1 တစ်ဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်းကိုသွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊ 2 ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။ 3 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်လျှင်၊ 4 သင်သည် ခါး၌စည်းသော ခါးပန်းကိုယူပြီးလျှင်၊ ဥဖရတ်မြစ်သို့ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထားလော့ဟု၊ 5 မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။ 6 ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရဘုရားက၊ သင်သည်ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။ 7 ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာအရပ်၌ တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။
8 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊ 9 ထိုနည်းတူ၊ ယုဒပြည်၏ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။ 10 ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံး ခိုင်မာသောသဘောအတိုင်းကျင့်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လိုက်သွားသော ဤလူဆိုးမျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ဖြစ်လိမ့်မည်။ 11 ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလအမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေ ဖြစ်စေခြင်းငှာ၊ ငါ၌မှီဝဲစေသော်လည်း၊ သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
12 တစ်ဖန် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည်နှင့် ပြည့်ကြလိမ့်မည်အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊ 13 သင်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင်မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။ 14 ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါထိခိုက်စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
15 သင်တို့သည် နားထောင်နာယူကြလော့။ ထောင်လွှားသောစိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော်ရှိ၏။ 16 မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ 17 သင်တို့သည် နားမထောင်ဘဲနေလျှင်မူကား၊ သင်တို့မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသောအရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုကို သိမ်းသွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန်ငို၍ မျက်ရည်ကျမည်။ 18 ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသောသရဖူသည် သင်တို့၏ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြောလော့။ 19 တောင်ဘက်မြို့တို့ကို ပိတ်ထား၍ အဘယ်သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သား အပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။ 20 မြောက်မျက်နှာကလာသော သူတို့ကိုမျှော်၍ကြည့်လော့။ သင့်အား ငါပေးသောသိုးစု၊ လှသောသိုးစုသည် အဘယ်မှာရှိသနည်း။ 21 သင်သည် ဆုံးမတော်မူခြင်းကိုခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှာ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီ။ သားဖွားသောမိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့်မည် မဟုတ်လော။ 22 သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏အပြစ်များသောကြောင့်၊ သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်းမစီးရ။ 23 အဲသယောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။ 24 ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက်လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။ 25 သင်သည် ငါ့ကိုမေ့လျော့၍၊ မုသား၌မှီဝဲဆည်းကပ်သောကြောင့်၊ သင့်အဖို့ ငါတိုင်းထွာ၍ ပေးလတ္တံ့သော အငန်းအတာကား ဤသို့တည်း။ 26 ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှာ၊ သင်၏အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။ 27 သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသောမေထုန်၏ ညစ်ညူးခြင်း၊ တောင်ပေါ်၌လည်းကောင်း၊ လယ်ပြင်၌လည်းကောင်းပြုသော စက်ဆုပ်ရွံရှာဖွယ်တို့ကို ငါသိမြင်၏။ အို ယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
1 Assim me disse Jeová: Vai, Jr 13.11;Jr 19.1;27.2;Ez 4.1compra-te um cinto de linho e põe-no sobre os teus lombos, porém não o metas na água. 2 Comprei, pois, um cinto Is 20.2;Ez 2.8conforme a palavra de Jeová e o pus sobre os meus lombos. 3 Pela segunda vez, veio-me a palavra de Jeová, dizendo: 4 Toma o cinto que compraste, o qual está sobre os teus lombos; levanta-te, vai ao Jr 51.63Eufrates e esconde-o ali na fenda duma pedra. 5 Fui, pois, e escondi-o junto ao Eufrates, Êx 39.42-43;40.16como Jeová me ordenou. 6 Passados muitos dias, disse-me Jeová: Levanta-te, vai ao Eufrates e toma dali o cinto que te ordenei que o escondesses ali. 7 Então, fui ao Eufrates, cavei e tomei o cinto do lugar em que o havia escondido; eis que já tinha apodrecido o cinto e para nada prestava.
8 Então, me veio a palavra de Jeová, dizendo: 9 Assim diz Jeová: Deste mesmo modo, farei apodrecer Jr 13.15-17;Lv 26.19;Is 2.10-17;23.9;Sf 3.11a soberba de Judá e muita soberba de Jerusalém. 10 Este povo mau, Jr 11.8,10;Nm 14.11;2Cr 36.15-16que recusa ouvir as minhas palavras, que anda na obstinação do seu coração e já se foi após outros deuses para os servir e para os adorar, será tal qual este cinto, que para nada presta. 11 Pois assim como se une o cinto aos lombos dum homem, assim fiz Êx 19.5-6;Dt 32.10-11unir-se a mim toda a casa de Israel e toda a casa de Judá, diz Jeová, para que me fossem Jr 7.23por povo, e Jr 32.20por nome, Jr 33.9;Is 43.21e por louvor, e por glória. Porém Jr 7.13,24,26;Sl 81.11não quiseram ouvir.
12 Portanto, lhes dirás esta palavra: Assim diz Jeová, Deus de Israel: Toda a vasilha se encherá de vinho; e responder-te-ão: Acaso, não sabemos que toda vasilha se encherá de vinho? 13 Então, lhes dirás: Assim diz Jeová: Eis que vou encher de Jr 25.27;51.57;Sl 60.3;75.8embriaguez a todos os habitantes desta terra, isto é, aos reis que se assentam sobre o trono de Davi, e aos sacerdotes, e aos profetas, e a todos os habitantes de Jerusalém. 14 Jr 19.9-11;Is 9.20-21Atirá-los-ei uns contra outros, Jr 6.21;Ez 5.10os pais bem como os filhos, diz Jeová; Jr 16.5;21.7;Dt 29.20;Is 27.11não perdoarei, nem pouparei, nem serei movido de compaixão, nada me impedirá de os destruir.
15 Ouvi e dai ouvidos; não vos Pv 16.5;Is 28.14-22ensoberbeçais; porque Jeová falou. 16 Sl 96.8Dai glória a Jeová, vosso Deus, antes que ele Is 5.30;59.9;Am 5.18faça vir as trevas, e antes que tropecem Jr 23.12;Pv 4.19os vossos pés nos montes tenebrosos, antes que mude a luz Jr 2.6;Sl 107.10,14em sombra de morte, e a converta em escuridão, estando vós esperando por ela. 17 Mas, Ml 2.2se o não ouvirdes, Jr 9.1;14.17;Sl 119.136;Lc 19.41-42chorará em segredo a minha alma por causa da vossa soberba; os meus olhos chorarão amargamente e se desfarão em lágrimas, porque Jr 23.1-2;Sl 80.1o rebanho de Jeová será levado cativo.
18 Dize ao Jr 22.26;2Rs 24.12,15rei e à rainha-mãe: 2Cr 33.12,19Humilhai-vos, sentai-vos no chão, porque da vossa cabeça já caiu Êx 39.28;Is 3.20;Ez 24.17,23;44.18a coroa da vossa glória. 19 Fechadas estão Jr 32.44as cidades do Neguebe, e não há quem as abra; Jr 20.4;52.27-30Judá, todo ele, é levado cativo, inteiramente cativo.
20 Levantai os vossos olhos e vede os que Jr 1.15;6.22;Hc 1.6vêm do Norte; onde está o Jr 13.17;Jr 23.2rebanho que te foi confiado, o teu lindo rebanho? 21 Jr 5.31Que dirás, quando ele puser por cabeça sobre ti os que ensinaste a serem Jr 2.25;38.22teus amigos? Não te tomarão Jr 4.31;Is 13.8as dores, como as duma mulher que está de parto? 22 Se Dt 7.17disseres no teu coração: Jr 5.19;16.10Por que me sobrevieram essas coisas? Pela Jr 2.17-19;9.2-9grandeza da tua iniquidade foram descobertas as tuas fraldas, e fez-se violência aos teus calcanhares. 23 Pv 27.22;Is 1.5;Mt 19.24Acaso, pode o etíope mudar a sua pele ou o leopardo, as suas malhas? Então, podereis também vós Jr 4.22;9.5fazer o bem, os quais sois acostumados a fazer o mal. 24 Por isso, os Jr 9.16;Lv 26.33;Ez 5.2,12espalharei como o restolho que passa arrebatado pelo Jr 4.11;18.17vento do deserto. 25 Esta é a tua Sl 11.6;Mt 24.51sorte, a porção Jr 2.32;3.21;Sl 9.17;106.21-22que te é medida por mim, diz Jeová, porque te esqueceste de mim e confiaste na mentira. 26 Portanto, também Lm 1.8eu levantarei as tuas fraldas sobre o teu rosto, e aparecerá a tua vergonha. 27 Tenho visto as tuas abominações sobre os Jr 2.20outeiros no campo, a saber, os Jr 5.7-8teus adultérios, os teus rinchos, e Jr 11.15a luxúria da tua prostituição. Ai de ti, Jerusalém! Pv 1.22;Os 8.5Quanto tempo haverá ainda, antes que Jr 4.14;Ez 24.13te purifiques?