1 သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံးဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များဟူမူကား၊ 2 သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသောသစ်ပင်အောက်၌ မိမိတို့ဘုရားများကို ဝတ်ပြုရာအရပ်ရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးရမည်။ 3 သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏နာမကိုပင် ပယ်ရှင်းရမည်။တရား၊၇:၅။4 သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအားမပြုရဘဲ၊ 5 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ်ရှိသမျှတို့တွင် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍လာရကြမည်။ 6 ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိသောယဇ်များ၊ ဆယ်ဖို့တစ်ဖို့ ပူဇော်သကာ၊ ချီမြှောက်ရာပူဇော်သကာ၊ သစ္စာကတိနှင့် ဆိုင်သောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာမှစ၍၊ သိုးနွားတွင် အဦးဖွားသောသားငယ်တို့ကို ဆောင်ခဲ့ရကြမည်။ 7 ထိုအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။ 8 ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဉာဏ်ကိုလိုက်၍ မပြုရကြ။ 9 သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အမွေခံရာချမ်းသာထဲသို့ သင်တို့သည် မဝင်ရကြသေး။ 10 သင်တို့သည် ယော်ဒန်မြစ်တစ်ဖက်သို့ကူး၍၊ သင်တို့အမွေခံရာဖို့ သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကိုကယ်နုတ်တော်မူသဖြင့် ငြိမ်ဝပ်စွာနေကြသောအခါ၊ 11 နာမတော်ကိုတည်စေဖို့ရာ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသောအရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဖို့တစ်ဖို့ပူဇော်သကာ၊ ချီမြှောက်ရာ ပူဇော်သကာ၊ ထာဝရဘုရားအားကတိရှိသည်အတိုင်း၊ မြတ်သောပူဇော်သကာတို့ကို ဆောင်ခဲ့ရကြမည်။ 12 ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဖို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌တည်းခိုသော လေဝိသားတို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။ 13 တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။ 14 သင်တို့အမျိုးတစ်မျိုးတွင် ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌ မီးရှို့ရာယဇ်ကိုပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။ 15 သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သောအလိုသို့လိုက်၍ သတ်စားရသော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကိုစားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။က၊ ၉:၄၊ဝတ်၊ ၇:၂၆-၂၇၊၁၇:၁၀-၁၄၊၁၉:၂၆၊တရား၊ ၁၅:၂၃။16 သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။
17 စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တွင် ပူဇော်သောတစ်ဖို့၊ သိုးနွားတွင် အဦးဖွားသောသားငယ်၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာ၊ ချီမြှောက်ရာပူဇော်သကာ တစ်စုံတစ်ခုကိုမျှ၊ သင်တို့သည် ကိုယ်နေရာအရပ်၌ မစားရကြ။ 18 သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသောလေဝိသားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကိုပြုရကြမည်။ 19 မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။ 20 သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကတိတော်ရှိသည်အတိုင်း၊ သင်၏နေရာပြည်ကို ကျယ်စေတော်မူသောအခါ၊ သင်သည် အမဲသားကိုစားချင်သောစိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ 21 သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ 22 သမင်၊ ဒရယ်ကိုစားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍စားရသောအခွင့် ရှိကြ၏။ 23 သို့ရာတွင်၊ အသွေးကိုမစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌တည်၏။ အသားနှင့်တကွ အသက်ကိုမစားရ။ဝတ်၊ ၁၇:၁၀-၁၄။24 ထိုကြောင့် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။ 25 သင်သည် ထာဝရဘုရား နှစ်သက်တော်မူဖွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာနေရမည်အကြောင်း၊ အသွေးကိုရှောင်ရမည်။ 26 သင်၌ သန့်ရှင်းသောပူဇော်သကာ၊ သစ္စာကတိအတိုင်းပြုသော ပူဇော်သကာတို့ကိုယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။ 27 အသားနှင့် အသွေးကိုရောနှော၍၊ မီးရှို့ရာယဇ်တို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကိုစားရမည်။ 28 သင်၏ ဘုရားသခင်ထာဝရဘုရား နှစ်သက်မြတ်နိုးတော်မူဖွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကားတို့ကိုစေ့စေ့နားထောင်၍ စောင့်ရှောက်လော့။
29 သင်သွား၍ ဝင်စားလတ္တံ့သောပြည်၌ ရှိသောလူမျိုးတို့ကို၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊ 30 သူတို့သည် သင့်ရှေ့မှာပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရားဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။ 31 သူတို့ပြုသကဲ့သို့၊ သင်၏ ဘုရားသခင်ထာဝရဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သားသမီးကိုပင် သူတို့ဘုရားအားဝတ်ပြု၍ မီးရှို့ကြပြီ။ 32 ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ထပ်၍ မပိုရ၊ နုတ်၍ မလျော့စေရ။တရား၊ ၄:၂၊ဗျာ၊ ၂၂:၁၈-၁၉။
1 Estes são os estatutos e os juízos que cuidareis de cumprir na terra que Jeová, Deus de vossos pais, vos deu para a possuirdes por Dt 4.9todos os dias que viverdes sobre a terra. 2 Certamente, destruireis todos os lugares em que as nações que vós possuireis serviram aos seus deuses, sobre os altos montes, e sobre os outeiros, e debaixo de toda árvore frondosa. 3 Dt 7.5Deitareis abaixo os seus altares, e quebrareis as suas colunas, e queimareis a fogo os seus Aserins; cortareis as imagens esculpidas de seus deuses e fareis perecer o seu nome daquele lugar. 4 Não procedereis de modo semelhante para com Jeová, vosso Deus. 5 Dt 12.11,13;Êx 20.24Porém ao lugar que Jeová, vosso Deus, escolher de todas as vossas tribos para ali pôr o seu nome, sim, à sua habitação recorrereis e para lá vireis: 6 A esse lugar trareis os vossos holocaustos, e os vossos sacrifícios, e os vossos dízimos, e as ofertas alçadas da vossa mão, e os vossos votos, e as vossas ofertas voluntárias, e os primogênitos do vosso gado e do vosso rebanho. 7 Ali, comereis diante de Jeová, vosso Deus, e vos Dt 12.12,18;Dt 14.26;28.47regozijareis, vós e as vossas casas, em todas as coisas em que meterdes a mão, nas quais Jeová, vosso Deus, vos tiver abençoado. 8 Não procedereis em nada como hoje procedemos aqui, fazendo cada um tudo o que bem lhe parece aos seus olhos; 9 pois até agora não entrastes no Dt 3.20;25.19;Sl 95.11descanso e na Dt 4.21herança que Jeová, vosso Deus, vos está dando. 10 Mas, quando passardes o Jordão e habitardes na terra que Jeová, vosso Deus, vos faz herdar, e Js 11.23ele vos der descanso de todos os vossos inimigos ao redor, de sorte que habiteis seguros; 11 ao Dt 12.5lugar que escolher Jeová, vosso Deus, para ali fazer habitar o seu nome, a esse lugar trareis tudo o que eu vos ordeno: os vossos holocaustos, os vossos sacrifícios, os vossos dízimos, as ofertas alçadas da vossa mão e tudo o que há de melhor que oferecerdes a Jeová, cumprindo votos. 12 Vós Dt 12.7vos regozijareis diante de Jeová, vosso Deus, vós, vossos filhos, vossas filhas, vossos servos, vossas servas e o Dt 12.18-19;26.11-13levita que está das vossas portas para dentro, porquanto convosco Dt 10.9não tem parte nem herança. 13 Dt 12.5,11Guarda-te de ofereceres os teus holocaustos em todo lugar que vires; 14 mas, no lugar que Jeová escolher numa das tuas tribos, ali oferecerás os teus holocaustos e ali farás tudo o que eu te ordeno.
15 Dt 12.20-23Todavia, poderás matar e comer carne dentro das tuas portas, conforme todo o desejo da tua alma, segundo a bênção de Jeová, teu Deus, que te concedeu; o imundo e o limpo, comerá dela, como da Dt 12.22;14.5gazela e como do veado. 16 Lv 17.10-12Tão somente não comerás o sangue; Dt 15.23derramá-lo-ás como água sobre a terra. 17 Dt 12.26Dentro das tuas portas não poderás comer o dízimo do teu pão, do teu mosto e do teu azeite, nem os primogênitos do teu gado ou do teu rebanho, nem qualquer das tuas ofertas votivas, nem as tuas ofertas voluntárias, nem as ofertas alçadas da tua mão; 18 porém as comerás diante de Jeová, teu Deus, no Dt 12.5lugar que ele escolher, tu, teu filho, tua filha, o teu servo, a tua serva e o Dt 12.12levita que está das tuas portas para dentro; e Dt 12.7te regozijarás em todas as coisas nas quais meteres a mão. 19 Guarda-te de desamparares o levita por todo o tempo que viveres na tua terra.
20 Quando Jeová, teu Deus, dilatar o teu território, como te prometeu, e disseres: Comerei carne, porquanto a tua alma deseja comer carne, poderás comer carne, conforme todo o desejo da tua alma. 21 Se estiver longe de ti o lugar que Jeová, teu Deus, escolher para ali pôr o seu nome, matarás do teu gado e do teu rebanho que Jeová te houver dado, como te ordenei, e comerás dentro das tuas portas, conforme todo o desejo da tua alma. 22 Como se come a gazela e o veado, assim comerás essas carnes; delas comerá igualmente o imundo e o limpo. 23 Somente firma-te em Dt 12.16não comeres o sangue, pois o sangue é a vida. Não comerás a vida com a carne. 24 Não o comerás; derramá-lo-ás sobre a terra como água. 25 Não o comerás, para Dt 4.40que te vá bem a ti e a teus filhos depois de ti, quando fizeres o que é reto aos olhos de Jeová. 26 Dt 12.17Somente tomarás as tuas coisas sagradas que tiveres, as tuas ofertas votivas e irás ao lugar que Jeová escolher. 27 Oferecerás os teus holocaustos, a carne e o sangue, sobre o altar de Jeová, teu Deus; e o sangue dos teus sacrifícios derramar-se-á sobre o altar de Jeová, teu Deus, e Lv 3.1-17comerás a carne. 28 Observa e ouve todas estas palavras que eu te ordeno, para Dt 4.40que te vá bem a ti e a teus filhos depois de ti, para sempre, quando fizeres o que é bom e reto aos olhos de Jeová, teu Deus.
29 Quando Jeová, teu Deus, exterminar de diante de ti as nações, no meio das quais tu estás entrando para as possuir, e as desapossares e habitares na sua terra, 30 guarda-te de seres seduzido para as seguires, depois que forem destruídas de diante de ti. Não indagues acerca dos seus deuses, dizendo: De que modo serviam estas nações aos seus deuses? Do mesmo modo também farei eu. 31 Dt 9.5Não procederás de modo semelhante para com Jeová, teu Deus, porque elas têm feito aos seus deuses todas as abominações, que Jeová odeia; Dt 18.10;Lv 18.21;Sl 106.37pois eles até queimam aos seus deuses seus filhos e suas filhas.
32 Dt 4.2Tudo quanto eu te ordeno, isso cuidarás de fazer; a isso nada acrescentarás, nem disso nada diminuirás.