1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊ 2 ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ 3 ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားသဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသောသူတို့ကို ဤအရပ်၌ မကွပ်မျက်ကြနှင့်။ 4 အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော်အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန်များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများကို ထွက်ဝင်ရကြလိမ့်မည်။ 5 သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံသောအရပ် ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကိုကိုယ် တိုင်တည်၍ မိန့်တော်မူ၏။မ၊ ၂၃:၃၈။ လု၊ ၁၃:၃၅။6 ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင်ထိပ် ကဲ့သို့လည်းကောင်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသောမြို့ကဲ့သို့ တောဖြစ်စေမည်။ 7 သင့်ကို ဖျက်ဆီးစေခြင်းငှာ၊ ဓားနှင့် ပုဆိန်ပါသော သူတို့ကိုငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇ်ပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ကြလိမ့်မည်။ 8 လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာလျှောက်သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တစ်ယောက်ကိုတစ်ယောက် မေးကြသည်ရှိသော်၊ 9 ဤမြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။
10 သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကိုမပြုကြနှင့်။ အခြားတစ်ပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တစ်ဖန် ပြန်၍မလာရ။ မိမိမွေးဖွားရာဌာနကို မမြင်ရ။ 11 ခမည်းတော် ယောရှိမင်းကြီးအရာ၌စိုးစံ၍ ဤပြည်မှထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုမင်းသည် နောက်တစ်ဖန် ဤပြည်သို့ ပြန်၍မလာရ။၄ရာ၊ ၂၃:၃၁-၃၄။ ၆ရာ၊၃၆:၁-၄။12 ရန်သူတို့သိမ်းသွားရာပြည်၌ပင် သေရလိမ့်မည်။ ဤပြည်ကို နောက်တစ်ဖန် မမြင်ရ။
13 မတရားသောအမှုအားဖြင့် မိမိအိမ်ကိုလည်းကောင်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကိုလည်းကောင်း ဆောက်သောသူ၊ အိမ်နီးချင်းကို အခမပေးဘဲစေစား၍၊ အလုပ်လုပ်သည်အတွက်ဆုမချသောသူသည် အမင်္ဂလာရှိ၏။ 14 ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖောက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်္သာပဒါးနှင့် ချယ်လှယ်ပြီတကား။ 15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ဂုဏ်ကို ကိုးစားသောကြောင့် စိုးစံရမည်လော။ သင်၏အဘသည် ဝစွာစားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည် မဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ 16 သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကိုစောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။ 17 သင်၏မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းမှတစ်ပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။ 18 ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမဟူ၍ မငိုကြွေးရကြ။ သူ၏အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ဘုန်းဟူ၍ မမြည်တမ်းရကြ။၄ရာ၊ ၂၃:၃၆-၂၄:၆။ ၆ရာ၊၃၆:၅-၇။19 ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
20 လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ 21 သင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။ 22 သင့်ကို ကျွေးမွေးသောသူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်းရှိလိမ့်မည်။ 23 အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဖွားခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့၊ သင်သည် နာကျင်ခြင်းဝေဒနာကိုခံရသောအခါ၊ အဘယ်မျှလောက် သနားဖွယ်ဖြစ်လိမ့်မည်တကား။
24 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ယာလက်၌ပါသော တံဆိပ်လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။၄ရာ၊ ၂၄:၈-၁၅။ ၆ရာ၊၃၆:၉-၁၀။25 သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့လက်သို့ ငါအပ်မည်။ 26 သင့်ကိုလည်းကောင်း၊ သင့်ကိုဖွားမြင်သော သင်၏အမိကိုလည်းကောင်း၊ မွေးဖွားရာဌာန မဟုတ်သောပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ 27 ပြန်လိုသောပြည်သို့ နောက်တစ်ဖန်ပြန်၍မလာရကြ။ 28 ဤမင်းသားခေါနိသည် ရိုသေဖွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက်သောတန်ဆာ ဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေးတို့ကို နှင်ထုတ်၍၊ သူတို့မသိဖူးသောပြည်၌ အဘယ်ကြောင့် ချပစ်ရသနည်း။ 29 အို မြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ 30 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍လည်းကောင်း၊ တစ်သက်လုံး မကောင်းစားသောသူ ဟူ၍လည်းကောင်း ရေးမှတ်လော့။ သူ၏သားမြေး တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိရ။
1 Assim diz Jeová: Desce à casa do Jr 21.11;34.2rei de Judá, e 2Cr 25.15-16fala ali esta palavra, 2 e dize: Jr 22.29;Jr 19.3;29.20;Am 7.16Ouve a palavra de Jeová, ó rei de Judá, que Jr 22.4,30;Jr 17.25;Is 9.7;Lc 1.32te sentas sobre o trono de Davi. Ouvi, tu, e os teus servos, e o teu povo, que entrais por estas portas. 3 Assim diz Jeová: Jr 7.5;21.12Executai juízo e justiça e livrai das mãos do Sl 72.4opressor aquele que foi despojado. Êx 22.21-24Não façais mal, não façais violência ao estrangeiro, nem Jr 5.28ao órfão, nem à viúva; Jr 22.17;Jr 7.6;19.4não derrameis neste lugar sangue inocente. 4 Pois, se deveras fizerdes isso, Jr 17.25pelas portas desta casa entrarão reis que se assentarão sobre o trono de Davi, que andarão em carros e montados em cavalos, eles, os seus servos e o seu povo. 5 Jr 17.27;26.4Mas, se não ouvirdes estas palavras, Gn 22.16;Am 6.8;Hb 6.13juro por mim mesmo, diz Jeová, que esta casa se tornará uma Jr 7.14;26.6,9desolação. 6 Pois assim diz Jeová acerca da casa do rei de Judá: Tu és Gn 37.25;Nm 32.1;Ct 4.1Gileade para mim e a cabeça de Líbano; todavia, certamente, farei de ti Jr 7.34;Sl 107.34;Is 6.11um ermo, e cidades não habitadas. 7 Prepararei contra ti Jr 4.6-7;Is 10.3-6destruidores, cada um com as suas armas; eles cortarão os teus Is 10.33-34cedros escolhidos e lançá-los-ão no fogo. 8 Muitas nações passarão por esta cidade, Jr 16.10;Dt 29.24-26;1Rs 9.8-9;2Cr 7.20-22e dirá cada um ao seu próximo: Por que se houve Deus assim com esta grande cidade? 9 Responder-se-lhes-á: Jr 11.3;2Cr 34.25Porque abandonaram a Jeová, seu Deus, adoraram a outros deuses e os serviram.
10 Jr 22.18;Jr 16.7;2Rs 22.20;Ec 4.2;Is 57.1Não choreis o morto, nem o lastimeis; mas chorai muito aquele que sai. Jr 22.27;Jr 44.14Pois não voltará mais, nem verá a terra onde nasceu. 11 Porque assim diz Jeová acerca de Salum, filho de Josias, rei de Judá, que reinou em lugar de seu pai Josias, e que saiu deste lugar: Nunca mais voltará para cá; 12 mas, no lugar para onde o levaram cativo, Jr 22.18;2Rs 23.34ali morrerá e nunca mais verá esta terra.
13 Ai daquele que edifica a sua casa Jr 17.11;Mq 3.10;Hc 2.9na iniquidade e as suas câmaras na injustiça! Que se serve do trabalho do seu próximo sem remunerá-lo e não lhe dá o salário! 14 Que diz: Is 5.8-9Edificar-me-ei uma casa larga, e câmaras espaçosas, e que abre para si janelas, que 2Sm 7.2;Ag 1.4de cedro forra a sua casa e a pinta de vermelhão. 15 Acaso, reinarás, porque tu procuras exceder no uso de cedro? Acaso, Jr 22.18teu pai não comia, não bebia? Mas Jr 7.5;21.12;2Rs 23.25ele praticou o juízo e a justiça; Jr 42.6então, tudo lhe corria bem. 16 Julgou a causa do Sl 72.1-4,12-13pobre e necessitado; então, ia bem. Jr 9.24;1Cr 28.9Porventura, não é isso conhecer-me? — diz Jeová. 17 Pois os teus olhos e o teu coração atentam tão somente Jr 6.13;8.10;Lc 12.15-20para a ganância, e para Jr 22.3;2Rs 24.4derramar sangue inocente, e para praticar Jr 6.6a opressão e a violência. 18 Portanto, assim diz Jeová acerca de Jeoaquim, filho de Josias, rei de Judá: Jr 22.10;Jr 34.5;2Sm 1.26;1Rs 13.30Não o lamentarão, dizendo: Ah, meu irmão! Nem: Ah, irmã! Não o lamentarão, dizendo: Ah, senhor! Nem: Ah, sua glória! 19 Jr 36.30;1Rs 21.23-24Com a sepultura dum jumento será ele sepultado, sendo arrastado e lançado fora das portas de Jerusalém.
20 Sobe ao Líbano e clama; em Basã, levanta a tua voz e clama desde Nm 27.12;Dt 32.49Abarim, porque todos os teus Jr 2.25;3.1amantes são destruídos. 21 Falei-te no tempo da tua prosperidade; mas Jr 13.10;19.15disseste: Não ouvirei. Este tem sido o teu caminho Jr 3.24-25;32.30desde a tua mocidade, o não obedeceres à minha voz. 22 O Jr 5.13vento apascentará todos os teus pastores, e os teus Jr 30.14amantes irão para o cativeiro; certamente, então, ficarás Jr 20.11;Is 65.13envergonhado e confundido, por causa de toda a tua maldade. 23 Ó tu, que habitas no Líbano e fazes o teu ninho nos cedros, quão digna de lástima serás, quando te vierem as dores, Jr 4.31o sofrer como duma mulher que está de parto!
24 Pela minha vida, diz Jeová, ainda que Jeconias, filho de Jeoaquim, rei de Judá, fosse Ct 8.6;Is 49.16;Ag 2.23o anel do selo na minha mão direita, contudo, dali te arrancaria. 25 Jr 21.7;34.20-21;2Rs 24.15-16Entregar-te-ei nas mãos dos que procuram tirar-te a vida e nas mãos daqueles a quem temes, a saber, nas mãos de Nabucodonosor, rei de Babilônia, e nas mãos dos caldeus. 26 A ti e 2Rs 24.8a tua mãe, que te deu à luz, Jr 10.18;15.2-4;16.13;2Rs 24.15;2Cr 36.9-10;Ez 19.9-14lançar-vos-ei para outro país, em que não nascestes; e ali morrereis. 27 Mas para a terra, para que a alma deles almeja voltar, para lá não voltarão. 28 Acaso, este homem Jeconias é algum Jr 19.10-11;48.38;Sl 31.12vaso desprezado e quebrado? Acaso, é ele Os 8.8vaso de que ninguém se agrada? Porque foram Jr 15.1lançados, ele e a sua linhagem, e arrojados Jr 17.4para a terra que não conhecem? 29 Ó terra, terra, terra, ouve a palavra de Jeová. 30 Jr 6.19;Dt 4.26;Mq 1.2Assim diz Jeová: Escreve que este homem 1Cr 3.17;Mt 1.12não terá filhos, homem que Jr 2.37;10.21não prosperará nos seus dias; pois nenhum Jr 36.30;Sl 94.20da sua linhagem prosperará, sentado sobre o trono de Davi e reinando daqui em diante em Judá.