1 ယေရမိသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊ 2 သင်သည် ထ၍ အိုးထိန်းသမားအိမ်သို့ သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊ 3 ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိသော အိုးထိန်းသမားကိုတွေ့၏။ 4 အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက်အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။ 5 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ 6 အို ဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကိုငါမပြုနိုင်သလော။ အို ဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။ 7 အကြင်တိုင်းနိုင်ငံကို နုတ်ပယ်ဖြိုချ ဖျက်ဆီးခြင်းငှာ ငါအမိန့်တော်ရှိ၏။ 8 ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သောဘေးဒဏ်ကို ငါနောင်တရမည်။ 9 အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှာ ငါအမိန့်တော်ရှိ၏။ 10 ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှာ ပြုစုမည်ဟူသော စကား၌ပါသောကျေးဇူးကို ငါနောင်တရမည်။
11 ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဖို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသောလမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆိုလော့။ 12 သူတို့ကလည်း၊ မျှော်လင့်စရာမရှိ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည်။ ငါတို့၌ ဆိုးသောစိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း၊ အသီးအသီးပြုမည်ဟု ဆိုကြ၏။
13 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့သောအမှုကို အဘယ်သူကြားဖူးသနည်းဟု သာသနာပလူတို့တွင် မေးကြလော့။ ဣသရေလသတို့သမီးကညာသည် အလွန်စက်ဆုပ် ရွံရှာဖွယ်သောအမှုကို ပြုလေပြီ။ 14 လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန်တောင်၏မိုးပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြားတစ်ပါးသောအရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။ 15 ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီးသောအရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလမှစ၍ လိုက်ဖူးသော လမ်းတို့၌ လဲတတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီတကား။ 16 ထိုသို့ပြု၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံကြားရာအရပ် ဖြစ်စေသဖြင့်၊ လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည်အံ့ဩ၍၊ မိမိတို့ခေါင်းကို ညိတ်ကြလိမ့်မည်။ 17 ငါသည် အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့မှာ လွင့်စေမည်။ ဘေးရောက်သောကာလ၌ သူတို့အား မျက်နှာကိုမပြ၊ ကျောကိုပြမည်။
18 သူတို့ကလည်း လာကြ။ ယေရမိတစ်ဖက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌လည်းကောင်း၊ ပညာရှိသောသူသည် အကြံပေးခြင်းအမှု၌လည်းကောင်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌လည်းကောင်း အရှုံးမခံရ။ လာကြ။ ယေရမိကို လျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင်ဘဲ နေကြကုန်အံ့ဟုဆိုကြ၏။
19 အို ထာဝရဘုရား၊ အကျွန်ုပ်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်နှင့် ရန်တွေ့သောသူတို့၏စကားကို မှတ်တော်မူပါ။ 20 ကျေးဇူးပြုသောအတွက် အပြစ်ပေးသင့်ပါမည်လော။ သူတို့သည် အကျွန်ုပ်အသက်ဖို့ တွင်းကို တူးကြပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှာ လျှောက်၍၊ သူတို့မှအမျက်တော်ကို လွှဲခြင်းငှာ၊ ရှေ့တော်၌ ရပ်နေကြောင်းကို အောက်မေ့တော်မူပါ။ 21 ထိုကြောင့်၊ သူတို့ကို ဓားဘေးသို့လည်းကောင်း၊ သူတို့သားသမီးများကို မွတ်သိပ်ခြင်းသို့လည်းကောင်း အပ်တော်မူပါ။ သူတို့မိန်းမတို့သည် သားများဆုံး၍ မုဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့လည်း စစ်တိုက်ပွဲ၌ ဓားဖြင့် ဆုံးကြပါစေသော။ 22 စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ချင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှာ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ 23 အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော်မူ၏။ သူတို့ကို အပြစ်မှ လွှတ်တော်မမူပါနှင့်။ မျက်မှောက်တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။
1 A palavra que veio da parte de Jeová a Jeremias, dizendo: 2 Levanta-te, Jr 19.1-2desce à casa do oleiro, e lá Jr 23.22te farei ouvir as minhas palavras. 3 Desci, pois, à casa do oleiro, e eis que ele estava ocupado com a sua obra sobre as rodas. 4 Quando se estragou nas suas mãos o vaso que o oleiro fazia de barro, tornou a fazer dele outro vaso, conforme pareceu bem aos seus olhos.
5 Então, veio a mim a palavra de Jeová, dizendo: 6 Acaso, não poderei fazer de vós, casa de Israel, como este oleiro? — diz Jeová. Eis que, como Is 45.9;64.8;Mt 20.15;Rm 9.21o barro na mão do oleiro, assim sois vós na minha mão, ó casa de Israel. 7 No momento em que falar acerca duma nação e acerca de um reino, Jr 1.10para arrancar, e para derrubar, e para destruir, 8 Jr 7.3-7;12.16;Ez 18.21se aquela nação acerca da qual falei se converter do seu mal, Jr 26.3,13,19;Sl 106.45;Os 11.8;Jl 2.13-14;Jn 3.9-10arrepender-me-ei do mal que intentei fazer-lhe. 9 No momento em que falar acerca duma nação e acerca dum reino, Jr 1.10;31.28;Am 9.11-15para edificar e para plantar, 10 se fizer o Jr 7.24-28;Sl 125.5;Ez 33.18mal diante dos meus olhos, não escutando a minha voz, 1Sm 2.30;13.13arrepender-me-ei do bem que disse-lhe faria. 11 Fala, agora, aos homens de Judá e aos habitantes de Jerusalém: Assim diz Jeová: Eis que Jr 4.6;11.11;Is 5.5vou forjar mal contra vós e Jr 18.18;Jr 11.19formar um projeto contra vós; Jr 4.1;2Rs 17.13;Is 1.16-19;At 26.20convertei-vos, pois, cada um do seu mau caminho, e emendai os vossos caminhos e os vossos feitos. 12 Mas Jr 2.25;Is 57.10eles dizem: Não há esperança; porque havemos de andar após os nossos projetos e havemos de fazer cada um Jr 7.24;16.12;Dt 29.19conforme a obstinação do seu mau coração.
13 Portanto, assim diz Jeová: Jr 2.10-11;Is 66.8Perguntai entre as nações: Quem ouviu tais coisas? A Jr 14.17;31.4virgem de Israel fez uma coisa Jr 5.30;23.14;Os 6.10sobremaneira horrenda. 14 Acaso, faltará da pedra do campo a neve do Líbano? Serão esgotadas as águas frias que vêm de longe? 15 Pois o meu Jr 2.32;3.21povo se esqueceu de mim, Jr 7.9;44.17;Is 65.7queimando incenso à vaidade, que os fez tropeçar nos seus caminhos, Jr 6.16nas antigas veredas, para andarem por atalhos, por um caminho Is 57.14;62.10não feito, 16 e para se tornar a terra deles Jr 25.9;50.13;Ez 33.28-29em objeto de espanto e de perpétuos assobios. Todo o que passar por ela, ficará espantado e Jr 48.27;Sl 22.7;Is 37.22meneará a cabeça. 17 Como por um vento oriental, Jr 13.24;Jó 27.21os espalharei diante do inimigo; mostrar-lhes-ei Jr 2.27;32.33as costas e não a face, Jr 46.21no dia da sua calamidade.
18 Então, disseram: Vinde, e Jr 18.11;Jr 11.19formemos projetos contra Jeremias, porque do sacerdote não Jr 2.8;Ml 2.7perecerá a lei, nem do sábio, Jr 8.8;Jó 5.13o conselho, nem do profeta, Jr 5.13a palavra. Jr 20.10;Sl 52.2Vinde, e firamo-lo com a língua Jr 43.2e não atendamos a nenhuma das suas palavras.
19 Atende-me, Jeová, e ouve a voz dos que pleiteiam comigo. 20 Acaso, se tornará mal por bem? Porque Jr 18.22;Jr 5.26;Sl 35.7;57.6cavaram uma cova para a minha alma. Lembra-te de como Sl 106.23me apresentei diante de ti para falar a favor deles e para apartar deles o teu furor. 21 Portanto, Jr 11.22;14.16;Sl 109.9-20entrega seus filhos à fome e põe-nos no poder da espada; fiquem as suas mulheres 1Sm 15.33;Is 13.18sem filhos e Jr 15.8;Ez 22.25viúvas, sejam os seus homens mortos de morte, Jr 9.21;11.22e os seus membros, feridos à espada na peleja. 22 Seja ouvido Jr 6.26;25.34,36o clamor que vem das suas casas, quando fizeres vir, de repente, tropas sobre eles; Jr 18.20porque cavaram uma cova para me prenderem e Sl 140.5esconderam laços para os meus pés. 23 Contudo, Jeová, tu sabes todo o seu Jr 11.21;26.8,11;37.15,20;38.4,9conselho contra mim para me matar; Sl 109.14;Is 2.9não perdoes a sua iniquidade, nem apagues o seu pecado de diante da tua face. Mas sejam eles Jr 6.15,21derrubados diante de ti; procede contra eles Jr 7.20;17.4no tempo da tua ira.