1 သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာသား နာသနိ၏သားဣရှမေလသည်၊ လူတစ်ကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ထိုမြို့၌ တစ်စုတည်းစားသောက်ကြ၏။၄ရာ၊၂၅:၂၅။2 ထိုအခါ နာသနိသား ဣရှမေလနှင့် ထိုလူတစ်ကျိပ်တို့သည်ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို ဓားနှင့်ခုတ်၍သတ်ကြ၏။ 3 ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိထံ၌ရှိသော ယုဒလူအပေါင်းတို့ကိုလည်းကောင်း၊ တွေ့သမျှသော ခါလဒဲစစ်သူရဲ တို့ကိုလည်းကောင်း သတ်လေ၏။ 4 ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှမသိသေးသဖြင့်၊ 5 ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့မှ ထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသောကိုယ်ရှိလျက်၊ ပူဇောသကာနှင့် နံ့သာပေါင်းကို ဗိမာန်တော်သို့ဆောင်ခဲ့လျက် ရောက်လာကြ၏။ 6 ထိုသူတို့ကို ကြိုဆိုအံ့သောငှာ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံသို့ လာကြလော့ဟု ခေါ်လေ၏။ 7 မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလနှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်းထဲသို့ ပစ်ချကြ၏။ 8 ထိုသူတို့တွင်ပါသော လူတစ်ကျိပ်တို့က၊ အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်းဟူသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည် တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကို သူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။ 9 ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသောတွင်းသည် အခြားတွင်းမဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာကို ကြောက်၍တူးသောတွင်း ဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။ 10 ထိုအခါ အဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန်အပ်သော မင်းသမီးများအစရှိသော၊ မိဇပါမြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည်သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
11 ထိုသို့ နာသနိသား ဣရှမေလပြုသော အမှုဆိုးအလုံးစုံတို့ကို၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှသော တပ်မှူးတို့သည်ကြားလျှင်၊ 12 လူအပေါင်းတို့ကိုခေါ်၍၊ နာသနိသား ဣရှမေလကိုတိုက်ခြင်းငှာ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နားမှာ တွေ့လေ၏။ 13 ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသားယောဟနန်နှင့် သူ၌ပါသော တပ်မှူးအပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။ 14 ထိုအခါ မိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။ 15 နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသားတို့ထံသို့ သွားလေ၏။ 16 ထိုသို့ အဟိကံသား ဂေဒလိကိုသတ်ပြီးသည်နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသားဣရှမေလလက်မှလည်းကောင်း၊ မိဇပါမြို့မှလည်းကောင်းနုတ်၍ ကျန်ကြွင်းသော သူတည်းဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ်များ၊ မိန်းမစိုးများအပေါင်းတို့ကို ဂိဗောင်မြို့မှဆောင်ခဲ့ပြန်၍၊ 17 ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ ပြောင်းမည်အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့ သွား၍နေကြ၏။ 18 အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန်ရှင်ဘုရင်ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိသားဣရှမေလ သတ်သောကြောင့်၊ ခါလဒဲလူတို့ကိုကြောက်ကြ၏။
1 2Rs 25.25Ora no Jr 39.2;52.6sétimo mês Jr 40.8,14Ismael, filho de Netanias, filho de Elisama, de linhagem real, e um dos magnatas do rei, e dez homens com ele, veio a Jr 39.14;40.5-6Gedalias, filho de Aicão, a Mispa; Jr 40.13-14e comeram pão juntos ali em Mispa. 2 Levantaram-se Ismael, filho de Netanias, e os dez homens que com ele estavam, e 2Sm 3.27;20.9-10;Sl 41.9;109.5;Jo 13.18feriram à espada a Gedalias, filho de Aicão, filho de Safã, 2Rs 25.25matando assim Jr 40.5aquele que o rei de Babilônia havia posto por governador sobre a terra. 3 Matou também Ismael a todos os judeus que estavam com Gedalias em Mispa, e aos caldeus que foram achados ali, a saber, aos homens de guerra.
4 Ao outro dia depois que matara a Gedalias, não sabendo ainda ninguém, 5 2Rs 10.13-14vieram de Gn 33.18;37.12;1Rs 12.1Siquém, de Js 18.1;Jz 18.31;1Sm 3.21;Sl 78.60Siló e de 1Rs 16.24,29Samaria uns homens, ao todo oitenta com as barbas rapadas, e os vestidos rasgados, Jr 16.6;Dt 14.1e as carnes cortadas, trazendo nas mãos oblações e incenso, para os levarem 2Rs 25.9;Sl 102.14à casa de Jeová. 6 Saiu de Mispa a recebê-los Ismael, filho de Netanias, indo andando Jr 50.4;2Sm 3.16e chorando; e ao encontrá-los, disse-lhes: Vinde a Gedalias, filho de Aicão. 7 Quando chegaram ao meio da cidade, Ismael, filho de Netanias, ele e os homens que estavam com ele, Sl 55.23;Is 59.7;Ez 22.27;33.24,26mataram-nos, e lançaram-nos no meio do poço. 8 Mas entre eles acharam-se dez homens que disseram a Ismael: Não nos mates, porque temos escondidos no campo Is 45.3depósitos de trigo, e de cevada, e de azeite, e de mel. Assim os deixou, e não os matou entre seus irmãos. 9 Ora o poço em que lançou Ismael todos os cadáveres dos homens que matara ao lado de Gedalias (era 1Rs 15.17-22;2Cr 16.1-6este poço o que fizera o rei Asa Jz 6.2;1Sm 13.6;2Sm 17.9;Hb 11.38por causa de Baasa, rei de Israel), a este encheu de mortos Ismael, filho de Netanias. 10 Ismael levou cativo Jr 40.11-12todo o resto do povo que estava em Mispa, a saber, Jr 43.6as filhas do rei e todo o povo que havia ficado em Mispa, Jr 40.7os quais Nebuzaradã, capitão da guarda, tinha entregado a Gedalias, filho de Aicão; levou-os cativos Ismael, filho de Netanias, e foi-se para passar aos filhos Jr 40.14;Ne 2.10,19;4.7-8;6.17-18de Amom.
11 Ouvindo, porém, Jr 40.13Joanã, filho de Careá, e todos os Jr 40.7-8,14-16capitães que estavam com ele, todo o mal que havia feito Ismael, filho de Netanias, 12 tomaram todos os homens e foram a Gn 14.14-16;1Sm 30.1-8,18,20pelejar contra Ismael, filho de Netanias, e acharam-no junto 2Sm 2.13às grandes águas que há em Gibeão. 13 Ora todo o povo que estava com Ismael, Jr 41.10,14se alegrou quando viu a Joanã, filho de Careá, e a todos os capitães das forças que estavam com ele. 14 Assim todo o povo que Ismael levara cativo de Mispa deu volta, e tornou e foi a Joanã, filho de Careá. 15 Ismael, filho de Netanias, porém, 1Sm 30.17;1Rs 20.20;Jó 21.30;Pv 28.17escapou de Joanã com Jr 41.2oito homens, e foi-se aos filhos de Amom. 16 Joanã, filho de Careá, com todos os capitães das forças que estavam com ele, tomou de Mispa Jr 42.8;43.4-7todo o resto do povo, os homens de guerra, e as mulheres, e os meninos, e os eunucos, que ele havia feito voltar de Gibeão, e que havia recobrado de Ismael, filho de Netanias, depois de ter este matado a Gedalias, filho de Aicão. 17 Foram-se então e estiveram de passagem em Gerute-2Sm 19.37-38,40Quimã, que está ao pé de Belém, com o intuito de Jr 42.14entrarem no Egito por causa dos caldeus; 18 pois Jr 42.11,16;43.2-3;Is 51.12-13;57.11;Lc 12.4-5tinham medo deles, porque Ismael, filho de Netanias, tinha matado a Gedalias, filho de Aicão, a quem o rei de Babilônia Jr 40.5pusera por governador sobre a terra.