1 ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်ကိုရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသော စကားဟူမူကား၊ဟေရှာ၊ ၁၃:၁-၁၄:၂၃၊ ၄၇:၁-၁၅။2 လူမျိုးတို့တွင် သတင်းကြားပြောကြလော့။ ဝှက်၍မထားဘဲ အလံကိုထူ၍ ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရောဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန် ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ ကျိုးပဲ့လျက်ရှိကြ၏။ 3 လူတစ်မျိုးသည် မြောက်မျက်နှာမှ လာ၍ ဗာဗုလုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသောသူမရှိရ။ လူနှင့် တိရစ္ဆာန်တို့သည် အကုန်အစင် ထွက်သွားကြလိမ့်မည်။
4 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့် ပေါင်းဖက်၍ လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင် ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။ 5 ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့်မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိတ်သဟာယဖွဲ့ကြလိမ့်မည်။ 6 ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာ လမ်းလွဲစေကြပြီ။ သူတို့သည် တောင်တစ်လုံးမှတစ်လုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကို မေ့လျော့ကြပြီ။ 7 သူတို့ကို တွေ့ကြုံသမျှသော သူတို့သည် ကိုက်စားကြပြီ။ ရန်သူတို့က၊ သူတို့သည် တရားသောငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ ငါတို့သည် ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆိုကြပြီ။
8 ဗာဗုလုန်မြို့ထဲက ပြေးကြလော့။ ခါလဒဲပြည်မှထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။ဗျာ၊ ၁၈:၄။9 အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့မည်။ သူတို့သည် မြို့တစ်ဖက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ပစ်သောမြားတို့သည် လိမ္မာသော စစ်သူရဲ၏မြားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။ 10 ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသောသူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11 ငါ့အမွေကိုဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။ 12 ထိုကြောင့်၊ သင်တို့အမိသည် မိန်းမောတွေဝေလိမ့်မည်။ သင်တို့ကိုမွေးဖွားသောသူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသောပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သောလွင်ပြင် ဖြစ်ရလိမ့်မည်။ 13 ထာဝရဘုရား၏အမျက်တော်ကြောင့် နောက်တစ်ဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရလိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသောသူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကိုထောက်လျက်၊ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။ 14 ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြလော့။ သူသည် ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြားကိုမနှမြောဘဲ ပစ်ကြလော့။ 15 မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည်ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ်နှင့်အလျောက် စီရင်ကြလော့။ သူသည်ပြုဖူးသည်အတိုင်း သူ၌ပြုကြလော့။ 16 ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသောသူနှင့် စပါးရိတ်သောသူတို့ကို ပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ဓားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ပြန်သွား၍၊ မိမိတို့ပြည်သို့ ပြေးကြလိမ့်မည်။
17 ဣသရေလသည် အရပ်ရပ်သို့လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ယှက်ကြပြီ။ အာရှုရိရှင်ဘုရင်သည် ရှေ့ဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။ 18 ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည်နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေးမည်။ 19 ဣသရေလကို သူ၏နေရင်းအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့် ဗာရှန်တောင်ပေါ်မှာကျက်စား၍၊ ဧဖရိမ်တောင်နှင့် ဂိလဒ်တောင်ပေါ်မှာ ဝလိမ့်မည်။ 20 ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြောသော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကို ရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏အပြစ်ကို ငါဖြေရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
21 ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သောပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကို အကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်းပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ 22 ထိုပြည်၌ စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။ 23 မြေတစ်ပြင်လုံးကို ရိုက်နှက်သော သံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။ 24 အို ဗာဗုလုန်မြို့၊ သင့်အဖို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။ 25 ထာဝရဘုရားသည် လက်နက်စုံတိုက်တော်ကိုဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသောအမှုပေတည်း။ 26 မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် တိုက်ကြလော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြလော့။ 27 သူ၏ နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသောအချိန်ရောက်လေပြီ။ 28 ငါတို့ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသတင်းကို ဇိအုန်မြို့၌ ကြားပြောအံ့သောငှာ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံကို ကြားရ၏။ 29 လေးသမားတို့ကို ဗာဗုလုန်မြို့သို့ ခေါ်ကြလော့။ ပစ်တတ်သောသူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော့။ မြို့သူမြို့သား တစ်ယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြလော့။ သူပြုဖူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ထာဝရဘုရားတစ်ဖက်၌ ဝါကြွားပြီတကား။ဗျာ၊ ၁၈:၆။30 ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ 31 ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို မာနကြီးသောသူ၊ သင့်တစ်ဖက်၌ ငါနေ၏။ အကယ်စင်စစ် သင်၏အချိန်၊ ဆုံးမခြင်းကိုခံရသောအချိန်ရောက်လေပြီ။ 32 မာနကြီးသောသူသည် ထိမိ၍လဲပြီးမှ အဘယ်သူမျှ မကြွရ။ ငါသည်လည်း သူ့နေရာမြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသော သူအပေါင်းတို့ကိုလောင်လိမ့်မည်ဟု မိန့်တော်မူ၏။
33 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွ ယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကို သိမ်းသွားသောသူရှိသမျှတို့သည် ချုပ်ထားပြီးလျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။ 34 သို့ရာတွင်၊ သူတို့ကိုရွေးနုတ်သောသခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည် သူတို့အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ်စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ယှက်လျက် ပြုတော်မူမည်။ 35 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဓားဘေးသည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။ 36 ဓားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက်၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ဓားဘေးသည် ထိုမြို့သား စစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။ 37 ဓားဘေးသည် မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့ အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဓားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည် လုယူကြလိမ့်မည်။ 38 ခန်းခြောက်ခြင်းဘေးသည် မြို့၏ရေတို့အပေါ်သို့ ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုပြည်သည် ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။ 39 ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုတ်ငှက်တို့သည်လည်း နေရာကျကြလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။ဗျာ၊ ၁၈း၂။40 သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ နီးစပ်သော မြို့များကို ဘုရားသခင် ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှ မနေရ၊ လူသားတစ်စုံတစ်ယောက်မျှ နေရာမကျရဟု၊ ထာဝရဘုရား မိန့်တော်မူ၏။က၊ ၁၉:၂၄-၂၅။
41 ကြည့်ရှုလော့။ လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှလာ၏။ ကြီးစွာသောလူမျိုးနှင့် များစွာသော ရှင်ဘုရင်တို့သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။ 42 လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဗာဗုလုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။ 43 သူတို့၏သတင်းကို ဗာဗုလုန်ရှင်ဘုရင်သည်ကြား၍ လက်အားလျော့၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမ ခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကိုလည်းကောင်းခံရ၏။ 44 ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှတက်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့ တက်သောအခါ၊ နေသောသူသည် ချက်ချင်းပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း ဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။ 45 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့တစ်ဖက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တစ်ဖက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် အားမရှိသောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။ 46 ဗာဗုလုန်မြို့ကို တိုက်ယူသောအသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုးတို့သည် ကြားရကြ၏။
1 A palavra que falou Jeová acerca de Jr 20.4-6;Gn 10.10;11.9;2Rs 17.24;Is 13.1;Dn 1.1;Ap 14.8Babilônia, acerca da terra dos caldeus, por meio do profeta Jeremias.
2 Jr 4.16Anunciai entre as nações e publicai, e Jr 51.27arvorai um estandarte; publicai e não encubrais; dizei: Jr 51.31Tomada está Babilônia, Is 46.1envergonhado Bel, espantado Merodaque; envergonhadas estão Jr 51.47as suas imagens, espantados os seus ídolos. 3 Pois do Jr 50.9;Jr 51.11,27;Is 13.17norte vem contra ela uma nação, que tornará a sua terra Jr 50.13;Is 14.22-23em desolação, e ninguém habitará nela; tanto os homens como os animais já Jr 9.10;Sf 1.3fugiram e se foram. 4 Naqueles dias e naquele tempo, diz Jeová, virão os filhos de Israel, Jr 3.18;31.31;33.7;Is 11.12-13;Os 1.11juntamente com os filhos de Judá, seguirão o seu caminho Jr 31.9;Ed 3.12-13chorando, e buscarão a Jeová seu Deus. 5 Tendo os seus rostos voltados para lá, Jr 6.16;Is 35.8indagarão acerca de Sião, dizendo: Vinde, e uni-vos a Jeová com uma Jr 32.40;Is 55.3;Hb 8.6-10aliança sempiterna que nunca será esquecida.
6 Is 53.6;Ez 34.15-16;Mt 9.36;10.6Ovelhas perdidas têm sido o meu povo; Jr 23.11-14os seus pastores fizeram-nas errar, e voltar aos Jr 13.16;Ez 34.6montes; do monte passaram ao outeiro, esqueceram-se do Jr 50.19;Jr 33.12lugar do seu repouso. 7 Jr 50.17Todos os que os acharam, os devoraram, e os seus adversários disseram: Não somos culpados; porque Jr 40.2-3pecaram contra Jeová, Jr 31.23morada de justiça, contra Jeová, Jr 14.8;17.13esperança de seus pais. 8 Jr 50.28;Jr 51.6Fugi do meio de Babilônia, e saí da terra dos caldeus, e sede como os bodes que vão adiante dos rebanhos. 9 Pois eis que Jr 51.1-2suscitarei e farei vir da Jr 50.3terra boreal contra Babilônia uma assembleia de grandes nações; Jr 50.14,29por-se-ão em ordem contra ela, e dali será ela tomada. As suas flechas serão as de um valente perito que não tornará vazio. 10 Jr 51.24,35;Ez 11.24Caldeia servirá de presa; e todos os que a despojaram, serão fartos, diz Jeová.
11 Porquanto vos alegrais, porquanto vos regozijais, ó vós que Jr 12.14saqueais a minha herança, porquanto estais soltos como Jr 46.20novilha que pisa o trigo, e rinchais como ginetes; 12 mui envergonhada será Jr 15.9vossa mãe, confundida será a que vos deu à luz; eis que será a última das nações, Jr 22.6;51.43erma, terra árida, e deserta. 13 Por causa do furor de Jeová Jr 25.12;34.22não será habitada, mas será Jr 50.3;Jr 51.36de todo desolada; todo o que passar por Babilônia, Jr 18.16;49.17se espantará e assobiará por causa de todas as suas pragas. 14 Jr 50.29Ponde-vos em ordem contra Babilônia ao redor, todos vós os que armais o arco; atirai-lhe, não poupeis as flechas; porque ela tem Hc 2.8,17pecado contra Jeová. 15 Jr 51.14Gritai contra ela ao redor; 1Cr 29.24ela se submeteu, caídos estão os seus baluartes, derrubados Jr 51.44,58os seus muros. Pois é Jr 50.29;Jr 46.10vingança de Jeová; tomai vingança dela: Jr 50.29;Sl 137.8como ela tem feito, assim fazei-lhe a ela. 16 Exterminai de Babilônia Jl 1.11o que semeia e o que maneja a foice no tempo da ceifa; por causa da Jr 25.38;46.16espada opressora Jr 51.9;Is 13.14tornarão cada um para o seu povo, e fugirão, cada um para a sua terra.
17 Israel é Jr 50.6ovelha desgarrada que Jr 2.15;4.7os leões afugentaram: Jr 50.7devorou-o primeiro o 2Rs 15.29;17.6;18.9-13rei da Assíria, e por fim este 2Rs 24.1,10-12;25.1-7Nabucodonosor, rei de Babilônia, quebrou-lhe os ossos. 18 Portanto assim diz Jeová dos Exércitos, Deus de Israel: Eis que Is 10.12;Ez 31.3,11-12;Na 1.1;3.7,18-19castigarei o rei de Babilônia e a sua terra, como castiguei o rei da Assíria. 19 Jr 31.10;33.12Farei voltar Israel para a sua morada, e pastará no Carmelo e em Basã, e a sua alma se fartará nos Jr 31.5outeiros de Efraim e de Gileade. 20 Naqueles dias e naquele tempo, diz Jeová, buscar-se-á a iniquidade de Israel, Jr 31.34;Is 43.25;Mq 7.19e não a haverá mais; e os pecados de Judá, e não se acharão: pois Jr 33.8;Is 1.9;Rm 9.26-27perdoarei aos que eu reservar.
21 Sobe à terra de Merataim, sobe contra ela e contra os habitantes de Ez 23.23Pécode; mata e de todo destrói após eles, diz Jeová, Jr 48.10e faze conforme tudo o que te ordenei. 22 Na terra há som de guerra, e de grande destruiçãoJr 4.19-21;51.54-56. 23 Como está partido e quebrado Jr 51.20-24o martelo de toda a terra! como se tornou Babilônia um espetáculo horrendo entre as nações! 24 Eu te Jr 48.43-44;51.31enredei, e foste também Dn 5.30-31tomada, ó Babilônia, e tu não o soubeste; estás surpreendida e também apanhada, porque tens Jó 9.4;40.2,9provocado a Jeová. 25 Jeová acaba de abrir o seu arsenal, e tirar dele as Is 13.5armas da sua indignação; porque o Senhor, Jeová dos Exércitos, Jr 50.15;Jr 51.12,25,55tem que fazer na terra dos caldeus. 26 Vinde contra ela Jr 50.41de todos os lados, Jr 50.10;Is 45.3abri os seus celeiros, fazei dela montões, Is 14.23e destruí-a de todo; não fique dela resto algum. 27 Is 34.7Matai a todos os seus novilhos; Jr 48.15desçam eles ao degoladouro: ai deles! pois é chegado o Jr 46.21;Sl 37.13;Ez 7.7seu dia, o tempo da sua visitação. 28 Eis Is 48.20a voz dos que Jr 50.8;Jr 51.6fogem e escapam da terra de Babilônia para anunciar em Sião Jr 50.15;Jr 51.10;Sl 149.6-9a vingança de Jeová, nosso Deus, a vingança do seu Lm 1.10;2.6-7templo.
29 Jr 50.14Convocai contra Babilônia os flecheiros, todos os que armam o arco; acampai-vos contra ela em redor; e não escape ninguém. Pagai-lhe Jr 50.15;Jr 51.56;Sl 137.8conforme a sua obra; conforme tudo o que ela tem feito, assim lhe fazei a ela; porque se houve Jr 49.16;Êx 10.3;Dn 4.37arrogantemente contra Jeová, contra o Santo de Israel. 30 Por isso os Jr 9.21;18.21;49.26;Is 13.17-18seus mancebos cairão nas suas ruas, e todos os seus homens de guerra serão Jr 51.56-57reduzidos ao silêncio naquele dia, diz Jeová. 31 Eis Jr 21.13;Na 2.13que sou contra ti, ó orgulhosa, diz o Senhor, Jeová dos Exércitos: pois é chegado o teu dia, o tempo em que te visitarei. 32 A Is 10.12-15orgulhosa tropeçará, e cairá, e ninguém a levantará; e Jr 21.14;49.27acenderei fogo nas suas cidades, que devorará todos os que estão ao redor dela.
33 Assim diz Jeová dos Exércitos: Os filhos de Israel e os filhos de Judá juntamente sofrem opressão; e Is 14.17;58.6todos os que os levaram cativos, os retêm; recusam deixá-los ir. 34 O Jr 15.21;31.11;Is 43.14redentor deles é forte; Jr 32.18;51.19Jeová dos Exércitos é o seu nome; certamente Jr 51.36;Mq 7.9defenderá em juízo a causa deles, para Is 14.3-7dar descanso à terra, e para inquietar os habitantes de Babilônia. 35 A Jr 47.6;Os 11.6espada está sobre os caldeus, diz Jeová, e sobre os habitantes de Babilônia, e sobre os seus Dn 5.1-2,30príncipes, e sobre os seus Dn 5.7-8sábios. 36 A espada está sobre os Is 44.25paroleiros, e eles ficarão insensatos; a espada está sobre os seus Jr 49.22valentes, e eles serão Na 3.13espantados. 37 A espada está sobre os Jr 51.21-22;Sl 20.7-8seus cavalos, e sobre os seus carros, e sobre todo Jr 25.20;Ez 30.5o povo misto que se acha no meio dela, e eles tornar-se-ão Jr 48.41;51.30como mulheres; a espada está sobre os seus tesouros, e eles serão roubados. 38 A Jr 51.36seca está sobre as suas águas, e elas secarão; pois é terra de Jr 50.2;Is 46.1,6,7imagens esculpidas, e pelos seus ídolos fazem-se loucos. 39 Portanto Jr 51.37;Is 13.21-22feras do deserto juntamente com lobos habitarão ali, e morarão nela avestruzes e nunca mais será habitada, Is 13.20nem servirá de moradia de geração em geração. 40 Como quando Deus subverteu Jr 49.13;Lc 17.28-30;2Pe 2.6;Jd 7a Sodoma e a Gomorra e as suas cidades vizinhas, diz Jeová, não habitará ali homem, nem nela peregrinará filho de homem.
41 Jr 6.22-24Eis que um povo vem Jr 50.3,9;Jr 51.27-28;Is 13.2-5do norte; e uma grande nação e muitos reis serão suscitados dos últimos confins da terra. 42 Armam-se de arco e de lança; Is 13.17-18;47.6são cruéis, e não têm piedade; a voz deles Is 5.30brama como o mar, e montam Jr 8.16;47.3;Hc 1.8em cavalos, cada um Jr 50.9,14;Jl 2.5posto em ordem, como homem para a batalha, contra ti, ó filha de Babilônia. 43 Já ouviu o Jr 51.31rei de Babilônia a fama deles, e desfalecem as suas mãos; dele se apoderou a Jr 30.6angústia, e dores como as da mulher que está de parto. 44 Jr 49.19-21Eis que subirá um inimigo, como leão, da soberba do Jordão contra a morada forte; mas de repente o farei correr dela; quem for Nm 16.5escolhido, pô-lo-ei sobre ela. Pois quem Is 46.9há semelhante a mim? quem me fixará um prazo? e quem é o pastor que Jr 30.21;Jó 41.10me poderá resistir. 45 Portanto ouvi Jr 51.10-11;Is 14.24o conselho de Jeová, que tomou contra Babilônia, e os desígnios que formou contra a terra dos caldeus: Jr 49.20certamente eles, os mais pequenos do rebanho, serão arrastados; certamente a sua habitação será espantada por causa deles. 46 Ao estrondo da tomada de Babilônia, Jr 10.10;49.21;Ez 26.18;31.16estremece a terra; e ouve-se entre as nações Jr 46.12;51.54;Is 5.7;15.5;Ez 27.28o grito.