1 ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏။ယေ၊ ၄၉:၂၃-၂၇။ အာ၊ ၁:၃-၅။ ဇာ၊ ၉:၁။2 အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။ 3 ဧဖရိမ်ပြည်၌ မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသောရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
4 ထိုကာလ၌ ယာကုပ်အမျိုး၏ဘုန်းသည် လျော့၍၊ ဆူဝခြင်းလည်း ပိန်ကြုံခြင်းဖြစ်ရလိမ့်မည်။ 5 လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ်သကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ်သကဲ့သို့လည်းကောင်း၊ ထိုအမှုဖြစ်ရလိမ့်မည်။ 6 သို့ရာတွင်၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသောအခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်းရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။
7 ထိုကာလ၌ လူသည် မိမိကို ဖန်ဆင်းတော်မူသော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဖူးမျှော်ရလိမ့်မည်။ 8 မိမိလက်နှင့် လုပ်သောယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာတည်းဟူသော အာရှရပင်တို့ကိုလည်းကောင်း၊ ရုပ်တုတို့ကိုလည်းကောင်း ပမာဏမပြုရ။ 9 ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသရေလအမျိုးသားရှေ့မှာစွန့်ပစ်သော သစ်တောအကျန်အကြွင်းနှင့် သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက် ရှိရလိမ့်မည်။ 10 သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည်မေ့လျော့၍၊ မိမိခိုလှုံရာကျောက်ကို မိမိမအောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင်တို့နှင့်၊ တစ်ကျွန်းတစ်နိုင်ငံ အညွန့်တို့ကိုစိုက်ပျိုး၍၊ 11 ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှာလည်းကောင်း၊ အလျင်အမြန် အပွင့်ပွင့်စေခြင်းငှာလည်းကောင်း ပြုပြီးမှ၊ သိမ်းယူရာကာလ၌ အသီးအနှံသည် ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
12 သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူများ အလုံးအရင်းတို့၌လည်းကောင်း၊ အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌လည်းကောင်းအမင်္ဂလာရှိ၏။ 13 အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့လည်းကောင်း၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။ 14 ညဉ့်ဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မီ ပျောက်ရှာကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သောအကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသောသူတို့သည်၊ ထိုသို့သော အမွေဥစ္စာကိုခံရကြလိမ့်မည်။
1 Is 13.1A sentença acerca de Gn 14.15;15.2;2Rs 16.9;Jr 49.23;Am 1.3-5;Zc 9.1;At 9.2Damasco.
Eis que Damasco está Is 7.16;8.4;10.9removida para não mais ser cidade e se tornará um Is 25.2;Jr 49.2;Mq 1.6montão de ruínas. 2 Abandonadas são as cidades de Nm 32.34Aroer; hão de ser para os Is 7.21-22;Ez 25.5;Sf 2.6rebanhos, que aí se deitarão, Mq 4.4e não haverá quem os espante. 3 Também de Efraim Is 7.8,16;8.4a fortaleza cessará, e de Damasco, o reino; e os restantes da Síria serão Is 17.4;Os 9.11como a glória dos filhos de Israel, diz Jeová dos Exércitos.
4 Naquele dia, será atenuada a Is 10.3glória de Jacó, e Is 10.16a gordura da sua carne emagrecerá. 5 Será como Is 17.11;Jr 51.33;Jl 3.13;Mt 13.30quando o ceifador ajunta a cana do trigo e o seu braço colhe as espigas; sim, como quando alguém colhe espigas 2Sm 5.18,22no vale de Refaim. 6 Todavia, ficarão nele Is 24.13;27.12;Dt 4.27;Ob 5uns rabiscos, como no varejar de uma oliveira; duas ou três azeitonas na ponta do ramo mais alto, quatro ou cinco nos ramos da árvore frutífera, diz Jeová, Deus de Israel. 7 Naquele dia, Is 10.20;Os 3.5;6.1;Mq 7.7olhará o homem para o seu Criador, e os seus olhos atentarão para o Santo de Israel. 8 Não olhará para Is 27.9;2Cr 34.7os altares, obra das suas mãos, nem atentará para o que Is 2.8,20;30.22;31.7os seus dedos fizeram, para os Êx 34.13;Dt 7.5;Mq 5.14Aserins e para as imagens do sol. 9 Naquele dia, as suas cidades fortificadas serão como Is 7.25os lugares abandonados nos bosques e no cume dos montes, abandonados à vista dos filhos de Israel; haverá uma desolação. 10 Porque Is 51.13te esqueceste do Is 12.2;33.2;61.10;62.11;Sl 68.19Deus da tua salvação e não te lembraste da Is 26.4;30.29;44.8;Dt 32.4,18,31Rocha da tua fortaleza; por isso, fazes plantações deleitosas e pões nela sarmentos de uma vide estranha. 11 No dia em que a plantares, Mt 21.23fazes uma sebe ao redor e, Sl 90.6pela manhã, fazes que a tua semente floresça; Jó 4.8;Os 8.7;10.13desvanece, porém, a ceifa no dia da enfermidade e das dores mortais.
12 Ai do bramido de muitos povos, Is 5.30;8.9-10;13.4;Jr 6.23;Ez 43.2;Lc 21.25que bramem como o bramido dos mares, e do rugido das nações que rugem como o Sl 18.4rugido de grandes águas! 13 Is 33.3As nações rugirão como o rugido de grandes águas. Mas Deus as Is 41.11;Sl 9.5repreenderá, de maneira que Is 13.14fugirão para longe e serão afugentadas Is 29.5;41.15-16;Jó 21.18;Sl 1.4;83.13como a palha dos montes diante do vento e como o que é levado num redemoinho diante da tempestade. 14 No tempo da tarde, eis o terror; e, antes de amanhecer o dia, já Is 41.12;2Rs 19.35não existe. Este é Is 3.14-15;16.4;49.26;Jz 5.31;Jó 20.29o quinhão daqueles que nos despojam e a sorte dos que nos saqueiam.