1 ရေလွှမ်းမိုးသောတောနှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက်မက်ဖွယ်သောပြည်၊ တောကြီးမှလာ၏။ 2 ကြောက်မက်ဖွယ်သော ရူပါရုံကိုငါမြင်ရ၏။ လုယူတတ်သောသူသည် လုယူ၏။ ဖျက်ဆီးတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကို ဝိုင်းထားကြလော့။ ထိုမြို့ကြောင့်၊ သူတစ်ပါး ညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
3 ထိုကြောင့်၊ ငါသည် ခါးနာလှ၏။ သားဖွားသော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင်အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။ 4 ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဖွယ်သောအရာဖြင့် ငါသည် ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညကို ဘေးနှင့် ပြည့်စုံစေတော်မူ၏။ 5 စားပွဲကို ပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက် နေကြ၏။ အို မင်းများတို့၊ ထကြ၊ လွှားကိုဆီလောင်းကြ။ 6 အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည်အတိုင်း ပြောစေလော့ဟု ငါ့အားမိန့်တော်မူ၏။ 7 ကင်းစောင့်သည်လည်း၊ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းတပ်တစ်တပ်၊ မြည်းတပ်တစ်တပ်၊ ကုလားအုတ်တပ်တစ်တပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင်ပြီးလျှင်၊ 8 သခင်၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာအစဉ်ရပ်၍၊ တစ်ညလုံး၌လည်း ကင်းစောင့်လျက်နေပါ၏။ 9 ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူရဲတပ်ကိုမြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူကလည်း၊ ဗာဗုလုန်မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြပါသည်ဟု ထပ်၍ဆိုလေ၏။ဗျာ၊ ၁၄:၈၊၁၈:၂။10 ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ဘုရားသခင် မိန့်တော်မူသည်ကို ငါကြားရသည်အတိုင်း၊ သင်တို့အားငါဆင့်ဆိုသတည်း။
11 ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။ 12 ကင်းစောင့်ကလည်း၊ နံနက်သည် လာ၏။ ညလည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တစ်ဖန် လာကြဟု ဆိုလေ၏။
13 အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန်လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညကို လွန်စေရကြမည်။ 14 တေမပြည်သားတို့၊ ရေငတ်သောသူအဖို့ ရေကိုယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြ၏။ 15 အကြောင်းမူကား၊ သူတို့သည် ဓားဘေးမှလည်းကောင်း၊ ထုတ်သောဓား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှုမှလည်းကောင်း ပြေးကြ၏။ 16 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တစ်နှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေရှိသမျှကွယ်ပျောက်၍၊ 17 ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲတို့သည် အလွန်နည်းကြလိမ့်မည်ဟု၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
1 Is 13.1A sentença acerca do Is 13.20-22;14.23;Jr 51.42deserto do mar.
Como os Dn 11.40;Zc 9.14tufões do Sul passam com grande velocidade, assim vem ele do deserto, de uma terra horrível. 2 Anunciada me foi uma Sl 60.3dura visão: Is 24.16;33.1o pérfido procede perfidamente, e o devastador devasta. Sobe, Is 22.6;Jr 49.34Elão; sitia, Is 13.17Média; já fiz cessar todos os gemidos. 3 Portanto, se encheram de angústia Is 13.8;16.11os meus lombos; dores apoderaram-se de mim como Is 13.8;26.17;Sl 48.6;1Ts 5.3as dores de mulher na hora do parto; torço-me com dores, de modo que não posso ouvir; espavorido sou, de modo que não posso ver. 4 O meu coração bate violentamente, o terror me tem amedrontado; o crepúsculo que eu desejava Dt 28.67tem-se-me tornado em tremores. 5 Jr 51.39,57;Dn 5.1-4Preparam a mesa, põem a sentinela, comem e bebem. Levantai-vos, príncipes, ungi o escudo. 6 Pois assim me disse Jeová: Vai, põe a sentinela; 2Rs 9.17-20diga ela o que vir; 7 quando vir uma Is 21.9tropa de cavaleiros de dois a dois, uma tropa de jumentos e uma tropa de camelos, escutará diligentemente com grande atenção. 8 Então, clamou como um leão: Sobre a atalaia, Hc 2.1Senhor, eu me acho em pé continuamente de dia e fico no meu posto todas as noites. 9 Eis aqui vem uma tropa de homens, cavaleiros de dois a dois. Ele respondeu e disse: Caiu, caiu Is 13.19;47.5,9;48.14;Jr 51.8;Ap 14.8Babilônia; e todas as Is 46.1;Jr 50.2;51.44imagens esculpidas dos seus deuses são despedaçadas até o chão.
10 Jr 51.33;Mq 4.13Debulha minha e filho da minha eira, o que tenho ouvido da parte de Jeová dos Exércitos, isso vos tenho anunciado.
11 A sentença acerca de Gn 25.14Dumá.
Clamam-me de Gn 32.3Seir: Guarda, quanto resta da noite? 12 Respondeu o guarda: Vem a manhã, também a noite; se quereis perguntar, perguntai; tornai-vos, vinde.
13 Is 13.1A sentença acerca da Jr 25.23-24;49.28Arábia.
Nos bosques da Arábia, passareis a noite, ó caravanas de Gn 10.7;Ez 27.15dedanitas. 14 Trouxeram água aos sequiosos; os habitantes da terra de Gn 25.15;Jó 6.19Tema foram com o seu pão ao encontro dos fugitivos. 15 Pois eles Is 13.14-15;17.13fugiram de diante das espadas, de diante da espada desembainhada, de diante do arco armado e de diante da pressão da guerra. 16 Porque assim me disse Jeová: Ainda dentro de um ano, como os Is 16.14anos de um jornaleiro, e toda a Is 17.4glória de Is 42.11;60.7;Sl 120.5;Ct 1.5Quedar se esvaecerá. 17 Aquilo Is 10.19que restar do número dos flecheiros, homens valentes dos filhos de Quedar, será diminuto, porque Jeová, Deus de Israel, Nm 23.19;Zc 1.6o disse.