1 တစ်ဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကိုမှာထားသည်ကား၊ ယနေ့ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြလော့။ 2 သင်သည် ယော်ဒန်မြစ်ကိုကူး၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့်မွမ်းမံရမည်။ယောရှု၊ ၈:၃၀-၃၂။3 ဘိုးဘေးတို့ ကိုးကွယ်သောဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။ 4 ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂတေနှင့်မွမ်းမံရမည်။ 5 ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊ 6 ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံတန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သောကျောက်တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။ထွ၊ ၂၀:၂၅၊၂၇:၁၂၊တရား၊ ၁၁:၂၉၊ယောရှု၊ ၈:၃၃-၃၅။7 မိတ်သဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ်တွင် စားသောက်လျက် ရှေ့တော်၌ပျော်မွေ့ခြင်းကို ပြုရမည်။ 8 ထိုကျောက်ပေါ်မှာ ဤတရားစကားတော် အလုံးစုံတို့ကို သေချာစွာရေးထားရမည်ဟု ပြောဆိုကြ၏။ 9 တစ်ဖန် မောရှေနှင့်ယဇ်ပုရောဟိတ်များ၊ လေဝိသားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့်နားထောင်လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ လူမျိုးဖြစ်လေပြီ။ 10 သို့ဖြစ်၍၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ ငါတို့ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
11 တစ်ဖန် မောရှေသည် ထိုနေ့၌ လူများတို့ကိုမှာထားသည်မှာ၊ 12 သင်တို့သည် ယော်ဒန်မြစ်ကိုကူးသောနောက်၊ လူများတို့အား ကောင်းချီးပေးခြင်းအလိုငှာ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။တရား၊ ၁၁:၂၉၊ယောရှု၊ ၈:၃၃-၃၅။13 ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။ 14 ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရသောစကားဟူမူကား၊ 15 ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ထွ၊ ၂၀:၄၊၃၇:၁၇၊ဝတ်၊ ၁၉:၄၊၂၆:၁၊တရား၊ ၄:၁၅-၁၈၊၅:၈။16 မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ထွ၊ ၂၀:၁၂၊တရား၊ ၅:၁၆။17 အိမ်နီးချင်း၏မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။တရား၊ ၁၉:၁၄။18 မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ဝတ်၊ ၁၉:၁၄။19 တရားတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ထွ၊ ၂၂:၂၁၊၂၃:၉၊ဝတ်၊ ၁၉:၃၃-၃၄၊တရား၊ ၂၄:၁၇-၁၈။20 အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ဝတ်၊ ၁၈:၈၊၂၀:၁၁၊တရား၊ ၂၂:၃၀။21 တိရစ္ဆာန်တစ်စုံတစ်မျိုးနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ထွ၊ ၂၂:၁၉၊ဝတ်၊ ၁၈:၂၃၊၂၀:၁၅။22 အဘ၏သမီး၊ အမိ၏သမီးတည်းဟူသော မိမိအစ်မနှမနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ဝတ်၊ ၁၈:၉၊၂၀:၁၇။23 မယား၏အမိနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ဝတ်၊ ၁၈:၁၇၊၂၀:၁၄။24 အိမ်နီးချင်းကို မထင်မရှားရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ 25 အပြစ်မရှိသော သူ၏အသက်ကိုသတ်ခြင်းငှာ အခကိုယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ 26 ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ဂလ၊ ၃:၁၀။
1 Ordenou Moisés e os anciãos de Israel ao povo, dizendo: Guarda todo o mandamento que eu hoje te ordeno. 2 Js 8.30-32No dia em que passares o Jordão para a terra que Jeová, teu Deus, te está dando, levantar-te-ás grandes pedras e as caiarás. 3 Nelas, escreverás todas as palavras desta lei, quando tiveres passado; para que entres na terra que Jeová, teu Deus, te está dando, Dt 26.9terra que mana leite e mel, assim como Jeová, Deus de teus pais, te prometeu. 4 Quando tiverdes passado o Jordão, levantareis estas pedras, que eu hoje vos ordeno, no monte Ebal, e as caiareis. 5 Edificarás ali um altar a Jeová, teu Deus, um altar de pedras; não alçaras sobre elas instrumento de ferro. 6 De pedras brutas edificarás o altar de Jeová, teu Deus; e oferecerás sobre ele holocaustos a Jeová, teu Deus. 7 Sacrificarás ofertas pacíficas e comerás ali; te Dt 26.11alegrarás diante de Jeová, teu Deus. 8 Escreverás mui distintamente nestas pedras todas as palavras desta lei.
9 Disse Moisés e os levitas sacerdotes a todo o Israel: Guarda silêncio e ouve, ó Israel; hoje, vieste a ser o povo de Jeová, teu Deus. 10 Obedecerás à voz de Jeová, teu Deus, e cumprirás os seus mandamentos e os seus estatutos, que eu hoje vos ordeno.
11 No mesmo dia, ordenou Moisés ao povo, dizendo: 12 Quando tiverdes passado o Jordão, estes estarão sobre o monte Gerizim, para abençoarem o povo: Js 8.33-35Simeão, Levi, Judá, Issacar, José e Benjamim; 13 e estes estarão sobre o monte Ebal, para deitarem a maldição: Rúben, Gade, Aser, Zebulom, Dã e Naftali. 14 Os levitas responderão e dirão a todos os homens de Israel em voz alta:
15 Maldito o homem que faz uma Êx 20.4,23;34.17imagem esculpida ou fundida, coisa abominável a Jeová, obra da mão do artífice, e a põe em secreto! E todo o povo responderá: Amém!
16 Êx 21.17;Lv 20.9;Ez 22.7Maldito aquele que não honra a seu pai ou a sua mãe! E todo o povo dirá: Amém!
17 Dt 19.14Maldito aquele que remove os marcos do seu próximo! E todo o povo dirá: Amém!
18 Lv 19.14Maldito aquele que faz que o cego erre no caminho! E todo o povo dirá: Amém!
19 Dt 24.17Maldito aquele que perverte o direito do peregrino, do órfão e da viúva! E todo o povo dirá: Amém!
20 Dt 22.30;Lv 18.8;20.11Maldito aquele que se deita com a mulher de seu pai, porque levantou o vestido de seu pai! E todo o povo dirá: Amém!
21 Êx 22.19;Lv 18.23Maldito aquele que se deita com qualquer animal! E todo o povo dirá: Amém!
22 Lv 18.9;20.17Maldito aquele que se deita com sua irmã, filha de seu pai ou filha de sua mãe! E todo o povo dirá: Amém!
23 Lv 20.14Maldito aquele que se deita com sua sogra! E todo o povo dirá: Amém!
24 Êx 21.12;Lv 24.17;Nm 35.30-31Maldito aquele que fere ao seu próximo em secreto! E todo o povo dirá: Amém!
25 Êx 23.7Maldito aquele que recebe peita para matar uma pessoa inocente! E todo o povo dirá: Amém!
26 Gl 3.10Maldito aquele que não confirma as palavras desta lei, para as cumprir! E todo o povo dirá: Amém!