1 ယုဒရှင်ဘုရင် ယောရှိသားယောယကိမ် နန်းထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊၄ရာ၊ ၂၃:၃၆-၂၄:၆။ ၆ရာ၊၃၆:၅-၇။2 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှာ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ငါသည်သင်၌ မှာထားသမျှသော စကားတို့ကို ဗိမာန်တော် တံတိုင်းထဲမှာ ရပ်လျက်၊ သူတို့အား ပြန်ပြောလော့။ တစ်ခွန်းကိုမျှ မထိမ်မဝှက်နှင့်။ 3 သူတို့သည် နားထောင်၍၊ အသီးအသီး မိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေးမည်ဟု ကြံစည်ခြင်းကို နောင်တရမည်။ 4 သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်းသို့မလိုက်၊ 5 ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲနေလျှင်၊ 6 ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသောမြို့ ဖြစ်စေမည်ဟု မိန့်တော်မူ၏။ယောရှု၊ ၁၈:၁။ ဆာ၊ ၇၈:၆၀။ ယေ၊ ၇:၁၂-၁၄။
7 ထိုစကားကို ဗိမာန်တော်၌ ယေရမိဟောပြောသည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများအပေါင်းတို့သည် ကြားကြ၏။ 8 လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကိုဖမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 9 ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟု ပြောဆိုလျက်၊ လူများအပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတစ်ဖက်၌ စုဝေးကြ၏။ 10 ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသောအခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။ 11 ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူသည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုကြ၏။ 12 ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှာ၊ ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။ 13 ယခုမှာ သင်တို့၏ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်းလဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တစ်ဖန် နောင်တရတော်မူလိမ့်မည်။ 14 ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။ 15 သို့ရာတွင်၊ ငါ့ကိုသတ်လျှင် အပြစ်မရှိသောအသွေးကို သင်တို့သည် ကိုယ်အပေါ်သို့လည်းကောင်း၊ ဤမြို့နှင့် မြို့သားတို့ အပေါ်သို့လည်းကောင်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကားအလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရားသည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။ 16 ထိုအခါ မှူးမတ်အစရှိသော လူများအပေါင်းတို့က၊ ဤသူသည် အသေခံထိုက်သည် မဟုတ်။ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့အားဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏။ 17 ပြည်သားအသက်ကြီးသူ အချို့ကလည်း၊ 18 ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။မိ၊ ၃:၁၂။19 ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင်ဟေဇကိသည် ထိုပရောဖက်ကို သတ်သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံ့သည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တစ်ဖန် နောင်တရတော်မူသည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီးခြင်းငှာ ပြုကြသည်တကားဟု စည်းဝေးသောသူအပေါင်းတို့အား ပြောဆိုကြ၏။
20 ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ထိုမြို့နှင့် ထိုပြည်တစ်ဖက်၌ ပရောဖက်ပြု၍၊ ယေရမိဟောပြောသောစကားနှင့် တ ညီတည်းဟောပြော၏။ 21 ယောယကိမ်မင်းကြီးနှင့် မင်းများ၊ မှူးမတ်များအပေါင်းတို့သည် ထိုပရောဖက်၏ စကားကိုကြားသောအခါ၊ သူ့ကို သတ်အံ့သောငှာ မင်းကြီးသည် ရှာကြံ၏။ ထိုသတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တုပြည်သို့ ပြေးသွားလေ၏။ 22 ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊ 23 ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ဓားနှင့်သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏သင်္ချိုင်း၌ ပစ်ထားလေ၏။ 24 သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကိုမစသောကြောင့်၊ အသေခံစေခြင်းငှာ လူများတို့လက်သို့ မအပ်ရ။
1 No princípio do reinado de 2Rs 23.36;2Cr 36.4-5Jeoaquim, filho de Josias, rei de Judá, Jr 7.1-2veio da parte de Jeová esta palavra, dizendo: 2 Assim diz Jeová: Põe-te no Jr 7.2;19.14;2Cr 24.20-21;Lc 19.47-48átrio da Casa de Jeová e fala a todas as cidades de Judá, que vêm a adorar na Casa de Jeová, Jr 1.17;42.4;At 20.20,27todas as palavras que eu te mandar que lhes fales; Dt 4.2não omitas uma só palavra. 3 Jr 36.3-7;Is 1.16-19Pode ser que ouçam e se convertam, cada um do seu mau caminho, Jr 26.13,19;Jr 18.8para que eu me arrependa do mal que intento fazer-lhes por causa da maldade dos seus feitos. 4 Dir-lhes-ás: Assim diz Jeová: Jr 17.27;22.5;Lv 26.14;1Rs 9.6;Is 1.20Se não me ouvirdes, Jr 32.23;44.10,23para andardes na minha lei, que pus diante de vós, 5 e para ouvirdes as palavras Jr 25.4;2Rs 9.7;Ed 9.11dos meus servos, os profetas, que eu Jr 25.3-4vos envio, levantando-me cedo e enviando-os (porém vós não tendes escutado), 6 farei que esta casa seja como Jr 7.12,14;1Sm 4.10-12,22;Sl 78.60-61Siló e farei desta cidade uma Jr 24.9;25.18;2Rs 22.19maldição para todas as nações da terra. 7 Jr 5.31;Mq 3.11Os sacerdotes, os profetas e todo o povo ouviram a Jeremias, proferindo estas palavras na Casa de Jeová.
8 Tendo Jeremias acabado de falar tudo o que Jeová lhe ordenara que falasse a todo o povo, Jr 2.30;20.1-2pegaram nele os sacerdotes, e os profetas, e todo o povo, dizendo: Jr 11.19;18.23;Lm 4.13-14;Mt 21.35-36;23.34-35Certamente, morrerás. 9 Porque profetizaste em nome de Jeová, dizendo: Esta casa será Jr 26.6como Siló, e esta cidade ficará Jr 9.11;33.10erma e desabitada. At 3.11;5.12Todo o povo se ajuntou a Jeremias, na Casa de Jeová.
10 Quando Jr 26.16,21;Jr 34.19os príncipes de Judá ouviram essas coisas, At 21.31-32subiram da casa do rei à Casa de Jeová e se assentaram Jr 36.10à entrada da Porta Nova da Casa de Jeová. 11 Disseram Jr 18.23os sacerdotes e os profetas aos príncipes e a todo o povo: Este homem Dt 18.20;Mt 26.66é réu de morte, porque profetizou Jr 38.4;At 6.11-14contra esta cidade, como ouvistes com os vossos próprios ouvidos. 12 Jeremias falou a todos os príncipes e a todo o povo: Jr 26.2,15;Jr 1.17-18;Am 7.15;At 4.19;5.29Jeová enviou-me a profetizar contra esta casa e contra esta cidade todas as palavras que ouvistes. 13 Agora, pois, Jr 7.3,5;18.11;35.15emendai os vossos caminhos e os vossos feitos e obedecei a voz de Jeová, vosso Deus, e Jeová Jr 26.3;Jr 18.8;Jl 2.14;Jn 3.9;4.2se arrependerá do mal que falou contra vós. 14 Mas, quanto a mim, eis que estou Jr 38.5;Js 9.25nas vossas mãos; fazei a mim conforme for bom e reto aos vossos olhos. 15 Tão somente ficai sabendo que, se vós me tirardes a vida, trareis Jr 7.6;Nm 35.33;Pv 6.16-17sangue inocente sobre vós mesmos, sobre esta cidade e sobre os seus habitantes; porque, Jr 26.2,12na verdade, Jeová me enviou a vós a falar aos vossos ouvidos todas essas palavras.
16 Disseram Jr 26.11;Jr 36.19,25;38.7,13os príncipes e todo o povo aos sacerdotes e aos profetas: Este homem At 5.34-39;23.9,29;25.25;26.31não é réu de morte, pois em nome de Jeová, nosso Deus, nos falou. 17 Levantaram-se alguns dos anciãos da terra e falaram a toda a assembleia do povo: 18 Mq 1.1Miqueias, o morastita, profetizou nos dias de Ezequias, rei de Judá; e falou a todo o povo de Judá: Assim diz Jeová dos Exércitos: Jr 9.11;Ne 4.2;Sl 79.1;Mq 3.12Sião será lavrada como um campo, e Jerusalém se tornará em montões, Jr 17.3;Is 2.2-3;Mq 4.1;Zc 8.3e o monte da Casa, em altos cobertos de bosque. 19 Porventura, lhe tiraram a vida Ezequias, rei de Judá, e todo o Judá? Acaso, 2Cr 29.6-11;32.26;Is 37.1,4,15-20não temeu o rei a Jeová, e não se arrependeu Jeová do mal que falara contra eles? Mas Jr 44.7;Hc 2.10nós estamos fazendo um grande mal contra as nossas almas.
20 Houve também um homem, Urias, filho de Semaías, de Js 9.17;1Sm 6.21;7.2Quiriate-Jearim, que profetizava em nome de Jeová; e profetizou contra esta cidade e contra esta terra segundo todas as palavras de Jeremias. 21 Quando o rei Jeoaquim, e todos os seus principais homens, e todos os príncipes ouviram as palavras dele, Jr 36.26;2Cr 16.10;Mt 14.5procurou o rei tirar-lhe a vida; mas, quando Urias o ouviu, temeu, 1Rs 19.2-4;Mt 10.23,28fugiu e foi para o Egito. 22 Enviou o rei Jeoaquim certos homens ao Egito; enviou ao Egito Jr 36.12Elnatã, filho de Acbor, e Jr 2.30outros homens com ele, 23 os quais tiraram do Egito a Urias e o trouxeram ao rei Jeoaquim; este o fez morrer à espada e lançou o seu cadáver nas sepulturas da plebe. 24 Porém a mão de Jr 39.14;40.5-7;2Rs 22.12-14Aicão, filho de Safã, foi com Jeremias, de modo Jr 1.18-19;1Rs 18.4que não foi entregue nas mãos do povo, para que o matasse.