1 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သို့ သင်သည်ဝင်စား၍ နေသောအခါ၊ 2 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်းတောင်း၌ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်တည်စရာဖို့ ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊ထွ၊ ၂၃:၁၉။3 ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယနေ့အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ်အား ပြောဆိုရမည်။ 4 ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ချထားရမည်။ 5 သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့သွား၍ လူအနည်းငယ်နှင့်တကွ တည်းခိုစဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။ 6 အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ်စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။ 7 ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှုတော်မူ၏။ 8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဖွယ်သော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ပြီးလျှင်၊ 9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။ 10 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနားတော်မူသောပြည်၌ အဦးသီးသောအသီးကို အကျွန်ုပ်ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။ 11 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှသောကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍ တစ်ပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ခြင်းကို ပြုရမည်။
12 သုံးနှစ်တွင် ဆယ်ဖို့တစ်ဖို့ပေးရသော တတိယနှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ကောက်ယူ၍၊ လေဝိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေးမွေးပြီးမှ၊တရား၊၁၄:၂၈-၂၉။13 သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့အားပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။ 14 မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဖို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဖို့ အနည်းငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထားတော်မူသမျှအတိုင်း ပြုပါပြီ။ 15 ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင်ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့အား ပေးတော်မူသောပြည်၊ နို့နှင့်ပျားရည် စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါဟု လျှောက်ဆိုရမည်။
16 ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။ 17 ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍လည်းကောင်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့်ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍လည်းကောင်း ယနေ့သင်သည် ဝန်ခံပြီ။ 18 ထာဝရဘုရားသည်လည်း ကတိထားတော်မူသမျှအတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုးဖြစ်သည်ဟူ၍လည်းကောင်း၊ထွ၊ ၁၉:၅၊တရား၊ ၄:၂၀၊၇:၆၊၁၄:၂၊တိ၊ ၂:၁၄၊၁ ပေ၊ ၂:၉။19 ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေ ကျော်စောကိတ္တိကို လွန်ကဲစေတော်မူမည်ဟူ၍လည်းကောင်း ကတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်စေခြင်းငှာလည်းကောင်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။
1 Quando entrares na terra que Jeová, teu Deus, te está dando por herança, e a possuíres, e nela habitares, 2 tomarás das Êx 22.29;23.16,19primícias de todos os frutos do solo que recolheres da tua terra que Jeová, teu Deus, te está dando; pô-los-ás num cesto e irás ao lugar que Jeová, teu Deus, escolher para ali fazer habitar o seu nome. 3 Chegarás ao sacerdote que estiver de serviço nesses dias e lhe dirás: Hoje, declaro a Jeová, teu Deus, que entrei na terra que ele prometeu, com juramento, a nossos pais que nos daria. 4 O sacerdote, tomando o cesto da tua mão, pô-lo-á defronte de Jeová, teu Deus. 5 Então, responderás: Um Gn 25.30;31.40-42;43.1-14arameu, prestes a perecer, era meu pai e desceu ao Egito, para ali peregrinar com Gn 46.27pouca gente. Ali, veio a ser nação Dt 1.10;10.22grande, forte e numerosa. 6 Os egípcios nos maltrataram, nos afligiram e nos impuseram uma dura servidão. 7 Clamamos a Jeová, Deus de nossos pais, e ele ouviu a nossa voz e viu a nossa aflição, o nosso trabalho e a nossa opressão; 8 e Dt 4.34tirou-nos do Egito com mão forte, e com braço estendido, e com grande espanto, e com milagres, e com portentos. 9 Introduziu-nos neste lugar, numa Êx 3.8,17terra que mana leite e mel. 10 Eis que, agora, trago as primícias dos frutos do solo que tu, ó Jeová, me deste. Assim as porás diante de Jeová, teu Deus, e o adorarás. 11 Dt 12.7Alegrar-te-ás por todo o bem que Jeová, teu Deus, te há dado a ti e a tua casa, tu, e o Dt 12.12levita, e o peregrino que está no meio de ti.
12 Dt 14.28-29;Hb 7.5,9,10Quando tiveres acabado de dizimar todos os dízimos da tua novidade no terceiro ano, que é o ano do dízimo, dá-lo-ás ao levita, ao peregrino, ao órfão e à viúva, para que comam dentro das tuas portas e se fartem. 13 Dirás diante de Jeová, teu Deus: Tirei da minha casa as coisas consagradas e também as dei ao levita, ao peregrino, ao órfão e à viúva, de acordo com todo o teu mandamento que me ordenaste. Não transgredi nenhum dos teus mandamentos, nem deles me esqueci. 14 Delas não comi no meu luto, nem delas tirei coisa alguma, quando eram imundas, nem delas dei para os mortos; eu ouvi a voz de Jeová, meu Deus, e fiz segundo tudo o que me ordenaste. 15 Olha desde a tua santa habitação, desde o céu, e abençoa o teu povo de Israel e o solo que nos deste, assim como prometeste, com juramento, a nossos pais, Dt 26.9uma terra que mana leite e mel.
16 Hoje Jeová, teu Deus, te ordena que observes estes estatutos e juízos; portanto, os guardarás e observarás de Dt 4.29todo o teu coração e de toda a tua alma. 17 Hoje, fizeste Jeová dizer que te será por Deus e que andarás nos seus caminhos, e guardarás os seus estatutos, os seus mandamentos e os seus juízos, e ouvirás a sua voz. 18 Jeová, hoje, te fez dizer que lhe serás Dt 7.6por seu próprio povo, como te prometeu, e que guardarás todos os seus mandamentos; 19 de modo que, Dt 28.1,13acima de todas as nações que ele fez, te exalte para seu louvor, renome e honra, a fim de que sejas um Dt 7.6povo santo a Jeová, teu Deus, como disse.