1 ဇေဒကိမင်းသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတာလဖြစ်သတည်း။ 2 ထိုမင်းသည် ယောယကိမ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 3 ထာဝရဘုရားသည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။
4 ဇေဒကိမင်း နန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုတ်တို့ကို တူးလုပ်ပြီးမှ၊ယေဇ၊၂၄:၂။5 ဇေဒကိမင်း နန်းစံ တစ်ဆယ်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။ 6 ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန် အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ 7 ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖောက်၍၊ မြို့ကိုလည်းဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညအခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ်တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ယေဇ၊၃၃:၂၁။8 ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မီသဖြင့် ဇေဒကိမင်း၏စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။ 9 ရန်သူတို့သည် ရှင်ဘုရင်ကို ဖမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည် ရိဗလမြို့သို့ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊ 10 ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။ 11 ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ယူသွားသဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထားလေ၏။ယေဇ၊၁၂:၁၃။
12 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတစ်ဆယ်ကိုးနှစ်၊ ပဥ္စမလ ဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ 13 ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ်ရှိသမျှတို့ကို မီးရှို့လေ၏။၃ ရာ၊ ၉:၈။14 ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ 15 ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။ 16 သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ်စေခြင်းငှာ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။
17 ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကိုလည်းကောင်း၊ ကြေးဝါရေကန်ကိုလည်းကောင်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကိုလည်းကောင်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။၃ရာ၊ ၇:၁၅-၄၇။18 အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။ 19 ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။ 20 ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သောတိုင်နှစ်တိုင်၊ ရေကန်တစ်ခု၊ ရေကန်ခံစရာ အခြေအမြစ် ကြေးဝါနွား တစ်ဆယ်နှစ်ခု၌ပါသောကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။ 21 တိုင်အမြင့်ကား၊ တစ်ဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တစ်ဆယ်နှစ်တောင် ရှည်သော ကြိုးတစ်ပတ်ရှိ၏။ ခေါင်းပွဖြစ်၍ ဒုလေးသစ်ရှိ၏။ 22 ကြေးဝါတိုင်ထိပ်လည်းရှိ၏။ တိုင်ထိပ်အမြင့်ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည် ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့် ပြည့်စုံ၏။ 23 တိုင်တစ်မျက်နှာ၌ သလဲသီး ကိုးဆယ်ခြောက်လုံးစီရှိ၍၊ ကွန်ရွက်တစ်ဖက်၌ သလဲသီးပေါင်း တစ်ရာရှိသတည်း။
24 ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ် ဇေဖနိ၊ ဗိမာန်တော်တံခါးမှူး သုံးယောက်တို့ကို ဖမ်းဆီးလေ၏။ 25 စစ်သူရဲတို့ကို အုပ်သော ဗိုလ်တစ်ယောက်၊ မြို့ထဲ၌တွေ့မိသော တိုင်ပင်မှူးမတ် ခုနစ်ယောက်၊ ပြည်သူပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီးတစ်ယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ကို မြို့ထဲကခေါ်သွား၍၊ 26 ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်ခဲ့ပြီးလျှင်၊ 27 ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည် ရိဗလမြို့၌ ထိုသူတို့ကိုဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။
28 နေဗုခဒ်နေဇာမင်း သိမ်းသွားသော လူဟူမူကား၊ နန်းစံခုနစ်နှစ်တွင်၊ ယုဒအမျိုးသား သုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ၏။ 29 တစ်ဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ်နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ၏။ 30 နှစ်ဆယ်သုံးနှစ်တွင်၊ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယုဒအမျိုးသား ခုနစ်ရာလေးဆယ်ငါးယောက်တို့ကို သိမ်းသွား၏။ လူအပေါင်းကား၊ လေးထောင်ခြောက်ရာရှိသတည်း။
31 ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလ နှစ်ဆယ်ငါးရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနုတ်၍ ချမ်းသာပေးလေ၏။ 32 ကောင်းမွန်စွာနှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။ 33 ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ် အထံတော်၌ စားသောက်ရ၏။ 34 မသေမီတိုင်အောင် အသက်ရှည်သမျှ နေ့ရက်အစဉ်မပြတ် သူစားစရာဖို့၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။
ပရောဖက်ယေရမိ စီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။
1 2Rs 24.18-20;2Cr 36.11-13Zedequias tinha vinte e um anos quando começou a reinar, e reinou onze anos em Jerusalém. Sua mãe chamava-se Hamutal, filha de Jeremias de Js 10.29;2Rs 8.22;Is 37.8Libna. 2 Ele fez o que era 1Rs 14.22mau aos olhos de Jeová, conforme tudo o que Jr 36.30-31Jeoaquim fizera. 3 Isto aconteceu por causa Is 3.1,4,5da ira de Jeová em Jerusalém até os ter lançado da sua presença.
Zedequias 2Cr 36.13rebelou-se contra o rei de Babilônia. 4 Jr 39.1;2Rs 25.1-7;Ez 24.1-2Sucedeu que, no ano nono do seu reinado, no décimo mês, aos dez dias do mês, veio Nabucodonosor, rei de Babilônia, com todo o seu exército contra Jerusalém, e acampou-se contra ela; e contra ela levantaram Jr 32.24trincheiras ao redor. 5 A cidade ficou sitiada até o undécimo ano de Zedequias. 6 Jr 39.2No quarto mês aos nove dias do mês, viu-se a cidade apertada Jr 38.9;2Rs 25.3de fome, de modo que não havia pão para o povo da terra. 7 Então se abriu Jr 39.2uma brecha na cidade, Jr 39.4-7;51.32e todos os homens de guerra fugiram, e saíram da cidade de noite, pelo caminho da porta entre os dois muros, a qual está junto ao jardim do rei (ora os caldeus cercavam a cidade ao redor); e foram-se pelo caminho da Arabá. 8 Mas o exército dos caldeus perseguiu o rei, Jr 21.7;32.4;34.21;37.17;38.23e alcançou a Zedequias nas campinas de Jericó; todo o seu exército dispersou-se e o abandonou. 9 Prenderam o rei, Jr 39.5;2Rs 25.6e o levaram ao rei de Babilônia a Jr 39.5;Nm 34.11Ribla na terra de Nm 13.21;Js 13.5Hamate; e ele lhe pronunciou a sentença. 10 O rei de Babilônia Jr 22.30;39.6matou os filhos de Zedequias diante dos seus olhos; e bem assim matou todos os príncipes de Judá em Ribla. 11 Jr 39.7;Ez 12.13Vazou os olhos de Zedequias, atou-o com cadeias, levou-o para Babilônia e o pôs no cárcere até o dia da sua morte.
12 2Rs 25.8-21Ora no quinto mês, aos dez dias do mês, era o Jr 52.29;2Rs 24.12;25.8décimo nono ano de Nabucodonosor, rei de Babilônia, veio a Jerusalém Nebuzaradã, capitão da guarda, que assistia na presença do rei de Babilônia; 13 2Cr 36.19;Sl 74.6-8;79.1;Is 64.10-11;Lm 2.7;Mq 3.12queimou a casa de Jeová, Jr 39.8e a casa do rei; e todas as casas de Jerusalém, a saber, todas as casas importantes, ele as entregou às chamas. 14 Todo o exército dos caldeus que estava com o capitão da guarda 2Rs 25.10;Ne 1.3deitou abaixo em roda todos os muros de Jerusalém. 15 Dos mais pobres da terra, e o resto do povo que havia ficado na cidade, e Jr 39.9os desertores que se tinham passado ao rei de Babilônia, e o resto da multidão, 2Rs 25.11levou-os cativos Nebuzaradã, capitão da guarda. 16 Mas dos mais pobres da terra Jr 39.10;40.2-6;2Rs 25.12deixou Nebuzaradã, capitão da guarda, para serem vinheiros e lavradores.
17 Os caldeus despedaçaram as Jr 52.21-23;Jr 27.19-22;1Rs 7.15-22colunas de cobre que estavam na casa de Jeová, 1Rs 7.27-36e as bases, 1Rs 7.23-26e o mar de cobre que estava na casa de Jeová, e levaram todo o cobre para Babilônia. 18 Levaram também 1Rs 7.40,45as panelas, e as pás e os apagadores, e as bacias, e as colheres, e todos os vasos de cobre, de que usavam no ministério. 19 Levou o capitão da guarda 1Rs 7.49-50os copos, e os braseiros, e as bacias, e as panelas, e os candeeiros, e as colheres e as taças, o que era de ouro, em ouro, e o que era de prata, em prata, 20 as duas colunas, o único mar, e os doze bois de cobre que estavam debaixo das bases, que o rei Salomão tinha feito para a casa de Jeová. O cobre de todos estes vasos 1Rs 7.47não tinha peso. 21 Quanto às colunas, 1Rs 7.15a altura de cada coluna era de dezoito cúbitos; um cordão de doze cúbitos a cercava; e a sua grossura era de quatro dedos: era oca. 22 Sobre ela havia um 1Rs 7.16capitel de cobre; e cada capitel tinha cinco cúbitos de alto, e uma rede e 1Rs 7.20,42romãs sobre o capitel ao redor, tudo de cobre; e a segunda coluna tinha as mesmas coisas, e romãs. 23 Havia noventa e seis romãs aos lados; as romãs todas eram cem, postas sobre a rede ao redor.
24 Levou o capitão da guarda a 2Rs 25.18;1Cr 6.14;Ed 7.1Seraías, o sumo sacerdote, e a Jr 21.1;29.25,29;37.3;2Rs 25.18Sofonias o segundo sacerdote e os três Jr 35.4;1Cr 9.19;Sl 84.10guardas da porta; 25 e da cidade levou a um oficial que tinha a seu cargo os homens de guerra; e a sete homens dos Et 1.14;Mt 18.10que assistiam ao rei e que se achavam na cidade; e ao escriba do capitão do exército que registrava o povo da terra; e sessenta homens do povo da terra, que se achavam no meio da cidade. 26 Tomando-os Jr 52.12,15-16Nebuzaradã, capitão da guarda, 2Rs 25.20-21levou-os ao rei de Babilônia, a Jr 52.9Ribla. 27 O rei de Babilônia Ez 8.11-18os feriu, assim matando-os, em Ribla na terra de Hamate. Assim Judá Jr 13.19;20.4;25.9-11;39.9;Is 6.11-12;27.10;32.13-14;Ez 33.28;Mq 4.10foi levado cativo fora da sua terra.
28 Esta é a gente que 2Rs 24.2-3,12-16;2Cr 36.20;Ed 2.1;Ne 7.6;Dn 1.1-3Nabucodonosor levou cativo: no sétimo ano três mil e vinte e três judeus; 29 no décimo oitavo ano de Nabucodonosor, levou de Jerusalém oitocentas e trinta e duas pessoas; 30 no vigésimo terceiro ano de Nabucodonosor, Jr 52.12-15;Jr 39.9;2Rs 25.11Nebuzaradã, capitão da guarda, levou cativas dentre os judeus setecentas e quarenta e cinco pessoas: todas as pessoas foram quatro mil e seiscentas.
31 2Rs 25.27-30No trigésimo sétimo ano do cativeiro de Jeoaquim, rei de Judá, no duodécimo mês aos vinte e cinco dias do mês, Evil-Merodaque, rei de Babilônia, no primeiro ano do seu reinado, Gn 40.13,20;Sl 3.3;27.6levantou a cabeça de Jeoaquim, rei de Judá, e o tirou do cárcere. 32 Falou-lhe benignamente, pôs o trono dele acima dos tronos dos reis que estavam com ele em Babilônia. 33 Gn 41.14,42Fez-lhe mudar os vestidos de que usava no cárcere; e Jeoaquim 2Sm 9.7,13;1Rs 2.7comia pão na presença do rei continuamente todos os dias de sua vida. 34 Para a sua ração, foi-lhe dada pelo rei de Babilônia 2Sm 9.10uma ração contínua, em cada dia a sua porção até o dia da sua morte, durante todos os dias da sua vida.