1 ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည်ကျင့်စောင့်ခြင်းငှာ၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။တရား၊ ၁၁:၁၃-၁၇။2 သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကောင်းချီးမင်္ဂလာများ ဟူမူကား။ 3 သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။ 4 သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ 5 ခြင်တောင်း၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ 6 မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။ 7 သင့်တစ်ဖက်၌ထသော ရန်သူတို့ကို သင့်မျက်မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တစ်လမ်းတည်းဖြင့် သင်ရှိရာသို့လာသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှပြေးကြလိမ့်မည်။ 8 သင်၏ဘဏ္ဍာတိုက်၌လည်းကောင်း၊ သင်ပြုလေရာရာ၌လည်းကောင်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာရောက်စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းချီးမင်္ဂလာပေးတော်မူမည်။ 9 သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကိုစောင့်၍ လမ်းတော်သို့လိုက်လျှင်၊ ထာဝရဘုရားကျိန်ဆိုသည်အတိုင်း၊ သင့်ကိုကိုယ်တော်အဖို့ သန့်ရှင်းသောအမျိုး အစဉ်အမြဲဖြစ်စေတော်မူမည်။ 10 သင်သည် ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။ 11 ထာဝရဘုရားသည် သင့်အားပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။ 12 ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုးရွာစေခြင်းငှာလည်းကောင်း၊ သင်ပြုလေရာရာ၌ ကောင်းချီးပေးခြင်းငှာလည်းကောင်း၊ ဘဏ္ဍာတော်တိုက်တည်းဟူသော မိုးကောင်းကင်ကိုဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အားချေးငှားရသောအခွင့် မရှိရ။ 13 ထာဝရဘုရားသည် သင့်ကိုအမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရဘဲ အပေါ်၌သာနေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်လည်းကောင်း၊ 14 ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက်၍ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားတစ်ပါးသောဘုရားနောက်သို့ လိုက်၍ ဝတ်မပြုဘဲနေလျှင်လည်းကောင်း၊ ထိုသို့သောကျေးဇူးတော်ကို ခံရလိမ့်မည်။
15 ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကိုနားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကျိန်ခြင်းအမင်္ဂလာများဟူမူကား၊ 16 သင်သည် မြို့၌ အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။ 17 ခြင်တောင်း၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း အမင်္ဂလာရှိလိမ့်မည်။ 18 သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း အမင်္ဂလာရှိလိမ့်မည်။ 19 မိမိအိမ်ထဲသို့ဝင်သောအခါ အမင်္ဂလာရှိလိမ့်မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။ 20 ထာဝရဘုရားကိုစွန့်၍ ပြုမိသော ဒုစရိုက်အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူမည်။ 21 သင်သွား၍ ဝင်စားလတ္တံ့သောပြည်မှ သုတ်သင်ပယ်ရှင်းတော်မမူမီ တိုင်အောင်၊ ကာလနာကို သင်၌စွဲစေတော်မူမည်။ 22 ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်လည်းကောင်း၊ ဓားဘေး၊ လေထိ၍အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူ၍၊ သင်သည်မပျက်စီးမီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။ 23 သင့်ခေါင်းပေါ်မှာ မိုးကောင်းကင်သည် ကြေးဝါကဲ့သို့လည်းကောင်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ 24 ထာဝရဘုရားသည် သင့်နေရာပြည်၌ရွာသော မိုးရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမီတိုင်အောင် သင့်အပေါ်မှာကျရလိမ့်မည်။ 25 သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကိုဒဏ်ပေးတော်မူမည်။ သင်သည် တစ်လမ်းတည်းဖြင့် သူတို့ရှိရာသို့သွားသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သူတို့ရှေ့မှပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်းအပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။ 26 သင်၏အသေကောင်သည် မိုးကောင်းကင်ငှက်၊ တောသားရဲစားစရာဖို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။ 27 ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သောယားနာဖြင့် ဒဏ်ခတ်တော်မူမည်။ 28 ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊ 29 မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်းသပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ်ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင်ရ။ 30 မိန်းမနှင့် လက်ထပ်ပြီးသော်လည်း အခြားသောသူသည် ပေါင်းဖော်ရလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်သီးကို မဆွတ်မယူရ။ 31 သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေသော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တစ်ဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌အပ်သောအခါ ကယ်နုတ်သောသူ မပေါ်မရှိရ။ 32 သင့်သားသမီးတို့သည် သူတစ်ပါးလက်သို့ရောက်၍၊ သင့်မျက်စိသည် တစ်နေ့လုံး မျှော်ကြည့်လျက် အားကုန်လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။ 33 သင်မသိမကျွမ်းသောလူမျိုးသည် သင့်နေရာပြည်၏ အသီးအနှံကိုလည်းကောင်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကိုလည်းကောင်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုသာ အစဉ်မပြတ်ခံရလိမ့်မည်။ 34 ထိုသို့ ကိုယ်တိုင်တွေ့မြင်သောအမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။ 35 ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဖဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သောအနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။
36 ထာဝရဘုရားသည်၊ သင်ချီးမြှောက်သောရှင်ဘုရင်ကို သင်နှင့် သင့်ဘိုးဘေးတို့ မသိမကျွမ်းဖူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ 37 ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူသော အပြည်ပြည်တို့၌ သင်သည်အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။ 38 သင်သည် များစွာသောမျိုးစေ့ကို လယ်သို့ယူသွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။ 39 စပျစ်ဥယျာဉ်တို့ကို စိုက်၍ပြုစုသော်လည်း၊ ပိုးများကိုက်စားသောကြောင့် ကိုယ်တိုင်စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။ 40 သင့်နေရာအရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ။ 41 သားသမီးကိုဖွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ 42 သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။ 43 သင်နှင့်အတူနေသော တစ်ပါးအမျိုးသားသည်မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။ 44 သူသည် သင့်အားချေးငှားသောအခွင့် ရှိလိမ့်မည်။ သင်မူကား၊ သူ့အားချေးငှားသောအခွင့် မရှိရ။ သူသည်ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။ 45 သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည်စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍မီလျက် ရှိကြလိမ့်မည်။ 46 သင့်အပေါ်၌လည်းကောင်း၊ သင့်အမျိုးအနွယ်အပေါ်၌လည်းကောင်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှု ဖြစ်ကြလိမ့်မည်။ 47 သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊ 48 ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းပိုးကို တင်ထားတော်မူမည်။
49,50 ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊ အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သောလူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ထာဝရဘုရားသည်ခေါ်၍ သင့်ကို တိုက်စေတော်မူမည်။ 51 သင်သည် မပျက်စီးမီတိုင်အောင်၊ ထိုရန်သူသည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမီတိုင်အောင်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဖို့ မချန်မထားရ။ 52 သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသောမြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမီတိုင်အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့်မည်။ 53 ထိုသို့ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေသောအခါ၊ ကိုယ်ရင်သွေးတည်းဟူသော သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။ 54 သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ်စေသောအခါ၊ 55 အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသားသမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိရင်ခွင်၌ရှိသောမယား ကျန်ကြွင်းသေးသော သားသမီးတို့ကို မနာလိုသောစိတ်ရှိ၍ ထိုအသားကို သူတို့အားမဝေမပေးဘဲ စားလိမ့်မည်။ 56,57 သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ်စေသောအခါ၊ အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သောမိန်းမသည်လည်း၊ စားစရာအလျှင်း မရှိသောကြောင့်၊ မိမိရင်ခွင်၌ရှိသော လင်၊ မိမိသားသမီး၊ မိမိဝမ်းထဲက ထွက်သောအချင်း၊ မိမိဖွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ၍ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည်။၄ ရာ၊ ၆:၂၈-၂၉၊မြည်၊ ၄:၁၀။58 သင်၏ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၍ ကြောက်မက်ဖွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ရေးထားသော ဤတရားတော်စကား အလုံးစုံတို့ကို သင်သည် မကျင့်မစောင့်ဘဲနေလျှင်၊ 59 ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အမျိုးအနွယ် ခံရသောဘေးတို့ကို အံ့ဩဖွယ်သောဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံသောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။ 60 ထိုမှတစ်ပါး၊ သင်ကြောက်တတ်သော အဲဂုတ္တုပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။ 61 ထိုမှတစ်ပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထားသော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည်မပျက်စီးမီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။ 62 သင်သည် အရေအတွက်အားဖြင့် မိုးကောင်းကင် ကြယ်ကဲ့သို့များသော်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် နည်းနည်းဖြစ်ရလိမ့်မည်။ 63 သင့်ကို ကျေးဇူးပြု၍ များပြားစေသောအမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ၊ တစ်ဖန် သင့်ကိုဖျက်ဆီး၍ အကျိုးနည်းစရာအမှု၌ ပျော်မွေ့တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတ္တံ့သောပြည်ထဲက သင်သည် သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။ 64 ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတစ်ဖက်မှသည် တစ်ဖက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့် သင့်ဘိုးဘေးတို့မသိဖူးသော အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ 65 ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမျှော်၍ အားကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရားစီရင်တော်မူသဖြင့်၊ 66 သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညမပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။ 67 သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက်အချိန်၌ သင်က၊ ညရောက်ပါစေဟူ၍လည်းကောင်း၊ ညအချိန်၌ နံနက်ရောက်ပါစေ ဟူ၍လည်းကောင်း ဆုတောင်းရလိမ့်မည်။ 68 ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရဟု မိန့်တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တစ်ဖန်သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထိုပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကိုမဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။
1 Dt 7.12-26;Êx 23.22-27;Lv 26.3-13Se ouvires atentamente a voz de Jeová, teu Deus, cuidando de cumprir todos os mandamentos que eu hoje te ordeno, Jeová, teu Deus, Dt 26.19;28.13te exaltará acima de todas as nações da terra. 2 Todas estas bênçãos virão sobre ti e te alcançarão, se ouvires a voz de Jeová, teu Deus: 3 Bendito serás na cidade e bendito serás no campo. 4 Bendito será o fruto do teu ventre, e o fruto do teu solo, e o fruto do teu gado, e as crias das tuas vacas e dos teus rebanhos. 5 Bendito será o teu cesto e a tua amassadeira. 6 Bendito serás quando entrares e bendito serás quando saíres.
7 Jeová fará que caiam diante de ti os teus inimigos que se levantarem contra ti; virão contra ti por um caminho e por sete fugirão da tua presença. 8 Jeová mandará que a bênção esteja contigo nos teus celeiros e em todas as coisas a que puseres a tua mão; e te abençoará na terra que Jeová, teu Deus, te está dando. 9 Jeová te estabelecerá para si como um povo santo, como te prometeu, com juramento, desde que guardes os mandamentos de Jeová, teu Deus, e andes nos seus caminhos. 10 Todos os povos da terra verão que é invocado sobre ti o nome de Jeová; e terão temor de ti. 11 Dt 28.4Jeová te fará abundar até a prosperidade no fruto do teu ventre, no fruto do teu gado e no fruto do teu solo, na terra que Jeová prometeu, com juramento, a teus pais que te daria. 12 Jeová te abrirá o seu bom tesouro, o céu, para dar a chuva da tua terra a seu tempo e para abençoar todas as obras das tuas mãos. Dt 23.20Emprestarás a muitas nações, porém não tomarás emprestado. 13 Dt 28.1,44Jeová fará que sejas a cabeça e não a cauda; e só estarás em cima e não debaixo; desde que ouças os mandamentos de Jeová, teu Deus, que eu hoje te ordeno, para os observares e cumprires. 14 Dt 5.32Não te desvies de nenhuma das palavras que eu hoje te ordeno, nem para a direita nem para a esquerda, indo após outros deuses, a fim de os servir.
15 Lv 26.14-43;Js 23.15Porém, se não ouvires a voz de Jeová, teu Deus, cuidando em observares todos os seus mandamentos e os seus estatutos que eu hoje te ordeno, virão sobre ti e te alcançarão todas estas maldições. 16 Dt 28.3Maldito serás na cidade e maldito serás no campo. 17 Dt 28.5Maldito será o teu cesto e a tua amassadeira. 18 Dt 28.4Maldito será o fruto do teu ventre, o fruto do teu solo, as crias das tuas vacas e dos teus rebanhos. 19 Dt 28.6Maldito serás quando entrares e maldito serás quando saíres.
20 Dt 28.8Jeová mandará sobre ti maldição, derrota e repreensão em todas as coisas em que puseres a tua mão, até que Dt 4.26sejas destruído e até que pereças repentinamente, por causa da maldade das tuas obras, nas quais me abandonaste. 21 Lv 26.25;Nm 14.12Jeová te fará pegar a ti a peste, até que te haja consumido da terra, em que entrares a possuir. 22 Jeová te ferirá de tísica, e de febre, e de inflamação, e de calor ardente, e de seca, e de crestamento, e de Am 4.9mangra; e te perseguirão até que Dt 4.29pereças. 23 O teu céu que está por cima da tua cabeça será de bronze; e a terra que está debaixo de ti será de ferro. 24 Dt 11.17;28.12Jeová dará por chuva da tua terra pó e poeira; do céu descerá sobre ti até que sejas destruído.
25 Dt 28.7Jeová fará que sejas ferido diante dos teus inimigos; por um caminho sairás contra eles e por sete fugirás da sua presença. Serás 2Cr 29.8;Jr 15.4espetáculo horrendo a todos os reinos da terra. 26 Jr 7.33;16.4;19.7;34.20Os teus cadáveres servirão de pasto a todas as aves do céu e os animais da terra, e não haverá quem os enxote. 27 Dt 28.60-61;7.15Jeová te ferirá da úlcera do Egito, e de bubões, e de sarna, e de prurigo, de que não te poderás curar. 28 Jeová te ferirá de loucura, e de cegueira, e de desnorteamento de espírito. 29 Êx 10.21Andarás apalpando ao meio dia, como o cego apalpa nas trevas e não prosperarás nos teus caminhos; e somente serás oprimido e roubado em todo o tempo, e não haverá quem te salve. 30 Desposar-te-ás com uma mulher, e outro homem a violentará; Am 5.11edificarás uma casa e não habitarás nela; plantarás uma vinha e não a desfrutarás. 31 O teu boi será morto diante dos teus olhos, e não comerás dele; o teu jumento será arrebatado diante de ti e não te será restituído; as tuas ovelhas serão dadas aos teus inimigos, e não haverá quem te salve. 32 Dt 28.41Teus filhos e tuas filhas serão entregues a outro povo, os teus olhos o verão e desfalecerão de saudades todo o dia; e não estará no poder da tua mão fazer coisa alguma. 33 O fruto da tua terra e todos os teus trabalhos, comê-los-á uma nação que não conheces. Somente serás oprimido e esmagado em todo o tempo; 34 desesperado ficarás com aquilo que vires com os teus olhos. 35 De úlceras malignas, de que não te poderás curar, Dt 28.27Jeová te ferirá nos joelhos e nas pernas, desde a planta do teu pé até o alto da cabeça.
36 2Rs 17.4,6;24.12,14;25.7,11Jeová te levará a ti e ao teu rei que tiveres estabelecido sobre ti a uma nação que não conheceste, nem tu, nem teus pais; e ali servirás a outros deuses, Dt 4.28ao pau e à pedra. 37 Jr 19.8;29.18Virás a ser pasmo, provérbio e ludíbrio entre todos os povos a que Jeová te levar. 38 Is 5.10;Mq 6.15Levarás muita semente para o campo e recolherás pouco, porque Jl 1.4o gafanhoto a devorará. 39 Is 5.10;17.10-11Plantarás vinhas e as cultivarás, porém não lhes beberás o vinho, nem colherás as uvas, porque o bicho as devorará. 40 Jr 11.16;Mq 6.15Terás oliveiras em todos os teus termos, porém não te ungirás com azeite, porque as tuas azeitonas cairão. 41 Dt 28.32Gerarás filhos e filhas, porém não serão para ti, porque irão em cativeiro. 42 Dt 28.38Todas as tuas árvores e os frutos do teu solo, possuí-los-á o gafanhoto. 43 O Dt 28.13peregrino que está no meio de ti se elevará cada vez acima de ti, e tu descerás cada vez mais. 44 Dt 28.12Ele te emprestará a ti, mas tu não emprestarás a ele; Dt 28.13ele será a cabeça, e tu serás a cauda. 45 Todas essas maldições virão sobre ti, te perseguirão e te alcançarão, Dt 4.25-26até que sejas destruído, porque não ouviste a voz de Jeová, teu Deus, para guardares os seus mandamentos e os seus estatutos que te ordenou. 46 Estarão sobre ti por sinal e por prodígios, como também sobre a tua semente, para sempre.
47 Porque Dt 12.7não serviste a Jeová, teu Deus, com gosto e com alegria de coração, por causa da abundância de todas as coisas; 48 assim, servirás aos teus inimigos que Jeová enviará contra ti, Lm 4.4-6em fome, em sede, em nudez e em falta de todas as coisas. Jr 28.13-14Sobre o teu pescoço porá um jugo de ferro até que te haja destruído. 49 Is 5.26-30;7.18-20Jeová fará vir contra ti de longe, das extremidades da terra, uma nação à semelhança da águia que voa impetuosamente, nação cuja língua não entenderás, 50 nação de rosto feroz que não terá respeito ao velho, nem se compadecerá do moço. 51 Ela comerá o fruto do teu gado e o fruto do teu solo, até que sejas destruído; e não te deixará pão, mosto, nem azeite, nem as crias das tuas vacas e dos teus rebanhos, até que te haja destruído. 52 Jr 10.17-18;Zc 1.15-16Sitiar-te-á em todas as tuas cidades, até que em toda a tua terra venham cair os teus altos e fortes muros em que confiavas; e te sitiará em todas as tuas cidades em toda a tua terra que Jeová, teu Deus, te há dado 53 Lv 26.29;Jr 19.9;Lm 2.20Comerás o fruto do teu ventre, as carnes de teus filhos e de tuas filhas que Jeová, teu Deus, te há dado, no sítio e no aperto com que os teus inimigos te apertarão. 54 O homem que é mimoso entre vós e mui delicado, o seu olho será mesquinho para com seu irmão, e para com a mulher do seu regaço, e para com o restante de seus filhos que lhe ficarem; 55 de sorte que não dará a nenhum deles da carne de seus filhos que ele comer, por não lhe ficar nada, no sítio e no aperto com que os teus inimigos te apertarão em todas as tuas cidades. 56 Lm 4.10A mulher mimosa e delicada entre vós, que por delicadeza e mimo não tentar pôr a planta do pé sobre a terra, o seu olho será mesquinho para com o marido do seu regaço, e para com seu filho, e para com sua filha. 57 Será mesquinha para com as suas párias que saírem dentre os pés e para com seus filhos que der à luz; porque os comerá às escondidas pela falta de todas as coisas, no sítio e no aperto com que os teus inimigos te apertarão nas tuas cidades.
58 Se não cuidares de cumprir todas as palavras desta lei que estão escritas neste livro, para temeres este glorioso e temível nome: JEOVÁ, TEU DEUS, 59 Jeová fará espantosas as tuas pragas e as pragas da tua semente; sim, pragas grandes e perseverantes e enfermidades malignas e rebeldes. 60 Dt 28.27Fará tornar sobre ti todas as doenças do Egito de que tiveste temor; e se apegarão a ti. 61 Também Jeová fará vir sobre ti toda enfermidade, e toda praga, que não está escrita no livro desta lei, Dt 4.25-26até que sejas destruído, 62 Ficareis poucos em número, Dt 1.10em lugar de serdes em multidão como as estrelas do céu, porque não ouviste a voz de Jeová, teu Deus. 63 Assim como Jeová se deleitava em vós, para vos fazer bem e para vos multiplicar, assim Jeová se deleitará em vós, para vos fazer perecer e para vos destruir. Jr 12.14;45.4Sereis arrancados da terra em que entrardes para a possuirdes. 64 Jeová Dt 4.27te espalhará por entre todos os povos, desde uma extremidade da terra à outra; e ali Dt 4.28;29.26;32.17servirás a outros deuses, que não conheceste, nem tu nem teus pais, a saber, ao pau e à pedra. 65 Lm 1.3Entre estas nações não terás repouso, nem haverá descanso para a planta do teu pé; mas Jeová te dará ali um coração agitado, e desfalecimento de olhos, e desmaio de alma. 66 A tua vida estará como em suspenso diante de ti; temerás de dia e de noite e não crerás na tua vida. 67 De manhã dirás: Oxalá que fosse a tarde; e à tarde dirás: Oxalá que fosse a manhã. Isso dirás pelo temor do teu coração que sentirás e pelo que verás com os teus olhos. 68 Jeová te fará tornar ao Egito em navios, pelo caminho Êx 13.14de que te disse: Nunca tornarás a vê-lo. Ali, vos vendereis aos vossos inimigos para serdes escravos e escravas, e não haverá quem vos compre.