1 ယုဒရှင်ဘုရင် ယောရှိသားဇေဒကိမင်း နန်းထိုင်စက၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊၄ရာ၊ ၂၄:၁၈-၂၀။ ၆ရာ၊၃၆:၁၁-၁၃။2 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ကြိုးနှင့်ထမ်းပိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌တပ်လော့။ 3 ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ပေးလိုက်လော့။ 4 ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ 5 ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက် မြေကြီးကိုလည်းကောင်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကိုလည်းကောင်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အားပေး၏။ 6 ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန်ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဖို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။ 7 သူ၏နိုင်ငံဆုံးချိန် မရောက်မီတိုင်အောင်၊ ဤပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေးအမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာသော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။ 8 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုမခံ၊ သူ၏ထမ်းပိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ဆုံးရှုံးစေခြင်းငှာ၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။ 9 သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ 10 ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ရွှေ့သွားစေခြင်းငှာလည်းကောင်း၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာလည်းကောင်း မုသားစကားကို ဟောပြောတတ်ကြ၏။ 11 ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းပိုးကိုထမ်း၍၊ သူ၏အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကိုငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
12 ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ထမ်းပိုးကိုထမ်း၍၊ သူနှင့် သူ၏လူများအစေကိုခံလျက်၊ အသက်ချမ်းသာပါလော့။ 13 ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသောလူမျိုးကို ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။ 14 သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏အစေကို မခံရဟု၊ သင်တို့အားဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။ 15 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။
16 ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အားလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို ငါပြန်ပြောသည်ကား၊ ကာလမကြာမမြင့်မီ၊ ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တစ်ဖန်ဆောင်ခဲ့လိမ့်မည်ဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။ 17 သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗုလုန်ရှင်ဘုရင်၏အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်နည်း။ 18 သူတို့သည် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသော တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်းပန်ကြလော့။ 19-21 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်ယောယကိမ်သား ယေခေါနိအစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော် အပေါင်းတို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောအခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသောတိုင်၊ ရေကန်၊ ရေကန်အခြေအမြစ်များ၊ ကျန်ကြွင်းသေးသောတန်ဆာများတို့ကိုရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ 22 ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွားရလိမ့်မည်။ ငါအကြည့်အရှု မကြွလာမီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာတို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။
1 Jr 26.1No princípio do reinado de Jeoaquim, filho de Josias, rei de Judá, veio da parte de Jeová esta palavra a Jeremias, dizendo: 2 Assim me diz a mim Jeová: Faze-te Jr 30.8brochas e Jr 28.10,13canzis e põe-nos ao teu pescoço. 3 Depois, envia-os ao rei do Jr 25.21-22Edom, e ao rei de Moabe, e ao rei dos filhos de Amom, e ao rei do Tiro, e ao rei de Sidom, por mão dos mensageiros que são vindos a Jerusalém a ter Jr 27.1com Zedequias, rei de Judá. 4 Ordena-lhes que digam aos seus amos: Assim diz Jeová dos Exércitos, Deus de Israel: Isso direis a vossos amos: 5 Jr 10.12;51.15;Sl 146.5-6Eu, com o meu grande poder e com o Jr 32.17;Dt 9.29meu braço estendido, fiz a terra, os homens e os animais que estão sobre a face da terra Sl 115.15-16;At 17.26e a dou a quem me parecer bem. 6 Agora, Jr 21.7;22.25;Ez 29.18-20eu entreguei todas estas terras nas mãos do Jr 25.9;43.10;Is 44.28meu servo Nabucodonosor, rei de Babilônia; também lhe dei Jr 28.14todos os animais, para que o sirvam. 7 Jr 44.30;46.13Todas as nações servirão a ele, e a seu filho, e ao filho de seu filho, Zc 2.8-9até que venha o tempo da sua terra; e então Jr 25.12;Is 14.4-6muitas nações e grandes reis se servirão dele. 8 A nação e o reino que Jr 38.17-19;42.15-16;Ez 17.19-21não o servirem a ele, Nabucodonosor, rei de Babilônia, e que não meterem o seu pescoço debaixo do jugo do rei de Babilônia, a essa nação castigá-la-ei, diz Jeová, com Jr 27.13;Jr 24.10;29.17-18;Ez 14.21a espada, e com a fome, e com a peste, até que os tenha consumido pela mão dele. 9 Mas, quanto a vós, Êx 22.18;Dt 18.10;Is 8.19;Ml 3.5não escuteis os vossos profetas, nem os vossos adivinhadores, nem os vossos sonhos, nem os vossos agoureiros, nem os vossos encantadores, que vos dizem: Não servireis o rei de Babilônia. 10 Porque eles vos profetizam Jr 23.25a mentira, com o fim Jr 8.19;32.31de vos removerem para longe da vossa terra e a fim de que sejais Jr 27.15expulsos por mim e venhais a perecer. 11 Mas a nação que Jr 27.2,8,12meter o seu pescoço debaixo do jugo do rei de Babilônia e o servir, a essa nação Jr 21.9;38.2;40.9-12;42.10-11deixá-la-ei ficar na sua terra, diz Jeová; lavrá-la-ão e nela habitarão.
12 Falei a Jr 27.3;Jr 28.1Zedequias, rei de Judá, segundo todas essas palavras, dizendo: Jr 27.2,8Metei os vossos pescoços debaixo do jugo do rei de Babilônia, e servi-o, a ele e ao seu povo, e vivei. 13 Por que Jr 27.8;Jr 38.23;Pv 8.36;Ez 18.31morrereis, tu e o teu povo, à espada, de fome e de peste, como disse Jeová acerca da nação que não servir ao rei de Babilônia? 14 Jr 27.9;2Co 11.13-15Não escuteis as palavras dos profetas que vos dizem: Não servireis ao rei de Babilônia; porque eles vos profetizam Jr 27.10;Ez 13.22a mentira. 15 Pois Jr 23.21;29.9não os enviei, diz Jeová, mas eles profetizam Jr 23.25falsamente em meu nome, para que eu Jr 27.10;2Cr 25.16vos lance fora e para que vós venhais a perecer, Jr 6.13-15;14.15-16;Mt 15.14vós e os profetas que vos profetizam.
16 Também falei aos sacerdotes e a todo este povo: Assim diz Jeová: Não escuteis as palavras dos vossos profetas que vos profetizam, dizendo: Eis que Jr 28.3;2Rs 24.13;2Cr 36.7,10os vasos da Casa de Jeová agora cedo serão trazidos de Babilônia, porque eles vos profetizam Jr 27.10a mentira. 17 Não os escuteis; servi ao rei de Babilônia e vivei. Por que Jr 27.13;Jr 7.34se tornaria esta cidade em desolação? 18 Mas, 1Rs 18.24se são profetas, e se há neles a palavra de Jeová, Jr 18.20;1Sm 7.8;12.19,23intercedam, agora, junto a Jeová dos Exércitos, para que não vão para Babilônia os vasos que ficaram na Casa de Jeová, e na casa do rei de Judá, e em Jerusalém. 19 Pois assim diz Jeová dos Exércitos acerca das Jr 52.17-23;1Rs 7.15, etc.;2Rs 25.13,17colunas, e acerca do mar, e acerca das bases, e acerca do resto dos vasos que ficaram nesta cidade, 20 os quais Nabucodonosor, rei de Babilônia, não tomou quando Jr 22.28;24.1;2Rs 24.12,14-16;2Cr 36.10,18levou cativos de Jerusalém para Babilônia Jeconias, filho de Jeoaquim, filho de Judá, e todos os nobres de Judá e de Jerusalém; 21 sim, isso diz Jeová dos Exércitos, Deus de Israel, acerca dos vasos que ficaram na Casa de Jeová, e na casa do rei de Judá, e em Jerusalém: 22 A Babilônia Jr 29.10;34.2-3serão levados e ali ficarão Jr 27.7;Jr 25.11-12;29.10;32.5até o dia em que os visitar, diz Jeová; então, Ed 1.7-11;5.13-15;7.9,19farei trazer e restituí-los a este lugar.