1 ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိအစရှိသော တပ်မှူးရှိသမျှတို့နှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက်ယေရမိထံသို့ ချဉ်းကပ်၍ 2,3 အကျွန်ုပ်တို့သည် အထက်ကများသော်လည်း၊ ယခုကိုယ်တော် မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ အသနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာရဘုရားသည် အကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဖို့ ကိုယ်တော်၏ ဘုရားသခင် ထာရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။ 4 ပရောဖက် ယေရမိကလည်း ငါကြား၏။ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာရဘုရားအား ဆုတောင်းမည်။ ထာရဘုရားသည် သင်တို့အား မိန့်တော်မူသမျှတို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို၏။ 5 သူတို့ကလည်း ကိုယ်တော်ဘုရားသခင် ထာရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာရဘုရားသည် အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့်သော သက်သေ ဖြစ်တော်မူစေသတည်း။ 6 အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင် ထာရဘုရား၏အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်ကို စေလွှတ်ရာ အကျွန်ုပ်တို့၏ဘုရားသခင် ထာရဘုရား၏အမိန့်တော်သည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအားပြောဆိုကြ၏။
7 ထိုနောက် ဆယ်ရက်ကြာသောအခါ၊ ထာရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လျှင်၊ 8 ယေရမိသည် ကာရာသား ယောဟနန်မှစ၍၊ သူ၌ပါသမျှသောတပ်မှူးတို့နှင့် လူအကြီးအငယ်အပေါင်းတို့ကို ခေါ်၍၊ 9 သင်တို့သည် ငါ့ကိုစေလွှတ်၍ အသနားတော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ 10 အကယ်စင်စစ် သင်တို့သည် ဤပြည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကို မနုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ရောက်စေသော ဘေးဒဏ်ကြောင့် နောင်တရ၏။ 11 သင်တို့ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာရဘုရားမိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကိုကယ်တင်၍၊ ထိုမင်းလက်မှ နုတ်ယူခြင်းငှာ သင်တို့ဘက်၌ရှိ၏။ 12 သင်တို့ကို ငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကိုသနား၍၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည်။ 13 သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤပြည်၌မနေ၊ ငါတို့ ဘုရားသခင် ထာရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ 14 စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့ သွား၍နေမည်ဟု ဆိုလျှင်၊ 15 ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ကြားကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာရဘုရားထံမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှာ ကျပ်ကျပ် မျက်နှာပြုလျက်၊ ထိုပြည်သို့ အမှန်သွား၍ တည်းခိုလျှင်၊ 16 သင်တို့ကြောက်သော ဓားဘေးသည် အဲဂုတ္တုပြည်၌ သင်တို့ကိုမီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကိုကျပ်ကျပ်လိုက်၍၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ 17 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှာ မျက်နှာပြုသောသူ အပေါင်းတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်။ သူတို့အပေါ်သို့ ငါရောက်စေသော ဘေးဒဏ်နှင့် တစ်ယောက်မျှမလွတ်ရ။ ကျန်ကြွင်းသောလူ တစ်ယောက်မျှမရှိရ။ 18 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာရဘုရားသခင်မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်းလောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့င်သောအခါ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့သြခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဖို့ရာ ဖြစ်လိမ့်မည်။ ဤအရပ်ကို နောက်တစ်ဖန် မမြင်ရ။ 19 ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ အဲဂုတ္တုပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရားအမိန့်တော်ရှိ၏။ ငါသည်သင်တို့ကို ယနေ့ သက်သေခံကြောင်းကို သိမှတ်ကြလော့။ 20 အကယ်စင်စစ် သင်တို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဖို့ ဆုတောင်းပါလော့။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင်ပါမည်ဟုဆို၍၊ ငါ့ကို သင်တို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ၊ ကိုယ်စိတ်ကို ကိုယ်လှည့်စားကြပြီ။ 21 ငါသည်သင်တို့အား ယနေ့ကြားပြော၏။ သင်တို့မူကား၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကိုလည်းကောင်း၊ နားမထောင်ဘဲနေကြ၏။ 22 ထိုကြောင့် သင်တို့သည်သွား၍ တည်းခိုချင်သောအရပ်၌ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ်ကြလော့ဟု ယေရမိသည် ပြန်ပြောလေ၏။
1 Chegaram todos os capitães das forças, Jr 40.8,13;41.11,16e Joanã, filho de Careá, e Jezanias, filho de Hosaías, e todo o povo Jr 42.8;Jr 6.13;8.10;44.12;At 8.10desde o menor até o maior, 2 e disseram ao profeta Jeremias: Seja aceita, pedimos-te, a nossa Jr 36.7;37.20súplica diante de ti, e Jr 42.20;Jr 37.3;Êx 8.28;1Rs 13.6;At 8.24roga a Jeová teu Deus, por nós, por todo este resto; porque de muitos temos ficado Dt 28.62;Is 1.9;Lm 1.1só uns poucos, assim como nos vêm os teus olhos. 3 Roga para que Jeová teu Deus nos indique Jr 6.16;Sl 86.11;Pv 3.6;Mq 4.2o caminho no qual havemos de andar, e aquilo que havemos de fazer. 4 Respondeu-lhes o profeta Jeremias: Tenho ouvido; eis Êx 8.29;1Sm 12.23que orarei conforme as vossas palavras a Jr 23.28;1Rs 22.14Jeová vosso Deus. Tudo o que Jeová vos responder, eu vo-lo referirei; 1Sm 3.17-18;Sl 40.10não vos encobrirei coisa alguma. 5 Disseram eles a Jeremias: Jr 43.2;Gn 31.50;Jz 11.10;Mq 1.2;Ml 2.14;3.5Seja Jeová entre nós testemunha verdadeira e fiel, se assim o não fizermos conforme toda a palavra, com que te enviar a nós Jeová teu Deus. 6 Seja em bem, ou seja em mal, Êx 24.7;Dt 5.27;Js 24.24obedeceremos à voz de Jeová nosso Deus, a quem te enviamos; Jr 7.23;Dt 5.29,33para que nos vá bem, quando obedecermos à voz de Jeová nosso Deus.
7 Sl 27.14;Is 30.18Passados que foram dez dias, veio a palavra de Jeová a Jeremias. 8 Jeremias chamou Jr 42.1a Joanã, filho de Careá, e a todos os capitães das forças que estavam com ele, e a todo o povo desde o menor até o maior, 9 e disse-lhes: Assim 2Rs 19.4,6,20;22.15diz Jeová, Deus de Israel, a quem me enviastes, para que eu apresentasse diante dele as vossas súplicas: 10 Se continuardes a ficar nesta terra, Jr 24.6;31.28;Ez 36.36edificar-vos-ei, e não vos derribarei; plantar-vos-ei, e não vos arrancarei; porque Jr 18.7-8;Os 11.8;Jl 2.13;Am 7.3,6;Jn 3.10;4.2estou arrependido do mal que vos tenho feito. 11 Jr 1.8;27.12,17;41.18Não tenhais medo do rei de Babilônia, de quem vós tendes medo; não tenhais medo dele, diz Jeová; Jr 1.19;15.20;2Cr 32.7-8;Sl 46.7,11;Is 8.9-10;43.2,5;Rm 8.31pois eu sou convosco para vos salvar, e para vos livrar das suas mãos. 12 Conceder-vos-ei misericórdia, Ne 1.11;Sl 106.46;Pv 16.7para que ele tenha misericórdia de vós, e vos faça voltar para a vossa terra. 13 Mas se vós disserdes: Jr 44.16;Êx 5.2Não moraremos nesta terra; se não obedecerdes à voz de Jeová vosso Deus, 14 mas disserdes: Não, Jr 41.17;Is 31.1antes iremos à terra do Egito, onde não veremos guerra, Jr 4.19,21;Êx 16.3;Nm 11.4nem ouviremos som de trombeta, nem teremos fome de pão; e ali habitaremos: 15 ouvi a palavra de Jeová, ó resto de Judá. Assim diz Jeová dos exércitos, Deus de Israel: Se vós tiverdes o firme propósito de entrardes no Jr 42.17;Jr 44.12-14;Dt 17.16Egito, e fordes para lá peregrinar; 16 Jr 44.13,27;Ez 11.8;Am 9.1-4a espada, que vós temeis, vos alcançará ali na terra do Egito, e a fome, que vós receais, vos guiará bem de perto ali no Egito, e ali morrereis. 17 Assim acontecerá a todos os homens que tiverem o firme propósito de entrarem no Egito para ali peregrinar; morrerão Jr 42.22;Jr 38.2;44.13à espada, de fome, e de peste; Jr 44.28não ficará nenhum deles, nem escapará do mal que eu farei vir sobre eles.
18 Pois assim diz Jeová dos Exércitos, Deus de Israel: Assim como se derramou Jr 7.20;33.5;39.1-9;2Cr 36.16-19a minha ira e o meu furor sobre os habitantes de Jerusalém, assim será derramado o meu furor sobre vós, quando entrardes no Egito; vireis a ser objeto de Jr 29.18;Dt 29.21;Is 65.15execração, e de espanto, e de maldição e de opróbrio; Jr 22.10,27e não tornareis mais a ver este lugar. 19 Jeová disse acerca de vós, ó resto de Judá: Is 30.1-7Não entreis no Egito; Ez 2.5tende por certo que hoje vo-lo Ne 9.26,29-30tenho protestado. 20 Na verdade Jr 41.17;43.2;Ez 14.3com dolo vos tendes havido contra vós mesmos; porque Jr 42.2,5me enviastes a Jeová vosso Deus, dizendo: Roga por nós a Jeová, nosso Deus, e segundo tudo o que disser Jeová nosso Deus, anuncia-no-lo assim, que nós o faremos. 21 Hoje vo-lo Jr 43.1;Dt 11.26;Ez 2.7;At 20.26-27tenho anunciado, porém Jr 42.6;Jr 43.4não obedecestes a voz de Jeová vosso Deus em coisa alguma pela qual me enviou a vós. 22 Agora tende por certo que à espada, de fome e de peste Jr 42.17;Jr 43.11morrereis Os 9.6no lugar aonde desejais ir para ali peregrinardes.