ရှိ၏။ 5 ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကိုဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။ 6 သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ်လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။ 7 ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။ 8 ထာဝရဘုရား၏သေတ္တာတော်ကို လှည်းပေါ်မှာတင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာပူဇော်သကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။ 9 သေတ္တာတော်သည် မိမိပြည်သို့သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရသည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊ 10 လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌က၍၊ နွားသငယ်တို့ကို သူ့နေရာ၌ ချုပ်ထားကြ၏။ 11 ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မြင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။ 12 နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ယာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။ 13 ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မျှော်ကြည့်၍ သေတ္တာတော်ကိုမြင်သောအခါ ဝမ်းမြောက်ကြ၏။ 14 လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကိုချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
15 ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေတန်ဆာပါသော သေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ချင်းတွင် မီးရှို့ရာယဇ်မှစ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။ 16 ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ချင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။ 17 ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာပူဇော်သကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဖို့တစ်ခု၊ ဂါဇမြို့ဖို့တစ်ခု၊ အာရှကေလုန်မြို့ဖို့တစ်ခု၊ ဂါသမြို့ဖို့တစ်ခု၊ ဧကြုန်မြို့ဖို့တစ်ခု ဖြစ်သတည်း။ 18 ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သောမြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ကွက်၌ရှိ၏။
19 ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့် လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်းကြ၏။
20 ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊ 21 ကိရယတ်ယာရိမ် မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏သေတ္တာတော်ကို တစ်ဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။
1 Esteve a arca de Jeová no país dos filisteus sete meses. 2 Os Gn 41.8;Êx 7.11;Is 2.6filisteus chamaram os sacerdotes e os adivinhadores e disseram-lhes: Que faremos da arca de Jeová? Dize-nos com que a enviaremos para o seu lugar. 3 Responderam eles: Se a recambiardes, Êx 23.15;Dt 16.16não enviareis vazia a arca do Deus de Israel, porém a ele Lv 5.15-16remetereis uma oferta pela culpa; então, sereis curados e sabereis porque a sua mão se não tira de vós. 4 Eles perguntaram: Qual será a oferta pela culpa que lhe havemos de remeter? Eles responderam: Cinco 1Sm 5.6,9,12;6.17tumores de ouro e cinco ratos de ouro, 1Sm 6.17-18;Jz 3.3segundo o número de régulos dos filisteus, porque uma e a mesma praga estava sobre todos vós e sobre os vossos régulos. 5 Fareis figuras dos vossos tumores e dos ratos que devastam a vossa terra e Js 7.19;Is 42.12dareis glória ao Deus de Israel. Porventura, 1Sm 5.6,11fará a sua mão menos pesada e tirá-la-á de cima de vós, 1Sm 5.3-4,7dos vossos deuses e da vossa terra. 6 Por que endurecereis os vossos corações, Êx 8.15,32;9.34como os egípcios e Faraó endureceram os seus corações? Não foi, porventura, depois de ele os fazer joguete que Êx 12.31deixaram ir o povo, que só então se foi? 7 Agora, fazei 2Sm 6.3um carro novo e tomai duas vacas paridas, sobre as quais Nm 19.2;Dt 21.3-4não tenha vindo o jugo; atai-as ao carro; porém, tirando delas os bezerros, levá-los-eis para a casa. 8 Tomai a arca de Jeová e ponde-a sobre o carro; 1Sm 6.4-5as joias de ouro que lhe remeterdes como 1Sm 6.3ofertas pela culpa, metei-as num cofre ao lado da arca e deixai-a ir. 9 Reparai; se ela subir pelo caminho do seu termo a Js 15.10;21.16Bete-Semes, foi ele quem nos fez este grande mal; mas, se não, 1Sm 6.3conheceremos que não foi a sua mão que nos feriu; foi casual o que sucedeu.
10 Assim fizeram os homens: tomaram duas vacas paridas, puseram-nas ao carro e encerraram os seus bezerros em casa; 11 e colocaram a arca de Jeová sobre o carro, e o cofre que continha os ratos de ouro, e as figuras dos seus tumores. 12 As vacas iam direitas pelo caminho de 1Sm 6.9Bete-Semes; iam berrando pela Nm 20.19estrada, mas não se desviaram nem para a direita nem para a esquerda. Os régulos dos filisteus foram seguindo-as até o termo de Bete-Semes. 13 Ora, os de Bete-Semes estavam segando trigo no vale e, levantando os olhos, viram a arca; ao verem-na, se regozijaram. 14 O carro chegou ao campo de Josué, bete-semita, e ali parou, onde havia uma grande pedra. Fenderam a madeira do carro e 2Sm 24.22;1Rs 19.21ofereceram as vacas em holocausto a Jeová. 15 Os Êx 4.14;Js 3.3levitas desceram a arca de Jeová e o cofre que estava ao lado dela, no qual se achavam as joias de ouro, e puseram-nos sobre a grande pedra. No mesmo dia, os homens de Bete-Semes ofereceram holocaustos e imolaram sacrifícios a Jeová. 16 Os cinco régulos dos filisteus viram-no e voltaram no mesmo dia para Ecrom.
17 Estes são os 1Sm 6.4tumores de ouro que os filisteus remeteram a Jeová como uma oferta pela culpa: por Asdode um, por Gaza um, por Asquelom um, por Gate um, por Ecrom um; 18 e os ratos de ouro, segundo o número de todas as cidades dos filisteus, as quais pertenciam aos cinco régulos, desde Dt 3.5as cidades fortificadas até as aldeias campestres. Disso é testemunha a 1Sm 6.14-15grande pedra sobre a qual puseram a arca de Jeová, a qual permanece até hoje no campo de Josué, bete-semita.
19 Nm 4.5,15,20;2Sm 6.7Jeová feriu os homens de Bete-Semes, porque olharam para dentro da arca de Jeová; sim, feriu do povo uns cinquenta mil e setenta homens; e o povo chorou por ter Jeová ferido ao povo com grande matança. 20 Então, perguntaram os homens de Bete-Semes: Lv 11.44-45;2Sm 6.9Quem pode estar em pé diante de Jeová, deste Deus santo? E para quem subirá desde nós? 21 Enviaram mensageiros aos habitantes de Js 9.17;15.9,60Quiriate-Jearim que lhe dissessem: Os filisteus remeteram a arca de Jeová; descei e fazei subir para vós.