1 ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသောပြည်သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည် များစွာသော ရည်းစားတို့၌ မှီဝဲ၍ မှားယွင်းသော်လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ 2 မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေဖူးသောအရပ် တစ်စုံတစ်ခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်လည်းကောင်း၊ အဓမ္မအမှုအားဖြင့်လည်းကောင်း ပြည်ကို ညစ်ညူးစေပြီ။ 3 မိုးခေါင်၍ နောက်မိုးတိုင်အောင် မရွာသော်လည်း၊ သင်သည် ပြည့်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။ 4 ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။ 5 ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည်လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။
6 ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသရေလအမျိုး ပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သောတောင်ရှိသမျှ အပေါ်သို့တက်၍လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌လည်းကောင်း ပြည့်တန်ဆာလုပ်လေပြီ။၄ရာ၊ ၂၂:၁-၂၃:၃၀။ ၆ရာ၊ ၃၄:၁-၃၅:၂၇။7 သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည် ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမယုဒသည် ကြည့်မြင်လေ၏။ 8 ဖောက်ပြန်သော ဣသရေလသည် မတရားသောမေထုန်ကိုပြု၍၊ မှားယွင်းသောအပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက်သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည့်တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။ 9 သူသည် မတရားသောမေထုန်ကိုပြု၍ အလွန်လော်လည်သောအားဖြင့် ပြည်ကိုညစ်ညူးစေ၍၊ ကျောက်နှင့်လည်းကောင်း၊ သစ်တုံးနှင့်လည်းကောင်း မှားယွင်းလေ၏။ 10 ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက်သောညီမယုဒသည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်၍မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11 တစ်ဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ သစ္စာပျက်သောယုဒသည် ဖောက်ပြန်သောဣသရေလထက် အပြစ်ကြီး၏။ 12 သင်သည်သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော်ရမည်စကားဟူမူကား၊ အို ဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါသည် မျက်မုန်းကျိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘောရှိ၏။ အစဉ်အမျက်ထွက်တတ်သည် မဟုတ်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 13 သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကိုပြစ်မှား၍၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှားယွင်းသောအပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ 14 အို ဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဖူးသော်လည်း၊ သင်တို့မြို့များထဲက တစ်မြို့လျှင် လူတစ်ယောက်၊ အမျိုးသားချင်းအစုစုထဲက တစ်စုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။ 15 ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍၊ သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။ 16 ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွားများပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ဟူ၍ နောက်တစ်ဖန် မပြောမဆိုရ။ ထိုသေတ္တာတော်ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တစ်ဖန်မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။ 17 ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ပလ္လင်ဟူ၍ ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း၊ ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍၊ ထိုပလ္လင်သို့ စည်းဝေးကြလိမ့်မည်။ နောက်တစ်ဖန် မိမိတို့၌ ဆိုးသောစိတ်နှလုံး ခိုင်မာခြင်းသဘောသို့လိုက်၍ မကျင့်ရကြ။ 18 ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုးနှင့် ပေါင်းဖော်လျက်၊ မြောက်မျက်နှာအရပ်က တစ်စုတည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဖို့၊ ငါပေးဖူးသောပြည်သို့ရောက်ကြလိမ့်မည်။
19 ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ထားရအံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏အထွတ်၊ ဘုန်းကြီးသော အမွေခံရာပြည်ကို သင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။
20 အို ဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည် ငါ၌သစ္စာဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ 21 ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။ 22 အို ဖောက်ပြန်သောသူငယ်၊ သင်တို့ပြန်လာကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်တော်မူ၏။ 23 အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာအကြောင်းဖြစ်တော်မူ၏။ 24 ရှက်ဖွယ်သောအရာသည် အကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုးနွား၊ သားသမီးများကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား၍ကုန်ပါပြီ။ 25 အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။
1 Dizem: Dt 24.1-4Se um homem repudiar a sua mulher, e ela o deixar e tomar outro marido, porventura, tornará ele mais para ela? Acaso, não será aquela terra grandemente contaminada? Mas tu Jr 2.20;Ez 16.26,28-29te hás prostituído a muitos amantes? E pensas tu Jr 4.1;Zc 1.3em voltar para mim? — diz Jeová. 2 Levanta os teus olhos Jr 2.20;Dt 12.2aos altos escalvados e vê; onde é o lugar em que te não hás prostituído? Junto aos caminhos Ez 16.25te sentaste, esperando-os, como um árabe no deserto; e Jr 2.7manchaste a terra com as tuas fornicações e com a tua malícia. 3 Portanto, foram retidos Jr 14.3-6;Lv 26.19os chuveiros, e não houve chuva tardia; tiveste Jr 6.15;8.12;Ez 3.7-8a fronte duma prostituta e não quiseste ter vergonha. 4 Acaso, não clamarás a mim desde agora, dizendo: Jr 3.19;Jr 31.9Pai meu, tu és Sl 71.17o guia da minha mocidade? 5 Jr 3.12;Sl 103.9;Is 57.16Reterá ele a sua ira para sempre? Ou conservá-la-á até o fim? Eis que assim falaste, mas fizeste coisas ruins e continuaste nelas.
6 Jeová disse-me nos dias do rei Josias: Viste, porventura, o que fez Jr 7.24a apóstata Israel? Ela Jr 17.2;Ez 23.4-10foi-se acima de todo alto monte e debaixo de toda árvore frondosa, e ali se entregou à fornicação. 7 Depois de ter feito todas essas coisas, eu disse: Ela voltará para mim. Contudo, ela não voltou. A sua Jr 3.11;Ez 16.47aleivosa irmã Judá viu isso, 8 sim, viu que, por esse motivo, a saber, por ter cometido adultério a apóstata Israel, eu a repudiara e Dt 24.1,3;Is 50.1lhe dera carta de divórcio; contudo, Ez 16.46-47a sua aleivosa irmã Judá, não temeu, mas também ela se foi e se entregou à fornicação. 9 Pela facilidade da sua prostituição Jr 3.2;Jr 2.7contaminou ela a terra e adulterou com Jr 2.27;10.8;Is 57.6pedras e com paus. 10 Apesar de tudo isso, a sua aleivosa irmã Judá não voltou para mim de todo o seu coração, mas Jr 12.2;Os 7.14fingidamente, diz Jeová.
11 Disse-me Jeová: Ez 16.51-52;23.11A apóstata Israel mostrou-se mais justa do que Jr 3.7a aleivosa Judá. 12 Vai, e apregoa estas palavras para a banda do 2Rs 17.6Norte, e dize: Jr 3.14,22Volta, apóstata Israel, diz Jeová. Jr 3.5Não olharei em ira para ti, porque eu sou Jr 12.15;31.20;33.26;Sl 86.15compassivo, diz Jeová, e não conservarei para sempre a minha ira. 13 Tão somente reconhece a tua iniquidade, Jr 3.25;Jr 14.20;Dt 30.1-3reconhece que transgrediste contra Jeová, teu Deus, e Jr 3.2,6;Jr 2.20,25perverteste os teus caminhos aos estranhos, Dt 12.2debaixo de toda árvore frondosa, e não obedeceste à minha voz, diz Jeová. 14 Jr 3.12Voltai, filhos apóstatas, diz Jeová, porque eu sou Jr 31.32;Os 2.19vosso esposo. Eu vos tomarei um de cada cidade e dois de cada família Jr 31.6,12;50.4-5e vos levarei a Sião. 15 Dar-vos-ei Jr 23.4;31.10;50.19;Ez 34.23pastores segundo o meu coração, os quais vos At 20.28apascentarão com ciência e com inteligência. 16 Quando vos multiplicardes e crescerdes na terra, naqueles dias, diz Jeová, Is 65.17não dirão mais: A arca da Aliança de Jeová! Nem lhes virá ela ao pensamento, nem dela se lembrarão; não a visitarão, nem será ela restabelecida. 17 Naquele tempo, chamarão a Jerusalém o Jr 17.12;Ez 43.7Trono de Jeová; nela se reunirão Jr 3.19;Jr 4.2;12.15-16;16.19todas as nações, em Is 60.9nome de Jeová, Jr 11.8e não andarão mais após a obstinação do seu coração maligno. 18 Jr 50.4-5;Os 1.11Naqueles dias, a casa de Judá andará com a casa de Israel, e virão juntamente Jr 16.15;31.8da terra do Norte para a terra que Am 9.15dei em herança a vossos pais.
19 Mas eu disse: Como te porei entre os filhos e te darei a terra desejável, a mais Sl 16.6formosa herança das nações? Eu disse: Chamar-me-eis Jr 3.4;Is 63.16Meu pai e não vos desviareis de me seguirdes. 20 Deveras, do como que a mulher se aparta Jr 3.6-7aleivosamente do seu companheiro, assim Is 48.8aleivosamente te houveste comigo, ó casa de Israel, diz Jeová. 21 Uma voz se ouve Jr 3.2;Jr 7.29;Is 15.2nos altos escalvados, o choro e as súplicas dos filhos de Israel; porque perverteram o seu caminho, Jr 2.32;13.25;Is 17.10esqueceram-se de Jeová, seu Deus. 22 Jr 3.14Voltai, filhos apóstatas, Jr 30.17;33.6;Os 6.1;14.4eu curarei as vossas apostasias.
Eis que somos vindos ter contigo, porque tu és Jr 31.6Jeová, nosso Deus. 23 Na verdade, em vão é o som que vem Jr 17.2dos outeiros e o tumulto nas montanhas; na verdade, em Jr 17.14;31.7;Sl 3.8Jeová, nosso Deus, está a salvação de Israel. 24 Mas a coisa vergonhosa Jr 8.16devorou o trabalho de nossos pais desde a nossa mocidade: os seus rebanhos e os seus gados, seus filhos e suas filhas. 25 Deitemo-nos em nossa Jr 3.13;Jr 14.20vergonha, e cubra-nos a nossa confusão, porque temos Ed 9.7pecado contra Jeová, nosso Deus, nós e nossos pais, Jr 22.21desde a nossa mocidade até o dia de hoje; e não obedecemos à voz de Jeová, nosso Deus.