1 သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား၏သားဖြစ်ကြ၏။ သေသောသူအတွက် အသားကိုမခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကိုမရိတ်ရ။ဝတ်၊ ၁၉:၂၈၊၂၁:၅။2 သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။ထွ၊ ၁၉:၅-၆၊တရား၊ ၄:၂၀၊၇:၆၊၂၆:၁၈၊တိ၊ ၂:၁၄၊၁ ပေ၊ ၂:၉။
3 စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင်တို့မစားရ။ 4 စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊ 5 သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရအစရှိသော၊ 6 ခွာကွဲပြား၍ စားမြုံ့ပြန်သောသားများကို စားရသောအခွင့်ရှိ၏။ 7 သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုတ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ 8 ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ 9 ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယက်နှင့်အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။ 10 အယက်နှင့်အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။ 11 စင်ကြယ်သောငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။ 12 မစားရသောငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊ 13 ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊ 14 ကျီးမျိုးရှိသမျှ၊ 15 ကုလားအုတ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊ 16 ဇီးကွက်၊ ဣဗိတ်၊ ငှက်ကျား၊ 17 ဝံပို၊ ဝံလို၊ ကြိုးကြာ၊ 18 တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊ 19 အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသားကို မစားရ။ 20 စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
21 အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့၌ တည်းခိုသော တစ်ပါးအမျိုးသားစားစရာဖို့ ပေးရမည်။ သို့မဟုတ် တစ်ကျွန်းတစ်နိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။ထွ၊ ၂၃:၁၉၊၃၄:၂၆။
22 လယ်ယာ၌ တစ်နှစ်တစ်နှစ်တွင်သိမ်းရသော အသီးအနှံဆယ်ဖို့တစ်ဖို့ကို အမှန်ခွဲထားရမည်။ဝတ်၊ ၂၇:၃၀-၃၃။ တော၊ ၁၈:၂၁။23 သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဖွားသော သားငယ်ဆယ်ဖို့တစ်ဖို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။ 24 သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်ချီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်၍ မသွားနိုင်လျှင်၊ 25 ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့သွား၍၊ 26 စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။ 27 သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသားဟူမူကား၊ သင်တို့နှင့်ရော၍၊ အဖို့မရှိ၊ အမွေကိုမခံရသောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊ 28 တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။ 29 သင်တို့နှင့်ရော၍ အဖို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ရှိသော တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။
1 Filhos sois de Jeová, vosso Deus; Lv 21.5não vos cortareis a vós mesmos, nem vos fareis abrir calva entre os olhos por causa dos mortos. 2 Pois és Dt 7.6povo santo a Jeová, teu Deus, e Jeová te escolheu para lhe seres seu próprio povo, acima de todos os povos que há sobre a face da terra.
3 Não comerás coisa alguma abominável. 4 Lv 11.1-45;At 10.14Estes são os animais que comereis: o boi, a ovelha, a cabra, 5 o veado, a gazela, a caama, a cabra montês, a antílope adax, a antílope órix e a ovelha montês. 6 Todo o que tem a unha fendida, e o casco dividido, e rumina entre os animais, esse comereis. 7 Os seguintes, contudo, não comereis entre os que ruminam ou entre os que têm a unha fendida: o camelo, a lebre, o querogrilo, porque ruminam, porém não têm a unha fendida; estes são imundos para vós; 8 e o porco, porque tem a unha fendida, porém não rumina, esse é imundo para vós. Não comereis da carne desses animais, nem tocareis nos seus cadáveres.
9 De todos os animais que vivem nas águas, comereis estes: todo o que tem barbatanas e escamas, esse comereis; 10 todo o que não tem barbatanas nem escamas, esse não comereis; é imundo para vós.
11 De todas as aves limpas podereis comer. 12 Porém estas são as de que não comereis: o abutre, o quebrantosso, o halieto, 13 o gavião, o falcão e o milhafre, segundo a sua espécie; 14 todo corvo, segundo a sua espécie; 15 o avestruz, a coruja, a gaivota e o açor, segundo a sua espécie; 16 o mocho, o íbis e o porfirião; 17 o pelicano, o abutre e o corvo marinho; 18 a cegonha, a garça, segundo a sua espécie, a poupa e o morcego. 19 Todos os insetos alados são para vós imundos; não se comerão. 20 De todos os insetos limpos podereis comer.
21 Não comereis a carne de um animal que morre por si. Poderás dá-la ao peregrino que está das tuas portas para dentro, para que a coma, ou poderás vendê-la ao estrangeiro; porque és Dt 14.2povo santo a Jeová, teu Deus. Êx 23.19;34.26Não cozerás o cabrito no leite de sua mãe.
22 Certamente, darás os dízimos de todo o produto da tua semente, a saber, de tudo o que nasce nos teus campos de ano em ano. 23 Comerás, diante de Jeová, teu Deus, Dt 12.5no lugar que escolher para ali fazer habitar o seu nome, o dízimo do teu pão, do teu mosto e do teu azeite e os primogênitos do teu gado e do teu rebanho; para que Dt 4.10aprendas a temer a Jeová, teu Deus, em todo o tempo. 24 Se o caminho te for comprido demais, de sorte que não possas levar o dízimo, por ser demasiado longe de ti o lugar que Jeová, teu Deus, escolher para ali Dt 12.5pôr o seu nome, quando Jeová, teu Deus, te abençoar, 25 convertê-lo-ás em dinheiro, atarás o dinheiro na tua mão e irás ao lugar que Jeová, teu Deus, escolher. 26 Darás esse dinheiro por tudo o que desejar a tua alma, por bois ou por ovelhas, ou por vinho, ou por bebidas fortes, ou por tudo o que te pedir a tua alma; Dt 12.7ali, comerás diante de Jeová, teu Deus, e te regozijarás, tu e tua casa. 27 Dt 12.12O levita que está das tuas portas para dentro, não o desampararás, Dt 10.9porque não tem porção nem herança contigo.
28 Dt 26.12No fim de cada três anos, tirarás todos os dízimos da colheita do terceiro ano e o depositarás dentro das tuas portas. 29 O levita Dt 10.9(por não ter ele porção nem herança contigo), o Dt 16.11,14;24.19-21;26.12peregrino, o órfão e a viúva que estão das tuas portas para dentro virão, Dt 6.11comerão e se fartarão, para que Jeová, teu Deus, te abençoe em todas as obras que as tuas mãos fizerem.