1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့တစ်ဖက်၌လည်းကောင်း၊ ငါ၏ရန်သူတို့နှင့် ပေါင်းဖော်သော သူတို့ တစ်ဖက်၌လည်းကောင်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေမည်။ 2 ဆန်ကောနှင့် ပြာတတ်သော သူတို့ကို ဗာဗုလုန်မြို့သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက် နေကြလိမ့်မည်။ 3 လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကို ဝတ်သောသူတို့ကို လေးတင်၍ ပစ်ကြလော့။ မြို့သားလုလင်တို့ကို မနှမြောဘဲ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးကြလော့။ 4 ထိုသို့ သူရဲတို့သည် ခါလဒဲပြည်တွင်၊ လမ်းမတို့၌လဲ၍ အထိုးခံရကြလိမ့်မည်။ 5 ဣသရေလအမျိုးနှင့် ယုဒအမျိုးနေရာ ပြည်သည်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားကို ပြစ်မှားသော အပြစ်နှင့် ပြည့်သော်လည်း၊ သူတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။ 6 ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နုတ်ကြလော့။ မြို့သားတို့၏အပြစ်နှင့် ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုးအပြစ်နှင့် အလျောက် စီရင်တော်မူမည်။ 7 ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတစ်ပြင်လုံးကို ယစ်မူးစေသော ရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍ အရူးဖြစ်ကြ၏။ဗျာ၊ ၁၇:၂-၄၊၁၈:၃။8 ဗာဗုလုန်မြို့သည် ချက်ချင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက်ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှာ ဗာလစံစေးကို ယူကြလော့။ 9 ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေခြင်းငှာပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကိုစွန့်ပစ်၍၊ အသီးအသီး ငါတို့နေရင်းပြည်သို့ သွားကြကုန်အံ့။ သူခံရသောအပြစ်သည် ကောင်းကင်တိုင်အောင် ရောက်၍၊ မိုးတိမ်ကို ထိလျက်ရှိ၏။ဗျာ၊ ၁၈:၅။10 ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဖော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြကုန်အံ့။ 11 မြားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏အမျက်တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသော အပြစ်နှင့်အလျောက် ဒဏ်ပေးခြင်းအမှု ဖြစ်သတည်း။ 12 ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။
13 များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီးသောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘအလို ပျက်ချိန် ရောက်လေပြီ။ဗျာ၊ ၁၇:၁။14 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့် ပြည့်စေသကဲ့သို့ လူများနှင့်ပြည့်စေမည်။ သူတို့သည် သင့်တစ်ဖက်၌ ကြွေးကြော်သံကို လွှင့်ကြလိမ့်မည်။
15 တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်မူပြီ။ 16 အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုးရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။ 17 လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့် တိရစ္ဆာန်ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသားဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက် မရှိ။ 18 ထိုသို့သော အရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြလိမ့်မည်။ 19 ယာကုပ်အမျိုး၏အဖို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
20 အို သံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကိုငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။ 21 သင့်ကိုကိုင်၍ မြင်းနှင့် မြင်းစီးသူရဲကိုလည်းကောင်း၊ ရထားနှင့် ရထားစီးသူရဲကိုလည်းကောင်း ငါချိုးဖဲ့ပြီ။ 22 သင့်ကိုကိုင်၍ ယောက်ျားနှင့် မိန်းမတို့ကိုလည်းကောင်း၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကိုလည်းကောင်း၊ လူပျိုနှင့် အပျိုမတို့ကိုလည်းကောင်း ငါချိုးဖဲ့ပြီ။ 23 သင့်ကိုကိုင်၍ သိုးထိန်းနှင့် သိုးစုကိုလည်းကောင်း၊ လယ်လုပ်သောသူနှင့် နွားရှဉ်းကိုလည်းကောင်း၊ ဗိုလ်များနှင့် မင်းများကိုလည်းကောင်း ငါချိုးဖဲ့ပြီ။
24 သို့ရာတွင်၊ ဗာဗုလုန်မြို့သူ၊ ခါလဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့၌ပြုလေသမျှသော ဒုစရိုက်ရှိသည်အတိုင်း၊ ငါသည် သင်တို့မျက်မှောက်၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
25 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖျက်ဆီးတတ်သောသဘောရှိ၍၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးတတ်သောတောင်ကြီး၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်၊ ကျောက်တို့မှ သင့်ကိုလှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သောတောင် ဖြစ်စေမည်။ 26 တိုက်ထောင့်အထွတ်ကျောက်၊ တိုက်မြစ်ကျောက် တစ်စုံတစ်ခုကိုမျှ သင်၏အထဲက မနုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 27 ထိုပြည်၌ အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကို သူ၏တစ်ဖက်၌ ပြင်ဆင်ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည်တို့ကို သူ၏တစ်ဖက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကို ခန့်ထား၍၊ အမွေးကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီစေကြလော့။ 28 လူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ၏တစ်ဖက်၌ ပြင်ဆင်ကြလော့။ 29 ဗာဗုလုန်ပြည်သည် တုန်လှုပ်၍ လိမ့်လိမ့်မည်။ ထိုပြည်သည် နေသူမရှိ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်းငှာ၊ ထာဝရဘုရား ကြံစည်တော်မူသော အကြံအစည်ရှိသမျှသည် ပြည့်စုံရလိမ့်မည်။ 30 ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲ ရဲတိုက်များ၌နေကြ၏။ အားလျော့၍ မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကို မီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။ 31,32 ရန်သူတို့သည် မြို့တော်ကို တစ်ဖက်တစ်ချက်တိုက်ဝင်ကြပြီ ဟူ၍လည်းကောင်း၊ လမ်းဝကို ပိတ်ထား၍ ရေကန်နားမှာ မီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့်လျက်ရှိကြပြီ ဟူ၍လည်းကောင်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှာ၊ မင်းလုလင်ချင်း တစ်ယောက်ကိုတစ်ယောက်၊ စေလွှတ်သူချင်း တစ်ယောက်ကိုတစ်ယောက် တွေ့ကြုံလျက် ပြေးလာကြ၏။ 33 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီးသည် စပါးနယ်ရသော ကောက်နယ်တလင်းကဲ့သို့ ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
34 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်းသောအိုး ဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကိုမျို၍၊ ငါတို့ပျော်မွေ့စရာအရာတို့နှင့် မိမိဝမ်းကို ပြည့်စေပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။ 35 ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့် ငါ၏အသား၌ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါစေ ဟူ၍လည်းကောင်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလဒဲပြည်သားတို့အပေါ်သို့ရောက်ပါစေ ဟူ၍လည်းကောင်း ဆိုရ၏။
36 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ ပင်လယ်ကိုလည်းကောင်း၊ သူ၏စမ်းရေတွင်းတို့ကိုလည်းကောင်း ငါခန်းခြောက်စေမည်။ 37 ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်။ 38 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြို့သားတို့သည် ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကို တညီတည်း ပြုကြလိမ့်မည်။ 39 သူတို့သည် ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တစ်ဖန်မနိုးဘဲ၊ အစဉ်မပြတ် အိပ်ပျော်မည်အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဖို့ ငါတိုက်၍ ယစ်မူးစေမည်။ 40 အသေသတ်ခြင်းငှာ ဆွဲ၍ချသောသိုးသငယ်ကိုကဲ့သို့လည်းကောင်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့လည်းကောင်း ငါဆွဲ၍ချမည်။
41 ရှေရှက်မြို့ကိုတိုက်၍ရလေပြီတကား။ မြေတစ်ပြင်လုံး၌ ကျော်စောသော မြို့ကို လုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီတကား။ 42 ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။ 43 မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသား တစ်စုံတစ်ယောက်မျှ ထိုလမ်းကိုမလျှောက်ရ။ 44 ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တစ်ဖန် အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တစ်ဖန် သူ့ထံမှာ မစည်းဝေးရကြ။ မြို့ရိုးလည်း ပြိုလဲလျက်ရှိရလိမ့်မည်။ 45 ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်မှ၊ အသီးအသီး ကိုယ်အသက်ကို ကယ်နုတ်ကြလော့။ 46 ထိုပြည်၌ကြားရသော သတင်းကြောင့် စိတ်မပျက်၊ ကြောက်လန့်ခြင်း မရှိကြနှင့်။ တစ်နှစ်ထက်တစ်နှစ် သတင်းကြားရလိမ့်မည်။ မင်းချင်းတစ်ယောက်ကိုတစ်ယောက်လုယူ၍ ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
47 ထိုနောက်မှ ဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တစ်ပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန် ရောက်လိမ့်မည်။ 48 ထိုသို့ မြောက်မျက်နှာအရပ်က လုယူသောသူတို့သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုးမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသောအသံကို ပြုကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ဗျာ၊ ၁၈:၂၀။49 ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုး သူရဲတို့သည် လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ၍သေကြလိမ့်မည်။ဗျာ၊ ၁၈:၂၄။
50 ဓားဘေးနှင့်လွတ်သောသူတို့၊ သွားကြလော့။ ရပ်၍မနေကြနှင့်။ ဝေးသောအရပ်၌ ထာဝရဘုရားကို အောက်မေ့၍၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြလော့။ 51 ငါတို့သည် ကဲ့ရဲ့သောအသံကို ကြားသောကြောင့် အရှက်ကွဲလျက်၊ မျက်နှာပျက်လျက် နေရကြပါ၏။ တစ်ပါးအမျိုးသားတို့သည် ဗိမာန်တော်တွင်၊ သန့်ရှင်းရာအရပ်ဌာနတော်တို့၏ အထဲသို့ဝင်ကြပါပြီ။ 52 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည်ဒဏ်ပေး၍၊ တစ်ပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသောအချိန် ရောက်လိမ့်မည်။ 53 ဗာဗုလုန်မြို့သည် မိုးကောင်းကင်သို့တက်၍၊ မြို့ရိုးအထွတ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသောသူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
54 ဗာဗုလုန်မြို့မှာ ငိုကြွေးသံကိုလည်းကောင်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကိုလည်းကောင်း ကြားရ၏။ 55 အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန်မြို့ကိုဖျက်ဆီး၍၊ သူပြုတတ်သော အသံကြီးကို ငြိမ်းစေတော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည် အားကြီးသောရေကဲ့သို့ ဟုန်းဟုန်းမြည်သံဖြင့်၊ ကြီးစွာသော အသံဗလံကို ပြုတတ်ကြ၏။ 56 ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသောသူသည် ရောက်လျှင်၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက်၍၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ၏။ အကျိုးအပြစ်ကို ပေးတတ်သော ဘုရားသခင် ထာဝရဘုရားသည် ဆက်ဆက်ပေးတော်မူပြီ။ 57 ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်းအရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည် နောက်တစ်ဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော်ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသောရှင်ဘုရင် မိန့်တော်မူ၏။ 58 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ်ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။
59 ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတ္တံ့သော၊ ဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကို ရည်မှတ်၍ ရေးထားသော ဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည်ရေးကူး၍၊ 60 ယုဒရှင်ဘုရင်ဇေဒကိ နန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သော နေရိ၏သား အတွင်းဝန်စရာယကို မှာထားသောစကားဟူမူကား၊ 61 သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ ဖတ်ရမည်။ 62 ထိုအခါသင်က၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ် ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည်အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။ 63 ဤစာကို အကုန်အစင်ဖတ်ပြီးလျှင်၊ စာပေါ်မှာ ကျောက်ကိုချည်ထား၍၊ ဥဖရတ်မြစ်အလယ်မှာချပစ်လျက်၊ဗျာ၊ ၁၈:၂၁။64 ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါရောက်စေသော ဘေးဥပဒ်ထဲက နောက်တစ်ဖန် မထမြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြလိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။
1 Assim diz Jeová: Eis que vou levantar contra Babilônia e contra os que habitam em Lebecamai um Jr 4.11-12;23.19;Os 13.15vento destruidor. 2 Enviarei a Babilônia padejadores, que a Jr 15.7;Is 41.16;Mt 3.12padejarão, e tornar-lhe-ão vazia a terra; porque virão contra ela em redor no dia da calamidade. 3 Jr 50.14,29Não arme o flecheiro o seu arco, nem se levante o que estiver armado de Jr 46.4sua couraça; e não perdoeis aos mancebos dela; Jr 50.21destruí completamente todo o seu exército. 4 Cairão mortos na terra dos caldeus, Is 13.15;14.19e atravessados nas suas ruas.
5 Porque Israel Jr 33.24-26;Is 54.7-8não enviuvou, nem Judá, do seu Deus, de Jeová dos exércitos; ainda que a terra deles está Os 4.1-2cheia de culpas contra o Santo de Israel. 6 Jr 51.45;Jr 50.8,28Fugi do meio de Babilônia, e salve cada um a sua vida; não sejais Nm 16.26exterminados na sua iniquidade; pois é tempo da Jr 51.11,36;Jr 50.15vingança de Jeová; ele Jr 51.24,56;Jr 25.14lhe dará o pago. 7 Na mão de Jeová tem sido Babilônia um Jr 25.15;Hc 2.16;Ap 14.8copo de ouro que embriaga toda a terra; do seu vinho beberam Ap 18.3as nações; por isso estão Jr 25.16fora de si. 8 Repentinamente Jr 51.41;Jr 50.2;Is 21.9;Ap 14.8;18.2caiu Babilônia e ficou arruinada; Is 13.6uivai sobre ela; tomai Jr 46.11bálsamo para a sua dor, porventura sarará. 9 Teríamos sarado a Babilônia, porém não está sarada; abandonai-a, e Jr 46.16;50.16;Is 13.14vamo-nos, cada qual para sua terra; pois o seu juízo chega ao Ed 9.6céu, e se eleva até as nuvens. 10 Jeová Sl 37.6;Mq 7.9manifestou a nossa justiça; vinde, Jr 50.28;Is 40.2e anunciemos em Sião a obra de Jeová nosso Deus.
11 Jr 46.4,9;Jl 3.9-10Aguçai as setas, preparai os arneses: Jeová despertou o espírito dos reis dos Jr 51.28;Jr 50.3,9medos; porque o seu intento é contra Babilônia para a destruir. Pois é Jr 50.28vingança de Jeová, vingança do seu templo. 12 Jr 51.27;Jr 50.2;Is 13.2Arvorai um estandarte contra os muros de Babilônia, reforçai a guarda, colocai os vigias, disponde as emboscadas; porque Jeová tanto Jr 51.29;Jr 4.28;23.20intentou como fez o que falou acerca dos habitantes de Babilônia. 13 Jr 50.37-38Ó tu, que habitas sobre muitas águas, abundante em Is 45.3tesouros, é chegado o teu fim, é medida a tua Is 57.17;Hc 2.9-11ganância. 14 Jeová dos Exércitos jurou por si mesmo, dizendo: Certamente te encherei de homens, como de Jr 51.27;Na 3.15pulgão; e eles levantarão um grito contra ti.
15 Jr 51.15-19;Jr 10.12-16Ele Jr 32.17;Sl 146.5-6;At 14.15;Rm 1.20fez a terra com o seu poder, estabeleceu o mundo com a sua sabedoria, e com o seu entendimento Jó 9.8;Sl 104.2;Is 42.5estendeu os céus. 16 Ao dar ele a Jó 37.2-6;Sl 18.13sua voz, há um tumulto de águas nos céus, e faz subir das extremidades da terra Jr 10.13;Sl 135.7os vapores; faz os relâmpagos para a chuva, e dos seus tesouros faz sair Jn 1.4o vento. 17 Jr 10.14;Is 44.18-20Todo o homem tem-se embrutecido, e não tem conhecimento; todo o ourives é envergonhado pela imagem que esculpiu. Pois a imagem que ele fundiu é Hc 2.18-19mentira, e nelas não há fôlego. 18 Jr 18.15Vaidade são, obra de enganos; no tempo da sua visitação perecerão. 19 Não é semelhante a estes o que é Jr 10.16;Sl 73.26a porção de Jacó; porque ele é o que forma todas as coisas, e Israel é a tribo da sua herança. Jr 50.34Jeová dos exércitos é o seu nome.
20 Tu me serves de Jr 50.23;Is 41.15-16machado e de armas de guerra; por ti Is 8.9;41.15-16;Mq 4.12-13despedaçarei as nações, e por ti destruirei reinos; 21 por ti Êx 15.1despedaçarei o cavalo e o seu cavaleiro; 22 por ti despedaçarei Êx 15.4;Is 43.17o carro e o que vai montado nele; por ti despedaçarei 2Cr 36.17o homem e a mulher; por ti despedaçarei o velho e Is 13.15-16,18o moço; por ti despedaçarei o mancebo e a donzela; 23 por ti despedaçarei o pastor e o seu rebanho; por ti despedaçarei o lavrador e a sua junta de bois; e por ti despedaçarei Jr 51.57governadores e vice-reis. 24 Jr 51.6,56Pagarei a Babilônia e a todos os habitantes Jr 51.35;Jr 50.10da Caldeia Jr 50.15,29todo o seu mal que fizeram em Sião ante os vossos olhos, diz Jeová.
25 Eis Jr 50.31que sou contra ti, diz Jeová, Jr 51.53,58ó monte destruidor, que destrói Jr 51.7toda a terra; estenderei a minha mão sobre ti, e te farei rodar dos penhascos abaixo, e te tornarei em Ap 8.8um monte queimado. 26 De ti não tomarão pedra para um ângulo, nem pedra para fundamentos; mas Jr 51.29;Jr 50.13;Is 13.19-22desolada ficarás para sempre, diz Jeová.
27 Jr 51.12;Jr 50.2;Is 13.2-5;18.3Arvorai um estandarte na terra, tocai a trombeta entre Jr 25.14as nações, preparai contra ela as nações, convocai contra ela Jr 50.3,9os reinos de Gn 8.4;2Rs 19.37;Is 37.38Ararate, de Mini, e de Gn 10.3Asquenaz; apontai contra ela um marechal; fazei subir Jr 50.42cavalos como Jr 51.14pulgões ásperos. 28 Preparai contra ela as nações, Jr 51.11os reis dos medos, os seus governadores e todos os seus vice-reis, e toda a terra do seu domínio. 29 Estremece Jr 8.16;10.10;50.46;Am 8.8a terra, e está angustiada; porque estão em vigor contra Babilônia os desígnios de Jeová, para fazer da terra de Babilônia Jr 51.26,43;Is 13.19-20;47.11uma desolação sem habitantes. 30 Os Jr 50.15,36-37;Sl 76.5valentes de Babilônia deixam de pelejar, ficam nos seus presídios; Is 13.7-8;Na 3.13têm minguado a sua força, têm-se tornado como mulheres; incendiadas são as suas moradas, Is 45.1-2;Lm 2.9;Am 1.5;Na 3.13quebrados os seus ferrolhos. 31 Um 2Cr 30.6correio corre ao encontro de outro, e um 2Sm 18.19-31mensageiro ao encontro de outro, para dizer ao rei de Babilônia que a sua cidade está Jr 51.41;Jr 50.2,9,24tomada de todos os lados; 32 e que as passagens estão surpreendidas, e os canaviais incendiados, e amedrontados Jr 51.30;Jr 50.37os homens de guerra.
33 Pois assim diz Jeová dos Exércitos, Deus de Israel: Jr 50.42A filha de Babilônia é como a Is 21.10;41.15-16eira ao tempo em que é pisada; ainda um pouco, e o tempo Os 6.11;Jl 3.13da ceifa lhe virá. 34 Jr 50.17Nabucodonosor, rei de Babilônia, devorou-me, esmagou-me, fez de mim um Is 24.1-3vaso vazio, como Jr 51.44;Jó 20.15;Am 8.4dragão tragou-me, encheu o seu ventre do que eu tinha de delicioso; e deitou-me fora. 35 Sl 137.8A violência que se me fez a mim e a minha carne, seja sobre Babilônia, diga a moradora de Sião; e o meu sangue sobre os habitantes de Jr 51.24Caldeia, diga Jerusalém. 36 Portanto assim diz Jeová: Eis que Sl 140.12defenderei a tua causa, Jr 51.6,11;Rm 12.19e te vingarei; Jr 50.38secarei o seu mar, e farei que se esgote a sua fonte. 37 Babilônia virá a Jr 9.11ser montões, Jr 49.33morada de chacais, Jr 50.13espetáculo horrendo, e objeto de assobios, sem que nela haja habitantes. 38 Juntos rugem Jr 2.15como leões novos, rosnam como cachorros de leões. 39 Estando eles esquentados, preparar-lhes-ei um banquete, Jr 51.57;Jr 25.27;48.26e os embriagarei para que se regozijem, Sl 76.5e durmam um sono sem fim, e não despertem, diz Jeová. 40 Fá-los-ei descer como cordeiros Jr 48.15;50.27ao matadouro, como carneiros, como bodes.
41 Como está Jr 25.26Sisaque tomada! e surpreendida a Jr 49.25glória de toda a terra! como se tornou Babilônia um espetáculo horrendo entre as nações! 42 Jr 51.55;Is 8.7-8;Dn 9.26O mar é vindo sobre Babilônia, coberta está da multidão das suas ondas. 43 As suas cidades tornaram-se Jr 51.29,62;Jr 50.12em desolação, terra árida, e deserta; Jr 2.6;Is 13.20não habitará nelas homem, nem por elas passará filho de homem. 44 Castigarei Jr 50.2a Bel, em Babilônia, Ed 1.7-8e farei que lance da sua boca Jr 51.34o que tem tragado; e nunca Is 2.2mais concorrerão Jr 51.7as nações: na verdade já caiu Jr 51.58;Jr 50.15o muro de Babilônia.
45 Jr 51.6;Jr 50.8,28;Is 48.20Saí do meio dela, povo meu, Gn 19.12-16;At 2.40e salvai do furor da ira de Jeová, cada um a sua vida. 46 Jr 46.27-28;Is 43.5Não desfaleça o vosso coração, nem tenhais medo por causa do rumor que se há de ouvir na terra; pois virá num ano um 2Rs 19.7;Is 13.3-5rumor, e depois desse em outro ano um rumor, e haverá violência na terra, Is 19.2dominador contra dominador. 47 Portanto eis que vêm os dias, em que executarei juízo sobre Jr 51.52;Jr 50.2;Is 21.9;46.1-2as imagens esculpidas de Babilônia, e toda a terra dela ficará Jr 50.12,35-37envergonhada; e todos os seus mortos cairão no meio dela. 48 Então Is 44.23;48.20;49.13o céu e a terra, e tudo quanto neles há, cantarão de júbilo sobre Babilônia; porque Jr 51.11,27do norte lhe virão a ela os espoliadores, diz Jeová. 49 Jr 50.29;Sl 137.8Como Babilônia fez cair os mortos de Israel, assim cairão em Babilônia os mortos de toda a terra.
50 Vós que Jr 51.45escapastes da espada, ide-vos, não fiqueis parados; Dt 4.29-31;Sl 137.6lembrai-vos de Jeová desde terras remotas, e suba Jerusalém à vossa mente. 51 Envergonhados estamos, porque ouvimos opróbrio; a confusão nos cobriu o rosto; pois Sl 74.3-8;Lm 1.10estrangeiros entraram nos santuários da casa de Jeová. 52 Por isso eis que vêm os dias, diz Jeová, em que executarei juízo sobre as Jr 51.47;Jr 50.38suas imagens esculpidas; e em toda a sua terra gemerão os feridos. 53 Ainda que Jr 49.16;Jó 20.6;Sl 139.8-10;Is 14.12-13suba Babilônia ao céu, e ainda que fortifique o alto da sua força, contudo Is 13.3de mim virão sobre ela espoliadores, diz Jeová.
54 Uma voz de Jr 48.3-5;50.46clamor ouve-se de Babilônia, e de grande destruição da terra dos caldeus; 55 pois Jeová está despojando a Babilônia, e fará cessar dela a sua grande voz; bramarão Jr 51.42;Sl 18.4;69.2;124.2,4,5as ondas do inimigo como muitas águas, dá-se o estrondo da sua voz. 56 O Jr 51.48;Hc 2.8espoliador é vindo sobre ela, isto é, sobre Babilônia, tomados são os seus valentes, despedaçados Sl 46.9;76.3os seus arcos: pois Jeová é Deus Jr 51.6,24;Sl 94.1-2que recompensa, ele certamente pagará. 57 Jr 51.39;Jr 25.27Embriagarei os seus príncipes, e os seus sábios, os seus governadores e os seus vice-reis, e os seus valentes; dormirão Sl 76.5-6um sono perpétuo, e não despertarão, diz Jr 46.18;48.15o Rei, cujo nome é Jeová dos Exércitos. 58 Assim diz Jeová dos Exércitos: Os largos Jr 51.44;Jr 50.15muros de Babilônia serão de todo derrubados, e as suas altas Is 45.1-2portas serão abrasadas pelo fogo; os povos Hc 2.13trabalharão para a vaidade, e as nações para o fogo, e tanto uns como outros Jr 51.64;Jr 9.5;Lm 5.5ficarão cansados.
59 A palavra que o profeta Jeremias mandou a Seraías, filho de Jr 32.12;36.4;45.1Nerias, filho de Maaseias, quando ia com Jr 28.1;52.1Zedequias, rei de Judá, a Babilônia, no quarto ano do seu reinado. Ora Seraías era o camareiro-mor. 60 Jr 30.2-3;36.2,4,32;Is 30.8Escreveu Jeremias em um livro todo o mal que havia de vir sobre Babilônia, a saber, todas estas palavras que ficam escritas acerca de Babilônia. 61 Disse Jeremias a Seraías: Quando chegares a Babilônia, vê que leias todas estas palavras, 62 e dize: Jr 25.12Tu, Jeová, falaste acerca deste lugar, Jr 50.3,13,39-40;Is 13.19-22;14.22-23para o exterminares, Jr 51.43;Ez 35.9a fim de que não haja quem nele habite, nem homem nem animal, mas que fique deserto para sempre. 63 Quando tiveres acabado de ler este livro, atar-lhe-ás uma pedra, Jr 19.10-11;Ap 18.21e o lançarás no meio do Eufrates: 64 e dirás: Assim se submergirá Babilônia, Na 1.8-9e não se levantará, por causa do mal que vou trazer sobre ela e ela Jr 51.58ficará cansada.
Jó 31.40;Sl 72.20Até aqui são as palavras de Jeremias.