1 သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။ထွ၊ ၂၃:၄-၅။2 ညီအစ်ကို ဝေးသော်လည်းကောင်း၊ သူ့ကို မသိသော်လည်းကောင်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကိုသည် မရှာ၊ သူ၌ မအပ်မီတိုင်အောင် ကိုယ်အိမ်၌ ထားရမည်။ 3 မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစ်စုံတစ်ခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူပြုရမည်။ 4 ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။
5 မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ 6 သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက်နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။ 7 သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ်လိုက်ရမည်။ 8 လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သောအပြစ် မရောက်မည်အကြောင်း၊ အိမ်အသစ်ကိုဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအတားကို လုပ်ရမည်။ 9 စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီးနှစ်ပါးစလုံး ပျက်လိမ့်မည်။ဝတ်၊ ၁၉:၁၉။10 နွားနှင့်မြည်းကို ဖက်၍လယ်မထွန်ရ။ 11 ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ 12 သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ကိုဆွဲရမည်။တော၊ ၁၅:၃၇-၄၁။
13 လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တစ်ဖန် ထိုမိန်းမကိုမုန်း၍၊ 14 ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကိုပြု၍ သူ့အသရေကိုဖျက်လျှင်၊ 15 ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာသက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ 16 ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကိုမုန်း၍၊ 17 သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟုဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာလက္ခဏာသက်သေ ဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။ 18 ထိုအခါ မြို့၌ အသက်ကြီးသူတို့သည် ထိုလူကိုယူ၍ ရိုက်ပြီးမှ၊ 19 ငွေတစ်ပိဿာကို လျော်စေ၍၊ မိန်းမ၏အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုးကညာ၏အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တစ်သက်လုံး ထိုမိန်းမနှင့်မကွာရ။ 20 သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာလက္ခဏာသက်သေမရှိလျှင်၊ 21 မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
22 လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။ 23 အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊ 24 ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သောကြောင့်လည်းကောင်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်လည်းကောင်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။ 25 အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ အခြားသော ယောက်ျားသည် တော၌တွေ့၍ အနိုင်အထက်ပြုလျှင်၊ ထိုယောက်ျားတစ်ယောက်တည်းကိုသာ အသေသတ်ရမည်။ 26 သေထိုက်သောအပြစ် မရှိသောထိုမိန်းမကို သင်သည် အဘယ်သို့မျှမပြုရ။ 27 အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူမရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတစ်ယောက်ကို တစ်ယောက် ရန်ပြု၍သတ်သောအမှုနှင့်တူ၏။ 28 ယောက်ျားနှင့် မထိမ်းမြားမဆောင်နှင်းသေးသော အပျိုကညာကို အခြားသောယောက်ျားသည်တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊ထွ၊ ၂၂:၁၆-၁၇။29 ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။ သူ့ကိုရှုတ်ချသောကြောင့် တစ်သက်လုံး မကွာရ။ 30 လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကို မသိမ်းရ။ဝတ်၊ ၁၈:၈၊၂၀:၁၁၊တရား၊ ၂၇:၂၀။
1 Êx 23.4-5Vendo extraviado o boi de teu irmão ou a ovelha, não passarás por eles indiferente; sem falta os restituirás a teu irmão. 2 Se teu irmão não estiver perto de ti ou não o conheceres, levarás o animal para tua casa, e ficará contigo até que teu irmão o exija; então, lho restituirás. 3 Do mesmo modo farás com o seu jumento; o mesmo farás com o seu vestido; e assim farás com toda coisa perdida que teu irmão tiver perdido, e tu achares; não ficarás indiferente. 4 Vendo o jumento de teu irmão ou o seu boi caídos no caminho, não passarás por eles indiferente; sem falta o ajudarás a levantá-los.
5 A mulher não trará traje de homem, nem o homem vestirá o vestido de mulher, porque aquele que faz estas coisas é abominável a Jeová, teu Deus.
6 Se de caminho encontrares, numa árvore ou no chão, o ninho duma ave com filhinhos ou ovos, e a mãe posta sobre os filhinhos ou sobre os ovos, Lv 22.28não apanharás a mãe com os filhinhos; 7 sem falta deixarás ir a mãe, porém poderás tomar para o teu uso os seus filhinhos, Dt 4.40para que te vá bem e para que prolongues os teus dias.
8 Quando edificares uma casa nova, farás um parapeito no teto, para que, se alguém dali cair, não tragas sangue sobre a tua casa.
9 Lv 19.19Não semearás a tua vinha com duas espécies de semente, para que não se corrompa todo o produto, tanto da semente que semeaste como da novidade da vinha. 10 Não lavrarás com boi e asno juntamente. 11 Lv 19.19Não te vestirás de coisa que seja tecido de lã e de linho.
12 Nm 15.37-41;Mt 23.5Fímbrias porás nos quatro cantos da tua capa com que cobrires.
13 Dt 24.1Se um homem casar com uma mulher, e, depois de coabitar com ela, a aborrecer, 14 e contra ela fizer alegações arbitrárias, e divulgar uma má fama contra ela, e disser: Casei-me com esta mulher e, quando fui deitar-me com ela, não achei nela os sinais da virgindade, 15 o pai da moça e sua mãe tomarão os sinais da virgindade da moça e os levarão aos anciãos da cidade à porta. 16 O pai da moça dirá aos anciãos: Dei minha filha por mulher a este homem, e ele a aborrece; 17 eis que contra ela tem feito alegações arbitrárias, dizendo: Não achei em tua filha os sinais da virgindade. Todavia, estes são os sinais da virgindade de minha filha. Estenderão a roupa na presença dos anciãos da cidade. 18 Então, os anciãos daquela cidade tomarão o homem e o castigarão; 19 e multá-lo-ão em cem siclos de prata e os darão ao pai da moça, porque divulgou má fama contra uma virgem de Israel. Ela ficará sendo sua mulher, e ele não a poderá repudiar por todos os seus dias. 20 Porém, se isso for verdadeiro, a saber, que não se acharam na moça os sinais da virgindade, 21 tirarão a moça até a porta da casa de seu pai, e os homens da cidade a apedrejarão, até que morra; porque Dt 23.17-18;Lv 19.29;21.9cometeu uma loucura em Israel, fornicando na casa de seu pai. Assim, exterminarás o mal do meio de ti.
22 Lv 20.10;Ez 16.38;Jo 8.5Se um homem se achar deitado com uma mulher que tenha marido, morrerão ambos eles: o homem que se deitar com a mulher e a mulher. Assim, exterminarás de Israel o mal.
23 Lv 19.20-22Se a uma moça virgem que for desposada, um homem a achar na cidade e se deitar com ela, 24 trareis ambos à porta daquela cidade e os apedrejareis até que morram: a moça, porque, estando na cidade, não gritou, e o homem, porque humilhou a mulher do seu próximo. Assim, exterminarás o mal do meio de ti.
25 Porém, se o homem achar no campo a moça que é desposada, e pegar nela, e se deitar com ela, então, morrerá somente o homem que se deitou com ela; 26 mas à moça, não lhe farás nada. Não há na moça pecado digno de morte, porque, como no caso do homem que se levanta contra o seu próximo e lhe tira a vida, assim também é este caso; 27 pois a achou no campo. A moça desposada gritou, e não houve quem a livrasse.
28 Êx 22.16Se um homem achar uma moça que é virgem e não é desposada, e pegar nela, e se deitar com ela, e forem apanhados; 29 o homem que se deitou com ela dará ao pai da moça cinquenta siclos de prata, e ela ficará sendo sua mulher, porque a humilhou. Não a poderá repudiar por todos os seus dias.
30 Dt 27.20Um homem não tomará a mulher de seu pai e não levantará o vestido de seu pai.