1 အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာပါသော သိုး၊ နွားကို၊ သင်၏ ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။ ထိုသို့သောယဇ်ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
2,3 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတစ်ပါးသောဘုရားတို့ကိုသွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊ထွ၊ ၂၂:၂၀။4 သင်သည် သတင်းကြား၍ စေ့စေ့မေးမြန်းသောအခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဖွယ်သောအမှုကို ပြုမိသည်မှန်လျှင်၊ 5 ထိုဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရမည်။ 6 သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံတစ်ယောက်တည်းရှိလျှင် အသေမခံရ။တော၊ ၃၅:၃၀၊တရား၊ ၁၉:၁၅၊မ၊ ၁၈:၁၆၊၂ ကော၊ ၁၃:၁၊၁ တိ၊ ၅:၁၉၊ဟေဗြဲ၊ ၁၀:၂၈။7 ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံတို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။၁ ကော၊ ၅:၁၃။
8 သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊ 9 ထိုကာလအခါ တရားသူကြီးလုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဖော်ပြရမည်။ 10 ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သားတို့သည် ဖော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။ 11 သူတို့ဖော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြားပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြသော စီရင်ချက်မှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။ 12 သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုစောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီးစကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေသတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကိုပယ်ရမည်။ 13 ထိုသတင်းကို လူခပ်သိမ်းတို့သည်ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တစ်ဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။
14 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည် ဝင်စား၍နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌နေသော တစ်ပါးသောလူမျိုးအပေါင်းတို့နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစ်စုံတစ်ယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊၁ ရာ၊ ၈:၅။15 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို မချီးမြှောက်ရ။ 16 ထိုရှင်ဘုရင်သည် ကိုယ်အဖို့ များစွာသော မြင်းတို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကိုမပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။၃ ရာ၊ ၁၀:၂၈၊၆ ရာ၊ ၁:၁၆၊၉:၂၈။17 သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။၃ ရာ၊ ၁၁:၁-၈၊၃ ရာ၊ ၁၀:၂၇၊၆ ရာ၊ ၁:၁၇၊၉:၂၇။18-20 ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ရှိသော ဤဓမ္မပညတ်တရားစာကိုရေးကူး၍ လက်ခံစာကို တစ်သက်လုံး စောင့်ရှောက်ကြည့်ရှု ဖတ်ရွတ်ရမည်။
1 Dt 15.21Não sacrificarás a Jeová, teu Deus, boi ou ovelha que tenha um defeito, isto é, qualquer impropriedade; porque isso é uma abominação a Jeová, teu Deus.
2 Dt 13.6-11Se for achado no meio de ti, numa das tuas cidades que Jeová, teu Deus, te está dando, homem ou mulher que fizer o que é mau à vista de Jeová, teu Deus, transgredindo a sua aliança, 3 e tiver ido, e servido a outros deuses, e os tiver adorado, a eles, ou ao sol, ou à lua, ou a qualquer astro do exército do céu, o que não ordenei; 4 se isso te for denunciado, e, depois de o teres ouvido, indagares bem e achares que o fato é verdadeiro, que realmente tal abominação se cometeu em Israel, 5 farás conduzir às tuas portas esse homem ou essa mulher que cometeram essa maldade; sim, o homem ou a mulher; e os apedrejarás, até que morram. 6 Dt 19.15;Nm 35.30Pela boca de duas testemunhas ou três testemunhas, será morto aquele que houver de morrer; pela boca de uma só testemunha não será morto. 7 A Dt 13.9;Lv 24.14mão das testemunhas será a primeira contra ele, para fazê-lo morrer, e, depois, a mão de todo o povo. Assim, exterminarás o mal do meio de ti.
8 Se te surgir em juízo uma questão difícil demais, entre sangue e sangue, entre causa e causa e entre ferida e ferida, isto é, questões de pendências, dentro das tuas cidades, levantar-te-ás e subirás ao Dt 12.5lugar que Jeová, teu Deus, escolher. 9 Virás aos levitas Dt 19.17sacerdotes e ao juiz que houver nesses dias; indagarás, e eles te mostrarão a sentença do juízo. 10 Farás de acordo com a sentença que te mostrarem no lugar que Jeová escolher; e cuidarás em fazer segundo tudo o que te ensinarem. 11 Dt 25.1Segundo o teor do ensino que te derem e segundo o juízo que te disserem, farás; não te desviarás da sentença que te referirem nem para a direita nem para a esquerda. 12 O homem que se houver Dt 1.43;17.13;18.20com presunção, não ouvindo ao sacerdote que está ali para ministrar diante de Jeová, teu Deus, nem ao juiz, esse homem morrerá; tirarás de Israel o mal. 13 Todo o povo ouvirá, e temerá, e não mais Dt 17.12se ensoberbecerá.
14 Quando entrares na terra que Jeová, teu Deus, te está dando, e Dt 11.31;Js 21.43a possuíres, e nela habitares, e disseres: 1Sm 8.5,19-20Estabelecerei sobre mim um rei, como o fazem todas as nações que estão ao redor de mim, 15 certamente, estabelecerás como rei sobre ti aquele que Jeová, teu Deus, escolher. A um dentre os teus irmãos estabelecerás como rei sobre ti; não poderás pôr sobre ti um estrangeiro que não seja teu irmão. 16 1Rs 4.26;10.26-29Porém não multiplicarás para ti cavalos, nem Is 31.1;Ez 17.15farás voltar o povo ao Egito, para multiplicar cavalos; porquanto Jeová vos disse: Não tornareis a voltar, de hoje em diante, por aquele caminho. 17 2Sm 5.13;12.11;1Rs 11.3-4Nem multiplicará para si mulheres, para que se não desvie o seu coração; nem multiplicará muito para si a prata e o ouro.
18 Quando se assentar sobre o trono do seu reino, fará escrever para si uma cópia desta lei num livro, Dt 31.24-26do que está diante dos levitas sacerdotes. 19 Tê-lo-á consigo e nele lerá Dt 4.9-10todos os dias da sua vida, para que aprenda a temer a Jeová, seu Deus, e a guardar todas as palavras desta lei e estes estatutos, a fim de os cumprir. 20 Isso fará para que o seu coração não se eleve sobre os seus irmãos e Dt 5.32para que não se desvie do mandamento nem para a direita nem para a esquerda, a fim de que prolongue os seus dias no seu reinado, ele e seus filhos, no meio de Israel.