1 ထာဝရဘုရား၏အထံတော်က နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန်တော်တံခါးဝ၌ ရပ်လျက် ကြွေးကြော်ရမည့်စကားဟူမူကား၊ 2 ထာဝရဘုရားကို ကိုးကွယ်ခြင်းငှာ၊ ဤတံခါးတို့အတွင်းသို့ဝင်သော ယုဒအမျိုးသားအပေါင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ 3 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဘာသာဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။ 4 ဤသည်ကား၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သတည်းဟု မုသားစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။ 5 သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များတို့ကို စုံလင်စွာ ပြုပြင်လျှင်လည်းကောင်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်လည်းကောင်း၊ 6 ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတစ်ပါးသောဘုရားတို့ကို မချဉ်းကပ်ဘဲနေလျှင်လည်းကောင်း၊ 7 သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ်ပေးသောပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။ 8 အကျိုးမရှိဘဲ မုသားစကားကိုပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။ 9 သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်မသိဖူးသော အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်လျက်နှင့်၊ 10 ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဖွယ်သော အမှုအလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ်နုတ်တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက်ရကြမည်လော။ 11 ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ဓားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှုကို ငါ့ကိုယ်တိုင်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။မ၊ ၂၁:၁၃။ မာ၊ ၁၁:၁၇။ လု၊ ၁၉:၄၆။12 ရှေ့ဦးစွာ ငါ၏နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဖူးသည်ကို ကြည့်ရှုကြလော့။ယောရှု၊ ၁၈:၁။ ဆာ၊ ၇၈:၆၀။ ယေ၊ ၂၆:၆။13 ယခုတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်လည်းကောင်း၊ ငါသည် စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်လည်းကောင်း၊ 14 ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။ 15 သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှငါနှင်ထုတ်မည်။
16 သင်သည်လည်း ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏စကားကို ငါနားမထောင်။ 17 သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ပြုကြသောအမှုကို မမြင်သလော။ 18 ငါ့ကို နှောင့်ယှက်မည်အကြံနှင့်၊ ကောင်းကင်မိဖုရားအဖို့ မုန့်ပြားတို့ကိုလုပ်၍၊ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော်သကာကို ပြုခြင်းငှာ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့်ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။ယေ၊ ၄၄:၇-၁၉။19 ထိုသို့ပြု၍ ငါ့ကိုနှောင့်ယှက်ကြသလော။ မိမိတို့ မျက်နှာကိုဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့်ယှက်ကြသည် မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ 20 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေအသီးအနှံအပေါ်မှာ ငါသည် ဒေါသအမျက်မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည်။
21 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာယဇ်များကို အခြားသောယဇ်များနှင့် အတူထား၍၊ အမဲသားကို စားကြလော့။ 22 အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။ 23 ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြလိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကိုစောင့်လိုသောငှာ၊ ငါစီရင်သမျှသောတရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။ 24 သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သောနှလုံး ခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက်နေကြ၏။ 25 သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက်သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည်နေ့တိုင်းစောစောထ၍၊ ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊ 26 သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာမယူဘဲနေ၍ မိမိတို့လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက် သာ၍ဆိုးသွမ်းကြ၏။ 27 သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြ။ 28 သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကားကိုမပြော၊ သစ္စာပျက်သောအမျိုးဖြစ်သည်ဟု သူတို့အားပြောဆိုရမည်။
29 သင်၏သစ္စာဆံပင်ကိုရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကိုပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သောအမျိုးကို စွန့်ပစ်တော်မူပြီ။ 30 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသားတို့သည် ငါ့ရှေ့မှာ ဆိုးသောအမှုကို ပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကိုညစ်ညူးစေခြင်းငှာ၊ ရွံရှာဖွယ်သောအရာတို့ကို သွင်းထားကြပြီ။ 31 ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှာ ဟိန္နုံသား၏ချိုင့်၌ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။ဝတ်၊ ၁၈:၂၁။ ၄ ရာ၊ ၂၃:၁၀။ ယေ၊ ၃၂:၃၅။32 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကိုတောဖက်ချိုင့်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်။ တောဘက်၌ မြေလွတ်မရှိသည်တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။ 33 ဤလူမျိုးအသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲစားစရာဖို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။ 34 ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံနှင့် မင်္ဂလာဆောင် သတို့သမီးအသံကို ငါစဲစေမည်။ တစ်ပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။ယေ၊ ၁၆:၉၊ ၂၅:၁၀။ ဗျာ၊ ၁၈:၂၃။
1 A Jr 26.1-2Palavra que da parte de Jeová veio a Jeremias, dizendo: 2 Jr 17.19Põe-te em pé na porta da Casa de Jeová, e proclama ali esta palavra, e dize: Jr 2.4;10.1;1Rs 22.19;Is 1.10Ouvi a palavra de Jeová, todo Judá que entrais por estas portas para adorardes a Jeová. 3 Assim diz Jeová dos Exércitos, Deus de Israel: Jr 7.5;Jr 4.1;18.11;26.13Emendai os vossos caminhos e os vossos feitos, e vos farei habitar neste lugar. 4 Jr 7.8;Mq 3.11Não confieis em palavras mentirosas, dizendo: Jr 7.9-11,14Templo de Jeová, templo de Jeová é este. 5 Jr 4.1-2;Is 1.19Se emendardes radicalmente os vossos caminhos e os vossos feitos; se deveras Jr 21.12;22.3;1Rs 6.12-13executardes o juízo entre um homem e o seu próximo; 6 se não oprimirdes o estrangeiro, Jr 5.28;Êx 22.21-24o órfão e a viúva Jr 2.34;19.4e não derramardes neste lugar o sangue inocente, nem, em prejuízo vosso, Jr 13.10;Dt 6.14-15;8.19;11.28andardes após outros deuses, 7 então, vos farei Jr 4.1;Dt 4.40habitar neste lugar, Jr 3.18na terra que dei a vossos pais, desde os tempos antigos e para sempre.
8 Eis que vós confiais em Jr 7.4;Jr 13.25;23.32;28.15palavras mentirosas, que não vos podem aproveitar. 9 Acaso, Êx 20.3,13-16furtareis, matareis, cometereis adultério, jurareis falso, Jr 11.13,17queimareis incenso a Baal e andareis após Jr 7.6;Jr 19.4outros deuses a quem não conhecestes, 10 e Ez 23.39vireis a apresentar-vos diante de mim Jr 7.11,14,30;Jr 32.34nesta casa, que é chamada do meu nome, e direis: Jr 2.23,35Somos livres, para que pratiqueis todas estas abominações? 11 Is 56.7Esta casa, que é chamada do meu nome, porventura, se tornou aos vossos olhos Mt 21.13;Mc 11.17;Lc 19.46um covil de salteadores? Eis que Jr 29.23eu, eu o vi, diz Jeová.
12 Pois ide, agora, ao meu lugar que estava em Jr 26.6;Jz 18.31Siló, onde no princípio Jz 18.1,10fiz habitar o meu nome, 1Sm 4.10-11,22;Sl 78.60-64e vede o que lhe fiz por causa da maldade do meu povo de Israel. 13 Agora, porque fizestes todas essas obras, diz Jeová, porque eu vos falei, Jr 7.25;Jr 11.7;2Cr 36.15levantando-me cedo e Jr 35.17falando, mas vós não ouvistes; porque Pv 1.24;Is 65.12;66.4vos chamei, porém não respondestes; 14 portanto, como Jr 7.12fiz a Siló, assim farei Dt 12.5;1Rs 9.7à casa que é chamada do meu nome, Jr 7.4e em que vós confiais, e ao lugar que vos dei a vós e a vossos pais. 15 Jr 15.1;52.3Lançar-vos-ei de diante da minha face, como 2Rs 17.23lancei a todos os vossos irmãos, a toda a linhagem de Sl 78.67;Os 7.13;9.3;12.1Efraim.
16 Tu, pois, Jr 11.14;Êx 32.10;Dt 9.14não rogues por este povo, não levantes por ele clamor nem oração, não me importunes, porque Jr 15.1te não escutarei. 17 Acaso, não vês tu o que Jr 11.13;44.6fazem nas cidades de Judá e nas ruas de Jerusalém? 18 Os filhos ajuntam lenha, os pais acendem fogo, e Jr 44.17-19as mulheres preparam massas para fazerem tortas à rainha do céu e Jr 10.13oferecerem libações a outros deuses, afim de me Jr 11.17;Dt 32.16,21;1Rs 14.9;16.2;Ez 8.17provocarem à ira. 19 Jó 35.6Acaso, eles a mim me provocam à ira? — diz Jeová; não se provocam a si mesmos Jr 9.19;15.9;22.22à confusão do seu rosto? 20 Portanto, assim diz o Senhor Jeová: Eis que a minha Jr 6.11-12;42.18;Is 42.25;Lm 2.3-5;4.11ira e o meu furor serão derramados sobre este lugar, e sobre os homens, e sobre os animais, e sobre as Jr 8.13;11.16árvores do campo, e sobre os frutos da terra; acender-se-á e não se apagará.
21 Assim diz Jeová dos Exércitos, o Deus de Israel: Jr 6.20;14.12;Is 1.11;Am 5.21Ajuntai os vossos holocaustos aos vossos sacrifícios, Ez 33.25;Os 8.13e comei carne. 22 Pois no dia em que os tirei da terra do Egito 1Sm 15.22;Sl 51.16;Os 6.6não falei com vossos pais, não lhes dei mandamento acerca de holocaustos ou sacrifícios; 23 mas dei-lhes este mandamento, dizendo: Êx 15.26;Dt 6.3Escutai a minha voz, Jr 11.4;13.11;Êx 19.5-6;Lv 26.12e eu serei o vosso Deus, e vós sereis o meu povo; andai por todo o caminho que vos ordeno, para que Jr 38.20;42.6;Is 3.10te vá bem. 24 Porém Jr 11.8;Sl 81.11;Ez 20.8,13,16,21não escutaram, nem inclinaram os seus ouvidos, Jr 15.6mas andaram para trás em vez de irem para diante. 25 Desde o dia em que vossos pais saíram da terra do Egito até o dia de hoje, tenho-vos Jr 7.13;Jr 25.4;2Cr 36.15;Lc 11.49enviado todos os meus servos, os profetas, levantando-me cedo cada dia e enviando-os. 26 Contudo, Jr 7.24não me escutaram, nem inclinaram os seus ouvidos, Jr 17.23;19.15;Ne 9.17mas endureceram a sua cerviz: Jr 16.12;Mt 23.32fizeram pior que seus pais.
27 Jr 1.8;26.2;Ez 2.7Dir-lhes-ás todas estas palavras, porém Jr 7.13;Ez 3.7não te escutarão; chamá-los-ás, porém não Is 50.2;65.12;Zc 7.13te responderão. 28 Dir-lhes-ás: Esta é a nação que Jr 6.17;11.10não escutou a voz de Jeová, seu Deus, Jr 5.3;Sl 50.17nem recebeu instrução; Jr 9.5;Is 59.14-15já pereceu a verdade, e está exterminada da boca deles.
29 Jr 16.6;Jó 1.20;Is 15.2;22.12;Mq 1.16Corta os teus cabelos, Jerusalém, e lança-os fora, Jr 3.21;9.17-18e levanta um pranto sobre os altos escalvados; porque Jeová Jr 6.30;14.19rejeitou e desamparou a geração, objeto do seu furor. 30 Pois os filhos de Judá fizeram o que é mau aos meus olhos, diz Jeová; Jr 32.34-35;2Rs 21.4;2Cr 33.4-5,7;Ez 7.20;Dn 9.27;11.31puseram as suas abominações na casa, que é chamada do meu nome, para a profanarem. 31 Jr 19.5;2Rs 23.10Edificaram os altos de Tofete, que está no vale do filho de Hinom, 2Rs 17.17;Sl 106.38para queimarem no fogo seus filhos e suas filhas, coisa Dt 17.3que não ordenei, nem me veio à mente. 32 Jr 19.6-7Portanto, eis que vêm os dias, diz Jeová, em que não se chamará mais Tofete, nem vale do filho de Hinom, mas vale de matança; Jr 19.11;2Rs 23.10e enterrarão em Tofete, por não haver mais outro lugar. 33 Jr 12.9;Dt 28.26;Sl 79.2Os cadáveres deste povo servirão de pasto às aves do céu, e aos animais da terra; e ninguém os enxotará. 34 Então, das cidades de Judá e das ruas de Jerusalém farei Jr 16.9;Is 24.7-8;Ez 26.13;Os 2.11cessar a voz de gozo e a voz de alegria, a voz do noivo e a voz da noiva; porque Jr 4.27;Is 1.7a terra se converterá em ermo.