1 ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ 2,3 ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။ 4 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊ 5 သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ ပတ္ထနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ 6 သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။ 7 ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ 8 ကြည့်ရှုလော့။ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ရွေ့သောအရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသောအရိပ်သည် ဆယ်ချက်ပြန်လေ၏။
9 ယုဒမင်းကြီးဟေဇကိသည် အနာမှထမြောက်၍ ရေးထားသောစာဟူမူကား၊ 10 ငါသည် ငြိမ်သက်စွာနေစဉ်အခါ၊ မရဏနိုင်ငံတံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသောနှစ်များကို ငါရှုံးပြီဟု ငါဆိုသတည်း။ 11 အသက်ရှင်သော သူတို့၏နေရာ၌၊ ထာဝရဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်းဖော်ရသဖြင့်၊ နောက်တစ်ဖန် လူတို့ကို မမြင်ရ။ 12 သိုးထိန်းတဲကဲ့သို့ ငါနေသောအိမ်ကိုနုတ်ပယ်၍၊ အခြားတစ်ပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင်မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။ 13 ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည်ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ၏။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။ 14 ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည်၍ ချိုးကဲ့သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မျှော်ကြည့်၍ အားလျော့ကြပြီ။ အို ဘုရားရှင်၊ ညှဉ်းဆဲခြင်းကိုခံရသော အကျွန်ုပ်ဘက်၌ နေတော်မူပါ။
15 အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ကတိပေးတော်မူပြီ။ ကတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ်ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။ 16 အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက်တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကိုရှင်စေတော်မူ၏။ 17 အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာတွင်းထဲက နုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။ 18 အကယ်စင်စစ် မရဏနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသောသူသည် သစ္စာတော်ကို မမျှော်လင့်ရပါ။ 19 အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင်၊ ယနေ့အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဖော်ပြရပါလိမ့်မည်။ 20 ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တစ်သက်လုံး ဗိမာန်တော်၌ စောင်းတီး၍ သီချင်းဆိုကြလိမ့်သတည်း။
21 ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကို ယူ၍နယ်ပြီးမှ၊ အနာကို အုံကြလော့။ ထိုသို့ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ၏။
22 ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေး၏။
1 Is 38.1-8;2Rs 20.1-6,9-11;2Cr 32.24Naqueles dias, adoeceu Ezequias de morte. Is 1.1;37.2O profeta Isaías, filho de Amoz, veio ter com ele e disse-lhe: Assim diz Jeová: 2Sm 17.23Ordena a tua casa, porque morrerás e não viverás. 2 Então, Ezequias virou o rosto para a parede e orou a Jeová, 3 dizendo: Ne 13.14Lembra-te, agora, Jeová, de como 2Rs 18.5-6;Sl 26.3andei diante de ti em verdade e com 1Cr 28.9;29.19um coração perfeito e de como Dt 6.18fiz o que é do teu agrado. Sl 6.6-8Derramou Ezequias grande cópia de lágrimas. 4 Então, veio a Isaías a palavra de Jeová, dizendo: 5 Vai e dize a Ezequias: Assim diz Jeová, Deus de teu pai Davi: Ouvi a tua oração e vi as tuas lágrimas; eis que acrescentarei aos teus dias 2Rs 18.2,13quinze anos. 6 Das mãos do rei da Assíria Is 31.5;37.35te livrarei a ti e a esta cidade; e defenderei esta cidade. 7 Isto te será o Is 7.11,14;37.30;Jz 6.17,21,36-40sinal da parte de Jeová, de que Jeová cumprirá essa palavra que falou: 8 eis que 2Rs 20.9-11farei que volte dez degraus para trás a sombra sobre os degraus, a qual sombra tinha declinado sobre o relógio de Acaz com o giro do sol. Assim, voltou Js 10.12-14o sol dez degraus sobre o relógio, pelos quais degraus tinha declinado.
9 O escrito de Ezequias, rei de Judá, depois de ter estado doente e de ter convalescido da sua doença:
10 Eu disse: Sl 102.24Na metade dos meus dias, hei de entrar nas Sl 107.18portas do Sheol.
Jó 17.11,15;2Co 1.9Privado estou do resto dos meus anos.
11 Eu disse: Não verei a JÁ, não verei a JÁ na terra dos viventes.
Não mais verei homens Sl 27.13;116.9entre os habitantes do mundo.
12 A minha habitação já foi arrancada e arrebatada de mim como 2Co 5.1,4;2Pe 1.13-14a tenda de um pastor.
Hb 1.12Enrolei como Jó 7.6tecelão a minha vida; ele me Jó 6.9cortará do tear.
Jó 4.20;Sl 73.14Do dia para a noite, tu darás cabo de mim.
13 Eu me esforcei para me conservar quieto, até a manhã; Jó 10.16;16.12como um leão, assim Sl 51.8;Dn 6.24esmigalha ele todos os meus ossos.
Sl 32.4Do dia para a noite, tu darás cabo de mim.
14 Jó 30.29;Sl 102.6Como o grou ou a andorinha, assim eu chilreava;
eu Is 59.11;Ez 7.16;Na 2.7gemia como a pomba; os meus Sl 119.123olhos cansavam olhando para cima.
Oprimido estou, Jeová; sê tu o meu Jó 17.3;Sl 119.122fiador.
15 Sl 39.9Que hei de dizer? Ele me prometeu, foi ele mesmo que o cumpriu.
Andarei 1Rs 21.27a passos contados todos os meus anos, por causa da Is 38.17;Jó 7.11;10.1amargura da minha vida.
16 Senhor, Sl 119.71,75por essas coisas vivem os homens,
e inteiramente nelas está a vida do meu espírito.
Por isso, Sl 39.13restabelece-me tu Sl 119.25e faze-me viver.
17 Eis que foi para a minha paz que eu tive grande amargura;
tu, porém, amando a minha alma, Sl 30.3;86.13;Jn 2.6a livraste da Is 38.10cova da corrupção,
porque Is 43.25;Jr 31.34;Mq 7.19lançaste para trás das minhas costas todos os meus pecados.
18 Pois Sl 6.5;88.10-12;115.17;Ec 9.10o Sheol não te pode louvar,
a morte não te pode celebrar.
Os que descem Nm 16.33;Sl 28.1à cova não podem esperar a tua verdade.
19 Sl 118.17;119.175O que vive, o que vive, esse te louvará como eu o faço hoje;
Dt 6.7;11.19;Sl 78.5-7o pai fará notória aos filhos a tua verdade.
20 Jeová está Sl 86.5pronto para me salvar.
Por isso, tangendo os instrumentos de cordas, Sl 33.1-3;68.24-26cantaremos os meus cânticos,
Sl 104.33;116.2;146.2todos os dias da nossa vida, Sl 116.17-19na Casa de Jeová.
21 Ora, 2Rs 20.7-8Isaías tinha dito: Tomem uma pasta de figos e ponham-na como cataplasma sobre a úlcera, e o rei recuperará a saúde. 22 Ezequias também tinha dito: Qual é o Is 38.7sinal de que subirei à Casa de Jeová?