1 အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။ 2 ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။ဗျာ၊ ၂၂:၁၈-၁၉။3 ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။တော၊ ၂၅:၁-၉။4 သင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။ 5 သင်တို့သည်သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဖို့၊ ငါ၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။ 6 သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရားရှိသမျှတို့ကို ကြားရသောလူမျိုးများရှေ့မှာ၊ သင်တို့၏ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့် ပြည့်စုံသောအမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။ 7 ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်းကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသောဘုရားကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သောလူမျိုးကြီး ခံရသနည်း။ 8 ငါသည် ယနေ့သင်တို့၌ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီး ရှိသနည်း။ 9 သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။ 10 ထိုအခါထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အားမိန့်တော်မူသည်အတိုင်း၊ 11 သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သောမှောင်မိုက်နှင့် ပြည့်စုံလေ၏။ထွ၊ ၁၉:၁၆-၁၈၊ဟေဗြဲ၊ ၁၂:၁၈-၁၉။12 ထာဝရဘုရားသည်လည်း၊ မီးထဲကသင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကိုမမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။ 13 သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။ထွ၊ ၃၁:၁၈၊၃၄:၂၈၊တရား၊ ၉:၁၀။14 သင်တို့သည်သွား၍ ဝင်စားသောပြည်၌ကျင့်စရာဖို့ သင်တို့အားငါသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အားမှာထားတော်မူ၏။ထွ၊ ၂၁:၁။
15 ဟောရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲကသင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့်အဆင်းသဏ္ဌာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊ 16 နောက်တစ်ဖန် သင်တို့သည်လူယောက်ျား၊ လူမိန်းမသဏ္ဌာန်၊ 17 မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဌာန်၊ မိုးကောင်းကင်၌ပျံတတ်သော ငှက်သဏ္ဌာန်၊ 18 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်သဏ္ဌာန်၊ မြေနိမ့်ရာရေ၌ နေသောငါးသဏ္ဌာန်ရှိသော ရုပ်တုကို၊ သင်တို့သည်ဖောက်ပြန်၍ ကိုယ်အဖို့ မလုပ်ရမည်အကြောင်း၊ထွ၊ ၂၀:၄၊ဝတ်၊ ၂၆:၁၊တရား၊ ၅:၈၊၂၇:၁၅၊ရော၊ ၁:၂၃။19 မိုးကောင်းကင်ကိုမျှော်၍၊ နေ၊ လ၊ ကြယ်များတည်းဟူသော မိုးကောင်းကင်တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတစ်ပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။ 20 သင်တို့သည် ယနေ့၌ဖြစ်သကဲ့သို့၊ ထာဝရဘုရားအမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနုတ်၍ ယူဆောင်တော်မူပြီ။ထွ၊ ၁၉:၅၊တရား၊ ၇:၆၊၁၄:၂၊၂၆:၁၈၊တိ၊ ၂:၁၄၊၁ ပေ၊ ၂:၉။
21 ထိုမှတစ်ပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကိုအမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ်တစ်ဖက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဖို့ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည်အကြောင်း ကျိန်ဆိုတော်မူပြီ။တော၊ ၂၀:၁၂။22 သို့ဖြစ်၍ ဤပြည်၌ငါသေရမည်၊ ယော်ဒန်မြစ်ကို မကူးရ။ သင်တို့သည်ကူး၍ ထိုကောင်းမွန်သောပြည်ကို ဝင်စားကြလိမ့်မည်။ 23 သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၌ထားတော်မူသော ပဋိညာဉ်တရားကိုမေ့လျော့၍၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတို့၏ သဏ္ဌာန်ရှိသောရုပ်တုကို မလုပ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြလော့။ 24 အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။ဟေဗြဲ၊၁၂:၂၉။
25 သင်တို့သည် သားမြေးတို့ကိုဖွားမြင်၍၊ ထိုပြည်၌ကြာမြင့်စွာနေပြီးမှ၊ တစ်ဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဌာန်တစ်စုံတစ်ခုရှိသော ရုပ်တုကိုလုပ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ဒုစရိုက်ကိုပြုလျှင်၊ 26 ကောင်းကင်မြေကြီးကို သင်တို့တစ်ဖက်၌ ယနေ့ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မီ ဆက်ဆက် ပျောက်ပျက်ရကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ 27 ထာဝရဘုရားသည်လည်း၊ သင်တို့ကိုတစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော်မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။တရား၊၂၈:၃၆။28 ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။ 29 သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို တစ်ဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။ယေ၊ ၂၉:၁၃။30 သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကိုခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ စကားတော်ကိုနားထောင်လျှင်၊ 31 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပဋိညာဉ်တရားကို မေ့လျော့တော်မမူ။
32 ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသောနေ့မှစ၍၊ သင်တို့ မဖြစ်မီ လွန်လေပြီးသောကာလပတ်လုံး၊ မိုးကောင်းကင်တစ်ဖက်မှ တစ်ဖက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဖူးသလော။ ဤကဲ့သို့သော အမှု၏သတင်းကို ကြားဖူးသလော။ 33 ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသံကို သင်တို့သည်ကြားသကဲ့သို့၊ အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာရဖူးသလော။ 34 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသောလက်ရုံးတော်ကိုဆန့်ခြင်း၊ ကြောက်မက်ဖွယ်သောရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတစ်ပါးသောဘုရားသည်သွား၍ လူတစ်မျိုးထဲကတစ်မျိုးကို မိမိအဖို့ နုတ်ယူဖူးသလော။ 35 ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိကြောင်းကိုလည်းကောင်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာတို့ကို သင်တို့အားပြတော်မူပြီ။မာ၊ ၁၂:၃၂။36 သင်တို့ကိုသွန်သင်၍ ကောင်းကင်ထဲက စကားတော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာသောမီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲကစကားတော်ကို ကြားရကြပြီ။ 37 သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။ 38 သင်တို့ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင်ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကိုသွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌နုတ်ဆောင်တော်မူပြီ။ 39 သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အခြားတစ်ပါးသောဘုရား မရှိကြောင်းကိုလည်းကောင်း၊ ယနေ့သိမှတ်၍ နှလုံး၌သွင်းမိကြလော့။ 40 သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှာလည်းကောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာလည်းကောင်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
41 ထိုအခါ အိမ်နီးချင်းကိုအငြိုးမထားဘဲ၊ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍၊ယောရှု၊၂၀:၈-၉။42 အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည်ခွဲထားလေ၏။ 43 ထိုမြို့တို့၏အမည်ကား၊ ရုဗင်အမျိုးသားနေရာ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုးသားနေရာ ဂိလဒ်ပြည်၌ရာမုတ်မြို့၊ မနာရှေအမျိုးသားနေရာ ဗာရှန်ပြည်၌ဂေါလန်မြို့တည်း။
44 ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုးသားတို့၌ထားသောတရား၊ 45 သူတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံအတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဖက်၌ရှိသောချိုင့်တွင်၊ မောရှေဟောပြောသောသက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။ 46 မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊ 47 ဗာရှန်ရှင်ဘုရင်ဩဃတည်းဟူသော၊ ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌နေသော အာမောရိရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊ 48 အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင်အောင်လည်းကောင်း၊ 49 ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သောအိုင်နား၊ အာဇုတ်ပိသဂါမြို့တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။
1 Agora, ó Israel, ouve os estatutos e os juízos que Dt 1.3eu vos ensino, para os cumprirdes, a fim Dt 5.33;8.1;16.20;30.16,19de que vivais, e entreis, e possuais a terra que Jeová, Deus de vossos pais, vos está dando. 2 Dt 12.32Não acrescentareis à palavra que Dt 4.5,14,40eu vos mando, nem dela diminuireis, para que guardeis os mandamentos de Jeová, vosso Deus, que eu vos mando. 3 Nm 25.1-9Os vossos olhos viram o que Jeová fez em Baal-Peor; porque, no tocante a todos os homens que seguiram a Baal-Peor, os exterminou Jeová, vosso Deus, do meio de ti. 4 Mas vós que vos unistes a Jeová, vosso Deus, todos estais vivos hoje. 5 Eis que vos ensinei estatutos e juízos, Lv 26.46;27.34assim como Jeová, meu Deus, me ordenou, para que assim os observeis no meio da terra na qual estais entrando para a possuirdes. 6 Observai-os e cumpri-os, porque Dt 30.19-20;32.46-47isso é a vossa sabedoria e o vosso entendimento, à vista dos povos que, ouvindo todos esses estatutos, dirão: Certamente, esta grande nação é povo sábio e entendido! 7 Pois que grande nação há que tenha deuses Sl 148.14tão perto de si, como o é Jeová, nosso Deus, Sl 34.18;85.9todas as vezes que o invocamos? 8 Que grande nação há que tenha Sl 89.14;97.2;119.144,160,172estatutos e juízos tão justos, como toda esta lei que hoje vos proponho?
9 Tão somente Dt 4.23;Dt 6.12;8.11,14,19guarda-te a ti mesmo, e guarda bem a tua alma, e não te esqueças das coisas que os teus olhos viram. Elas se não apaguem do teu coração Dt 6.2;12.1;16.3todos os dias da tua vida, porém Dt 4.10;6.7,20-25;11.19;32.46fá-las saber aos teus filhos e aos filhos de teus filhos. 10 Não te esqueças do dia em que estiveste perante Jeová, teu Deus, em Horebe, quando Jeová me disse: Ajunta-me o povo, e fá-los-ei ouvir as minhas palavras, Dt 14.23;17.19;31.12-13para que aprenda a temer-me todos os dias que viver na terra e para que Dt 4.9ensine a seus filhos. 11 Então, vós chegastes e estivestes ao pé do monte; Êx 19.18;Hb 12.18-19o monte ardia em fogo até o meio do céu, e havia trevas, nuvem e escuridão. 12 Jeová vos falou do meio do fogo; vós ouvistes o som de palavras, porém não vistes forma alguma; tão somente houve uma voz. 13 Ele declarou-vos a sua aliança, que vos ordenou que guardásseis, isto é, os Dt 10.4;Êx 34.28dez mandamentos; e os Êx 31.18;34.1-28escreveu em duas tábuas de pedra. 14 A mim me ordenou Jeová, nesse tempo, que eu vos ensinasse os estatutos e os juízos, para que os cumprísseis na terra à qual estais passando para a possuirdes.
15 Guardai-vos a vós mesmos cuidadosamente. Não vistes forma alguma no dia em que Jeová vos falou, em Horebe, do meio do fogo, 16 para que não Dt 4.25;9.12;31.29vos corrompais e Dt 5.8-9vos façais alguma imagem esculpida na forma de uma estátua, semelhança de homem ou de mulher, 17 semelhança de qualquer animal que há sobre a terra, semelhança de qualquer ave que voa no céu, 18 semelhança de qualquer réptil que se arrasta sobre a terra, semelhança de qualquer peixe que há nas águas debaixo da terra. 19 Guarda-te, não levantes os olhos para o céu e, vendo o sol, a lua e as estrelas, a saber, todo o exército do céu, Dt 13.5,10não sejas seduzido, não os adores e não lhes dês culto, as quais coisas Jeová, teu Deus, criou para todos os povos debaixo de todo o céu. 20 Porém Jeová vos tomou e vos tirou da 1Rs 8.51;Jr 11.4fornalha de ferro do Egito, para ter um povo que fosse a sua herança, como hoje se vê. 21 Dt 1.37Jeová irou-se contra mim por vossa causa e jurou que eu não passaria o Jordão e não entraria na boa terra que Jeová, teu Deus, te está dando por herança; 22 mas Nm 27.13-14eu tenho de morrer nesta terra, não posso passar o Jordão. Porém vós passareis e possuireis essa boa terra. 23 Guardai-vos a vós mesmos, Dt 4.9não vos esqueçais da aliança de Jeová, vosso Deus, que fez convosco e não Dt 4.16vos façais alguma imagem esculpida na forma de alguma coisa que Jeová, teu Deus, te proibiu. 24 Pois Jeová, teu Deus, é um Dt 9.3;Êx 24.17;Hb 12.29fogo consumidor, Dt 5.9;6.15um Deus zeloso.
25 Se gerardes filhos e filhos de filhos, e vos envelhecerdes na terra, e Dt 4.16vos corromperdes, e Dt 4.23fizerdes alguma imagem esculpida na forma de alguma coisa, e praticardes o que é mau aos olhos de Jeová, vosso Deus, para o provocardes à ira, 26 Dt 30.19;31.28;32.1chamo, hoje, por testemunha contra vós, o céu e a terra, que bem cedo Dt 7.4;8.19-20perecereis inteiramente da terra à qual estais passando o Jordão para a possuirdes. Não prolongareis os vossos dias nela, mas sereis por completo exterminados. 27 Jeová Dt 28.64;29.28vos espalhará entre os povos, e sereis deixados poucos em número entre as nações a que Jeová vos conduzirá. 28 Lá servireis a deuses, obra de mãos de homens, Dt 28.36,64;29.17madeira e pedra, Sl 115.4-8que não veem, nem ouvem, nem comem, nem cheiram. 29 Dt 30.1-3,10Mas de lá buscarás a Jeová, teu Deus, e o acharás, contanto que o procures Dt 6.5;10.12de todo o teu coração e de toda a tua alma. 30 Quando Sl 18.6;59.16;107.6,13estiveres em tribulação, e todas estas coisas te sobrevierem, então, nos últimos dias, te tornarás a Jeová, teu Deus, e ouvirás a sua voz. 31 Porque Jeová, teu Deus, é um Êx 34.6Deus misericordioso, Dt 31.6,8;1Cr 28.20;Js 1.5;Hb 13.5não te deixará sucumbir, Jr 30.11nem te destruirá, Lv 26.45nem se esquecerá da aliança que jurou a teus pais.
32 Agora, Dt 32.7pergunta aos tempos passados que te precederam, desde Gn 1.27;Is 45.12o dia em que Deus criou o homem sobre a terra e Dt 28.64desde uma extremidade do céu até a outra, se aconteceu jamais coisa semelhante a esta grande coisa ou se jamais se ouviu coisa semelhante? 33 Dt 5.24,26;Êx 20.22Ouviu, porventura, um povo a voz de um deus falar do meio do fogo, como tu a ouviste, e ficou vivo? 34 Dt 33.29;Êx 14.30Tem algum deus tentado ir e tomar para si uma nação do meio de outra nação, Dt 7.19por meio de provas, e de milagres, e de portentos, e de guerra, e de Dt 5.15;6.21;Sl 136.12mão poderosa, e de braço estendido, e de grandes espantos, segundo tudo o que fez por vós Jeová, vosso Deus, no Egito, diante dos vossos olhos? 35 A ti te foi mostrado, de maneira que soubesses que Jeová é Deus e Dt 4.39;Êx 8.10;9.14;Mc 12.32que não há outro senão ele. 36 Dt 4.33;8.5;Ne 9.13;Hb 12.25Do céu te fez ouvir a sua voz, para te instruir, e sobre a terra te fez ver o seu grande fogo; ouviste as suas palavras do meio do fogo. 37 Dt 7.7-8;10.15;33.3Porque amou a teus pais, e escolheu a sua semente depois deles, e te tirou do Egito com Êx 33.14;Is 63.9a sua presença e com o seu grande poder, 38 para desapossar de diante de ti nações maiores e mais fortes do que tu, para te introduzir e para Nm 32.4;34.14-15te dar a sua terra por herança, como hoje se vê. 39 Sabe, pois, hoje, e considera que Jeová é Deus em cima no céu e embaixo sobre a terra; Dt 4.35não há nenhum outro. 40 Dt 4.2;Sl 105.45Guarda os seus estatutos e os seus juízos que eu hoje vos mando, para que Dt 5.16,29,33te vá bem a ti, e a teus filhos depois de ti e para Dt 32.47;Êx 23.26que prolongues os teus dias sobre a terra que Jeová, teu Deus, te está dando, para todo o sempre.
41 Então, Dt 19.2-13;Nm 35.6;Js 20.7-9destinou Moisés três cidades além do Jordão para o nascente do sol, 42 a fim de que ali se refugiasse o homicida que matasse sem intenção ao seu próximo, a quem dantes não tinha odiado; e para que, refugiando-se numa dessas cidades, vivesse: 43 a Bezer, no deserto, no planalto, para os rubenitas; a Ramote, em Gileade, para os gaditas; e a Golã, em Basã, para os manassitas.
44 Esta é a lei que Moisés propôs aos filhos de Israel. 45 Estes são os testemunhos, e os estatutos, e os juízos que Moisés falou aos filhos de Israel, quando saíram do Egito, 46 além do Jordão, no vale Dt 3.29defronte de Bete-Peor, na terra de Nm 21.21-25Seom, rei dos amorreus, que habitava em Hesbom, a quem Moisés e os filhos de Israel derrotaram, quando saíram do Egito, 47 e tomaram a terra dele em possessão, como também a terra de Ogue, rei de Basã, sendo estes os dois reis que estavam além do Jordão para o nascente do sol; 48 desde Dt 2.36Aroer, que está à beira do vale da torrente de Arnom, até o Dt 3.9monte Sião (este é Hermom), 49 e toda a Arabá, além do Jordão, para o oriente, até o mar da Arabá, pelas faldas de Pisga.