1 အဲဂုတ္တုပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊ 2 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့ အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။ 3 ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ် ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတစ်ပါးသော ဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့၍ ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ပြုကြသောဒုစရိုက်ကြောင့် ဤအမှုရောက်သတည်း။ 4 ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဖွယ်သောအမှုကို မပြုပါနှင့်ဟုပြောသော်လည်း၊ 5 သူတို့သည် အခြားတစ်ပါးသော ဘုရားအား နံ့သာပေါင်းကိုမီးမရှို့၊ ဒုစရိုက်ကိုရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု၊ မနာမယူဘဲ နေကြ၏။ 6 ထိုကြောင့်၊ ငါ၏အမျက်အရှိန်ကို ငါသွန်းလောင်း၍၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့၌ အမျက်မီးရှို့သဖြင့်၊ သူတို့သည် ယနေ့၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ် ဖြစ်ကြ၏။
7,8 ယခုမှာ ဣသရေလမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ် ပယ်ဖြတ်လိုသောငှာလည်းကောင်း၊ မြေကြီးပေါ်မှာ လူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ကျိန်ဆဲရာ ဖြစ်လိုသောငှာလည်းကောင်း၊ သွား၍နေသော အဲဂုတ္တုပြည်၌ အခြားတစ်ပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကိုနှိုးဆော်သဖြင့်၊ သင်တို့တွင် တစ်ယောက်မျှ မကြွင်း၊ ယုဒအမျိုး ယောက်ျားမိန်းမ၊ သူငယ်နို့စို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ်စိတ်ဝိညာဉ်တစ်ဖက်၌ အဘယ်ကြောင့် ပြုကြသနည်း။ 9 ယုဒပြည်၌လည်းကောင်း၊ ယေရုရှလင်လမ်းတို့၌လည်းကောင်း၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသောဒုစရိုက်၊ သင်တို့ကိုယ်တိုင် ပြုသောဒုစရိုက်၊ သင်တို့မယားများ ပြုသောဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့။ 10 ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသောစိတ်မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်းသို့ မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။ 11 သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသားအပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှာ ငါသည်မျက်နှာထားမည်။ 12 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှာ မျက်နှာပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည်ယူ၍၊ သူတို့သည် ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့လည်းကောင်း၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့လည်းကောင်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဖို့ရာ ဖြစ်ကြလိမ့်မည်။ 13 ယေရုရှလင်မြို့သားတို့ကို ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည်ဒဏ်ပေးသည်နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည်ဒဏ်ပေးသဖြင့်၊ 14 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုသော ယုဒအမျိုးသားအကျန်အကြွင်းတို့သည် ယုဒပြည်သို့ ပြန်၍နေချင်သော်လည်း၊ တစ်ယောက်မျှ ဘေးနှင့်မလွတ်ရ၊ တစ်ယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သောသူသာလျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။
15 ထိုအခါ မိမိမယားတို့သည် အခြားတစ်ပါးသောဘုရားအား နံ့သာပေါင်းနှင့် မီးရှို့ကြောင်းကို သိသောလူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည် ပါသရုအရပ်၌နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြောကြသည်ကား၊ 16 သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည်နားမထောင်။ 17 ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဖူးသကဲ့သို့၊ ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာပူဇော်သကာကို ပြုခြင်းငှာ၊ ကိုယ်အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာစွာနေရကြ၏။ 18 ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာ ပူဇော်သကာကိုမပြုဘဲ နေပြန်သောအခါ၊ အလွန်ဆင်းရဲခြင်း၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ 19 ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကိုလုပ်၍၊ သွန်းလောင်းရာ ပူဇော်သကာပြုလျက် ကိုးကွယ်သလောဟု ပြန်ပြောကြ၏။
20 ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်းတို့အား ယေရမိပြန်ပြောသည်ကား၊ 21 သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ မီးရှို့သောနံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။ 22 သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဖွယ်သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင်သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။ 23 သင်တို့သည် နံ့သာအပေါင်းကိုမီးရှို့၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက် ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်လည်းကောင်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
24 တစ်ဖန် မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ 25 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍ သွန်းလောင်းရာ ပူဇော်သကာပြုခြင်းငှာ၊ သစ္စာကတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ်နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာကတိကို ဆက်ဆက်စောင့်၍၊ သစ္စာကတိထားသည်အတိုင်း ပြုကြလိမ့်မည်။ 26 သို့ဖြစ်၍ အဲဂုတ္တုပြည်၌နေသော ယုဒလူအပေါင်းတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင်၊ ယုဒလူတစ်ယောက်မျှ ငါ၏နာမကိုမမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနာမကို တိုင်တည်၍ ကျိန်ဆို၏။ 27 သူတို့ကို ကျေးဇူးပြုခြင်းငှာ မဟုတ်၊ အပြစ်ပြုခြင်းငှာ ငါစောင့်သည်ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မီတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီးကြလိမ့်မည်။ 28 သို့ရာတွင်၊ ဓားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှာသွားသော ယုဒလူ အကျန်အကြွင်းတို့သည် သိကြလိမ့်မည်။ 29 ဤအရပ်၌ သင်တို့ကိုငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှာ ငါ့စကားသည် ဆက်ဆက်တည်လိမ့်မည်ဟု သင်တို့ သိမည်အကြောင်း၊ ငါပေးသောနိမိတ်လက္ခဏာဟူမူကား၊ 30 ယုဒရှင်ဘုရင်ဇေဒကိမင်း အသက်၏ရန်သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ ဇေဒကိမင်းကို ငါအပ်သည်နည်းတူ၊ အဲဂုတ္တုရှင်ဘုရင် ဖာရောဟောဖရာအသက်ကို ရှာသော ရန်သူလက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။၄ရာ၊၂၅:၁-၇။
1 Eis a palavra que veio a Jeremias acerca de todos os judeus que moravam na terra do Egito, Jr 46.14em Migdol, e em Jr 43.7;Ez 30.18Tafnes, e em Jr 2.16;46.14;Is 19.13;Ez 30.13,16Mênfis, e no país de Jr 44.15;Is 11.11;Ez 29.14;30.14Patros. 2 Assim diz Jeová dos Exércitos, Deus de Israel: Vós tendes visto todo este mal que fiz vir sobre Jerusalém, e sobre todas as cidades de Judá; eis que hoje são elas uma Jr 44.22;Jr 4.7;9.11;34.22;Is 6.11;Mq 3.12desolação, e ninguém nelas habita, 3 Jr 44.23;Jr 2.17-19;Ne 9.33;Ez 8.17-18;Dn 9.5por causa da sua maldade que, Jr 44.8;Jr 7.19;32.30-32;Is 3.8para me provocarem à ira, praticaram, indo a Jr 44.8queimar incenso e Dt 13.6;29.26;32.17a servir outros deuses, a quem não conheceram, nem eles, nem vós, nem vossos pais. 4 Todavia Jr 7.13,25;25.4;26.5;35.15;Zc 7.7vos enviei todos os meus servos, os profetas, levantando-me cedo e enviando-os, a dizer: Ah, não façais esta Jr 16.18;32.34-35;Ez 8.10coisa abominável que aborreço! 5 Porém Jr 11.8,10;13.10não ouviram, nem inclinaram os seus ouvidos para abandonarem a sua maldade, e não mais queimarem incenso a outros deuses. 6 Pelo que o Jr 42.18;Is 51.17-20;Ez 8.18meu furor e a minha ira, derramando-se, incendiaram Jr 7.17,34as cidades de Judá e as ruas de Jerusalém, que se tornaram ermas e Jr 4.27;34.22desoladas, como hoje se vê. 7 Agora assim diz Jeová, Deus dos exércitos, Deus de Israel: Por que Jr 26.19;Ez 33.11;Hc 2.10fazeis vós contra vossas almas este grande mal, fazendo que do meio de Judá Jr 3.24;9.21;51.22seja exterminado dentre vós o homem e a mulher, a criança e o que mama, e que não vos fique Jr 44.12resto algum? por que fazeis este grande mal, 8 Jr 44.3;2Rs 17.15-17;1Co 10.21-22provocando-me à ira com as obras das vossas mãos, Jr 44.3;Jr 7.9;11.12,17;Os 4.13;Hc 1.16queimando incenso a outros deuses na terra do Egito, aonde fostes a peregrinar, para que sejais exterminados, e vos torneis Jr 42.18;1Rs 9.7-8;2Cr 7.20objeto de maldição e de opróbrio entre todas as nações da terra? 9 Acaso estais esquecidos Jr 44.17,21;Jr 7.9-10,17-18das maldades de vossos pais, e das maldades dos reis de Judá, das maldades de suas mulheres, e das vossas maldades e das maldades Jr 44.15de vossas mulheres, que praticaram na terra de Judá, e nas ruas de Jerusalém? 10 Até o dia de hoje Jr 6.15;8.12não se humilharam nem tiveram temor, nem Jr 44.23;Jr 26.4;32.23andaram na minha lei e nos meus estatutos, que pus diante de vós e diante de vossos pais.
11 Portanto assim diz Jeová dos Exércitos, Deus de Israel: Eis que Jr 21.10;Lv 26.17;Am 9.4porei o meu rosto contra vós para mal e para exterminar a todo Judá. 12 Jr 42.15-18,22Tomarei os que restam de Judá, os quais resolveram entrar na terra do Egito para ali peregrinarem, e Jr 44.7;Jr 16.4;Is 1.28todos eles serão consumidos; na terra do Egito cairão; à espada e de fome serão consumidos: desde o menor até o maior morrerão à espada e de fome; e tornar-se-ão Jr 29.18;42.18;Is 65.15objeto de execração, e de espanto, e de maldição e de opróbrio. 13 Jr 44.27-28;Jr 11.22Castigarei os que moram na terra do Egito, como castiguei a Jerusalém, Jr 21.9;24.10;42.17,22à espada, de fome e de peste. 14 Jr 44.27;Jr 22.10Dos que restam de Judá, os quais são vindos para peregrinarem na terra do Egito não haverá quem escape nem sobreviva, para tornar à terra de Judá, a qual eles Jr 22.26-27desejam voltar a fim de ali morarem: não voltarão senão os que Jr 44.28;Is 4.2;10.20;Rm 9.27escaparem.
15 Responderam a Jeremias Jr 5.1-5;Pv 11.21;Is 1.5todos os homens que sabiam que Jr 44.9suas mulheres queimavam incenso a outros deuses, e todas as mulheres que estavam presentes, uma grande assembleia, a saber, todo o povo que morava na terra do Egito, em Patros: 16 Quanto Jr 43.2à palavra que nos disseste em nome de Jeová, Jr 8.6,12;11.8,10;13.10;Jó 15.25-26;21.14-15;Sl 2.3;Is 3.9nós não te escutaremos. 17 Mas certamente cumpriremos toda a palavra que saiu da nossa boca, de queimarmos incenso Jr 7.18;2Rs 17.16à rainha do céu e de lhe derramarmos libações, como temos feito, Jr 44.21;Jr 32.32;Ne 9.34nós e nossos pais, os nossos reis e os nossos príncipes, nas cidades de Judá e nas ruas de Jerusalém; então tínhamos Êx 16.3;Is 48.5;Os 2.5-9;Fp 3.19fartura de pão, e nos ia bem, e não vimos mal algum. 18 Mas desde que cessamos de queimar incenso à rainha do céu e de lhe derramar libações, temos tido Jr 40.12;Nm 11.5-6;Ml 3.13-15falta de tudo e temos sido consumidos pela espada e pela fome. 19 Quando queimávamos incenso à rainha do céu, e lhe derramávamos libações, acaso era Jr 44.15;Nm 30.6-7sem o conhecimento de nossos maridos que nós lhe fazíamos tortas para a retratar, e lhe derramávamos libações?
20 Disse Jeremias a todo o povo, aos homens e às mulheres e a todo o povo, que lhe haviam dado esta resposta: 21 Quanto Ez 8.10-11ao incenso que queimastes nas cidades de Judá Jr 44.9,17;Jr 11.13;Ez 16.24e nas ruas de Jerusalém, vós e vossos pais, os vossos reis e os vossos príncipes, e o povo da terra, acaso Jr 14.10;Sl 79.8;Is 64.9;Os 7.2;Am 8.7não se lembrou disso Jeová, nem lhe veio isso à mente? 22 Jeová Is 7.13;Ml 2.17não o podia suportar mais, Jr 4.4;21.12;30.14por causa da maldade dos vossos feitos e por causa das abominações que havíeis praticado; assim a vossa terra se tornou em Jr 44.13;Jr 25.11,18,38;29.18;42.18desolação, e em objeto de espanto e de opróbrio, e desabitada, como hoje se vê. 23 Porque Jr 44.3tendes queimado incenso, e porque tendes pecado contra Jeová, e Jr 7.13-15;40.3não tendes obedecido a voz de Jeová, nem Jr 44.10;Sl 119.136,150andado na sua lei e nos seus estatutos, e nos seus testemunhos; por isso vos sobreveio Jr 44.2;1Rs 9.9;Ne 13.18este mal, como hoje se vê.
24 Também Jeremias disse a todo o povo e a todas as mulheres: Jr 44.16;Jr 42.15Ouvi a palavra de Jeová, todos os de Judá que estais Jr 44.15,26;Jr 43.7na terra do Egito: 25 Assim diz Jeová dos Exércitos, Deus de Israel: Jr 44.16Vós e vossas mulheres falastes por vossa boca, e com as vossas mãos o cumpristes, dizendo: Jr 44.17;Mt 14.9;At 23.12Certamente cumpriremos os nossos votos que temos feito, de queimarmos incenso à rainha do céu, e de lhe derramarmos libações; Ez 20.39;Tg 1.14-15confirmai, pois, os vossos votos, e cumpri-os. 26 Portanto ouvi a palavra de Jeová, todos os de Judá que habitais na terra do Egito: Eis que por meu grande nome Jr 22.5;Gn 22.16;Dt 32.40-41;Am 6.8;Hb 6.13,18vos jurei, diz Jeová, que o meu nome Sl 50.16;Ez 20.39não será pronunciado mais por boca de nenhum homem de Judá em toda a terra do Egito, dizendo-se: Jr 5.2;Is 48.1-2Pela vida de Jeová. 27 Eis que vigiarei sobre eles Jr 39.16para mal, e não para bem; Jr 44.14;2Rs 21.14e todos os homens de Judá que estão na terra do Egito, serão consumidos pela espada e pela fome, até que de todo se acabem. 28 Jr 44.14Os que escaparem da espada, voltarão da terra do Egito para a terra de Judá, Is 10.19;27.12-13poucos em número; e todos os que restam de Judá, que são vindos à terra do Egito para ali peregrinarem, saberão que palavra subsistirá, se a Sl 33.11;Is 14.27;46.10-11;Zc 1.6minha ou a deles. 29 Isto vos servirá de Jr 44.30;Is 7.11,14;8.18;Mt 24.15-16,32sinal, diz Jeová, de que vos castigarei neste lugar, para que saibas que certamente subsistirão Pv 19.21;Is 40.8as minhas palavras contra vós para mal. 30 Assim diz Jeová: Eis que entregarei Jr 43.9-13;46.25;Ez 29.3Faraó-Hofra, rei do Egito, nas mãos dos seus inimigos, e nas mãos dos que procuram tirar-lhe a vida; assim como entreguei Jr 34.21;39.5-7;2Rs 25.4-7Zedequias, rei de Judá, nas mãos de Nabucodonosor, rei de Babilônia, que era seu inimigo e procurava tirar-lhe a vida.