1 ယုဒအမျိုး၏အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌လည်းကောင်း၊ ယဇ်ပလ္လင်ဦးချို၌လည်းကောင်း အက္ခရာတင်၍ မှတ်သားလျက်ရှိ၏။ 2 သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသောသစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်များကို အောက်မေ့တတ်ကြ၏။ 3 အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာနှင့် သိုထားသမျှသောဥစ္စာကိုလည်းကောင်း၊ ပြည်တစ်လျှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကိုလည်းကောင်း၊ လုယူသောသူတို့လက်သို့ ငါအပ်မည်။ 4 သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ်လောင်သောငါ၏အမျက်မီးကို သင်တို့သည် မွှေးကြပြီ။
5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။ 6 ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သောလွင်ပြင်၌ နေရလိမ့်မည်။ 7 ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ 8 ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။ဆာ၊ ၁:၃။
9 စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။ 10 ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကိုပေးခြင်းငှာ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။ဆာ၊ ၆၂:၁၂။ ဗျာ၊ ၂:၂၃။11 ကောရငှက်သည် မိမိမဥသောဥကို ဝပ်သကဲ့သို့၊ မတရားသဖြင့် ဥစ္စာဆည်းပူးသောသူသည် အသက်ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
12 ရှေ့ဦးစွာမှစ၍ မြင့်သောအရပ်၌ ဘုန်းကြီးတော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာနတော်အရပ် ဖြစ်၏။ 13 အို ဣသရေလအမျိုး၏ မျှော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သောသူအပေါင်းတို့သည် အရှက်ကွဲရကြပါလိမ့်မည်။ ငါ့ထံမှ ထွက်သွားသောသူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေတွင်း တည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြသတည်း။
14 အို ထာဝရဘုရား၊ အကျွန်ုပ်၏အနာကို ငြိမ်းစေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့်မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ချီးမွမ်းရာ ဖြစ်တော်မူ၏။ 15 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။ 16 အကျွန်ုပ်သည် နောက်တော်သို့လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့်တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော်မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။ 17 အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ 18 အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ်ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော်မူပါ။
19 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင်မြို့တံခါးဝ၌ သွား၍ရပ်လျက်၊ 20 လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရုရှလင်မြို့သားများ အပေါင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ 21 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင်မသွင်းမည်အကြောင်း၊ သတိပြုကြလော့။နေ၊ ၁၃:၁၅-၂၂။22 ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ်မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေကြလော့။ထွ၊ ၂၀:၈-၁၀။ တရား၊၅:၁၂-၁၄။23 ဘိုးဘေးတို့သည်နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။ 24 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကိုမသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှ မလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊ 25 ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။ 26 မီးရှို့ရာယဇ်မှစ၍ အခြားသောယဇ်များ၊ ပူဇော်သကာများ၊ မီးရှို့ရာနံ့သာပေါင်း၊ ချီးမွမ်းရာယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင်အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။ 27 သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရုရှလင်မြို့ တံခါးများသို့မဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကိုမီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။
1 Jr 2.22;4.14O pecado de Judá está escrito com um Jó 19.24ponteiro de ferro e com a ponta dum diamante; Pv 3.3;7.3;Is 49.16;2Co 3.3gravado está na tábua do seu coração e nos chifres dos vossos altares. 2 enquanto os seus Jr 7.18filhos se lembram dos seus altares, e dos seus Êx 34.13Aserins junto às Jr 3.6árvores frondosas, sobre os altos outeiros. 3 Ó meu Jr 26.18;Mq 3.12monte que te elevas sobre o campo, a tua substância e todos os teus tesouros, bem como os teus altos, Jr 15.13;20.5;2Rs 24.13;Is 39.4-6dá-los-ei como despojo por causa do pecado, em todos os teus termos. 4 Tu Jr 12.7;Lm 5.2abandonarás a tua herança que te dei, e farei que sirvas aos teus Jr 15.14;27.12-13;Dt 28.48;Is 14.3inimigos na terra que não conheces; porque Jr 7.20;15.14;Is 5.25ateaste um fogo na minha ira, o qual arderá para sempre.
5 Assim diz Jeová: Sl 146.3;Is 2.22;30.1;Ez 29.6-7Maldito é o homem que confia no homem, põe a 2Cr 32.8;Is 31.3carne por seu braço e cujo coração se desvia de Jeová! 6 Porque será como o Jr 48.6junípero no deserto e não verá quando vier o bem; mas habitará nos lugares áridos do ermo, Dt 29.23;Jó 39.6numa terra de salsugem e despovoada. 7 Sl 34.8;84.12Bendito é o homem que confia em Jeová Sl 40.4e de quem Jeová é a confiança! 8 Porque será como Sl 1.3;92.12-14;Ez 31.3-9a árvore plantada junto às águas, que estende as suas raízes à margem dum ribeiro; não temerá quando vier o calor, mas a sua folha será verde; no ano de Jr 14.1-6seca, não andará cuidadoso, nem deixará de dar fruto.
9 Mc 7.21-22;Rm 7.11;Ef 4.22Enganoso é o coração acima de todas as coisas Ec 9.3;Is 1.6;6.10;Mt 13.15;Mc 2.17;Rm 1.21e gravemente enfermo; quem o poderá conhecer? 10 Eu, Jeová, Jr 11.20;20.12;1Sm 16.7;Rm 8.27esquadrinho o coração, provo os rins, para dar a cada um segundo os seus caminhos, segundo o fruto dos seus feitos. 11 Como a perdiz que ajunta pintainhos que não são do seu ninho, assim é o que Jr 6.13;8.10;22.13,17ajunta riquezas, porém não com direito; no meio dos seus dias, as deixará, e, no seu fim, se mostrará insensato.
12 Um Jr 3.17;14.21trono de glória, exaltado desde o princípio, é o lugar do nosso santuário. 13 Ó Jeová, Jr 14.8;50.7Esperança de Israel! Todos os que te abandonarem serão envergonhados; os que Jr 17.5;Sl 73.27se desviarem de ti, serão escritos sobre a terra, porque Jr 2.13,17abandonaram a Jeová, fonte das águas vivas. 14 Jr 30.17;33.6Cura-me, Jeová, e serei curado; Sl 54.1;60.5salva-me, e serei salvo, porque tu és o meu Dt 10.21;Sl 109.1louvor. 15 Eis que eles me Is 5.19;Am 5.18dizem: Onde está a palavra de Jeová? Que venha agora! 16 Quanto a mim, Jr 1.6;20.9não me apressei em deixar de ser pastor após ti, nem tampouco desejei o dia calamitoso; Jr 12.3tu sabes; o que saiu dos meus lábios foi diante da tua face. 17 Não me sejas Sl 88.15motivo de pavor; Jr 16.19;Na 1.7meu refúgio és tu no dia da calamidade. 18 Sejam Jr 17.13;Jr 20.11;Sl 35.4,26envergonhados os que me perseguem, porém não seja eu envergonhado; assombrem-se eles, porém Jr 1.17não me assombre eu; Sl 35.8faze vir sobre eles o dia da calamidade e quebra-os com Jr 16.18dobrado quebrantamento.
19 Assim me disse Jeová: Vai Jr 7.2;26.2e põe-te na porta dos filhos do povo, pela qual entram os reis de Judá e pela qual saem, como também em todas as portas de Jerusalém, 20 e dize-lhes: Ouvi a palavra de Jeová, Jr 19.3-4;Sl 49.1-2;Os 5.1;Am 4.1reis de Judá, e todo o Judá, e todos os habitantes de Jerusalém que entrais por estas portas. 21 Assim diz Jeová: Dt 4.9,15,23;Mc 4.24Guardai-vos a vós mesmos Nm 15.32-36;Ne 13.15-21;Jo 5.9-12e não queirais trazer cargas no dia do sábado, nem as introduzais pelas portas de Jerusalém; 22 nem das vossas casas tireis cargas no dia do sábado, nem façais Êx 16.23-29;20.8-10;Dt 5.12-14;Is 56.2-6;58.13trabalho algum; antes, santificai o dia do sábado, como Êx 31.13-17;Ez 20.12;Zc 1.4ordenei a vossos pais. 23 Porém Jr 7.24,28;11.10não escutaram, nem inclinaram os seus ouvidos, Jr 7.26;19.15;Pv 29.1mas endureceram a sua cerviz, para não me ouvirem, para não receberem instruções.
24 Se Êx 15.26;Dt 11.13;Is 21.7;55.2diligentemente me ouvirdes, diz Jeová, Jr 17.21-22para não introduzirdes cargas pelas portas desta cidade no dia do sábado, mas Êx 20.8-11;Ez 20.20para santificardes o dia do sábado, sem fazerdes nele trabalho algum, 25 Jr 22.4pelas portas desta cidade entrarão reis e príncipes, Jr 33.15,17,21;2Sm 7.16;Is 9.7;Lc 1.32que se assentarão sobre o trono de Davi e andarão em carros e montados em cavalos, eles e os seus príncipes, os homens de Judá e os habitantes de Jerusalém; e esta cidade Sl 132.13-14;Hb 12.22permanecerá para sempre. 26 Virão das Jr 32.44;33.13cidades de Judá, e dos contornos de Jerusalém, e da terra de Benjamim, e da planície, e da região montanhosa, Zc 7.7e do Neguebe, trazendo à Casa de Jeová Jr 33.18holocaustos, e sacrifícios, e oblações, e incenso, Jr 33.11;Sl 107.22trazendo também sacrifícios de ação de graças. 27 Se, Jr 22.5;26.4;Is 1.20;Zc 7.11-14porém, não me ouvirdes para santificardes o dia do sábado e para no dia do sábado cessardes de trazer carga e entrar com ela pelas portas de Jerusalém; Jr 11.16;21.14;Is 9.18-19acenderei fogo nas portas dela, fogo que Jr 39.8;Am 2.5devorará os palácios de Jerusalém e Jr 7.20;Ez 20.47não se apagará.