1 ယုဒရှင်ဘုရင် ဩဇိသားဖြစ်သော၊ ယောသံ၏သားအာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်းနှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်းတို့သည်၊ ယေရုရှလင်မြို့ကို တိုက်ခြင်းငှာ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။၄ရာ၊ ၁၆:၅။ ၆ရာ၊၂၈:၅-၆။2 ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော၌သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။
3 ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့်တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို၍တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊ 4 သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာ အမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
5,6 ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊ ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊ 7 ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။ 8 ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။ 9 ဒမာသက်မြို့၏ ခေါင်းကား၊ ရေဇိန်မင်းဖြစ်ရမည်။ ဧဖရိမ်ပြည်၏ခေါင်းကား၊ ရှမာရိမြို့။ ရှမာရိမြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏။ သို့သော်လည်း၊ ခြောက်ဆယ်ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှာ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။
10 တစ်ဖန် ထာဝရဘုရားက၊ သင်၏ဘုရားသခင် ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့။ 11 နက်သောအရပ်၌ ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ 12 အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်ပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။ 13 ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကို ငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကိုငြီးငွေ့စေကြမည်လော။ 14 ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။မ၊ ၁:၂၃။15 ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်။ 16 ထိုသူငယ်သည် မကောင်းသောအရာကို မပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မီ၊ သင်ကြောက်သော ရှင်ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ်သောအရပ် ဖြစ်လိမ့်မည်။
17 ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသော နေ့မှစ၍၊ မဖြစ်ဖူးသော နေ့ရက်ကာလကို ထာဝရဘုရားသည် သင်၏အပေါ်၌လည်းကောင်း၊ သင်၏လူများအပေါ်၌လည်းကောင်း၊ သင်၏အမျိုးရင်းအပေါ်၌လည်းကောင်း၊ ရောက်စေတော်မူမည်။ 18 ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ရှိသော ပျားကောင်ကိုလည်းကောင်း၊ နှိုးဆော်တော်မူသဖြင့်၊ 19 သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင် နားကြလိမ့်မည်။ 20 ထိုကာလတွင် မြစ်ကြီးတစ်ဖက်၌ နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှားသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော်မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။ 21 ထိုကာလ၌ လူသည် နွားမကလေးတစ်ကောင်၊ သိုးဆိတ်နှစ်ကောင်ကို မွေးစားလျှင်၊ 22 သူတို့၌ များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကိုစားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသော သူတို့သည် ထောပတ်နှင့်ပျားရည်ကိုသာ စားရကြလိမ့်မည်။ 23 ထိုအခါ စပျစ်နွယ်ပင်တစ်ထောင်ရှိ၍၊ ငွေတစ်ထောင် အဖိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။ 24 လေးနှင့် မြားကို ဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်။ မြေတစ်ပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။ 25 ပေါက်တူးနှင့် တူးဆွရာ တောင်ယာရှိသမျှတို့သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှ မချဥ်းဝံ့သဖြင့်၊ နွားလွတ်၍ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရကြလိမ့်မည်ဟု ဟောလေ၏။
1 Nos dias de Is 1.1;2Rs 16.1Acaz, filho de Jotão, filho de Uzias, rei de Judá, subiu 2Rs 15.37Rezim, rei da Síria, com 2Rs 15.25;2Cr 28.6Peca, filho de Remalias, rei de Israel, a Jerusalém para pelejar contra ela; e Is 7.6-7não podia prevalecer contra ela. 2 Aviso foi dado Is 7.13;22.22à casa de Davi, dizendo: A Síria está Is 8.12aliada com Is 9.9Efraim. Foi agitado o coração de Acaz e o coração do seu povo, como se agitam as árvores do bosque à força do vento.
3 Disse Jeová a Isaías: Sai, agora, ao encontro de Acaz, tu e teu filho Sear-Jasube, junto ao fim Is 36.2;2Rs 18.17do aqueduto da piscina superior, na estrada do campo do lavandeiro; 4 e dize-lhe: Guarda-te e Is 30.15;Êx 14.13;Lm 3.26conserva-te tranquilo; Is 10.24;Mt 24.6não temas, Is 35.4;Dt 20.3;1Sm 17.32nem te desfaleça o coração por causa destes dois restos de Am 4.11;Zc 3.2tições fumegantes, por causa do ardor da ira de Rezim e Síria e do Is 7.1,9filho de Remalias. 5 Porquanto a Is 7.2Síria resolveu fazer-te mal, bem como Efraim e o filho de Remalias, dizendo: 6 Subamos contra Judá, e amedrontemo-lo, e demos sobre ele, e tomemo-lo para nós, e façamos reinar no meio dele o filho de Tabeel; 7 por isso, diz o Senhor Jeová: Is 8.10;28.18;Sl 2.4-6;At 4.25-26Isso não subsistirá, nem acontecerá. 8 Pois a capital da Síria é Is 17.1-3;Gn 14.15Damasco, e o cabeça de Damasco é Rezim (e, dentro de sessenta e cinco anos, Efraim será despedaçado, de modo que deixe de ser povo); 9 e a capital de Efraim é Samaria, e o cabeça de Samaria é o filho de Remalias. Se o não Is 5.24;8.6-8;30.12-14;2Cr 20.20crerdes, não haveis de permanecer.
10 De novo, falou Jeová com Acaz: 11 Pede a Jeová, teu Deus, um Is 37.30;38.7-8;55.13;2Rs 19.29sinal embaixo nas profundezas, ou em cima, nas alturas. 12 Respondeu, porém, Acaz: Não pedirei, nem tentarei a Jeová. 13 Disse Isaías: Ouvi, agora, ó Is 7.2casa de Davi; porventura, não vos basta fatigardes aos homens, mas ainda Is 1.14;43.24fatigais também ao Is 25.1meu Deus? 14 Portanto, o Senhor mesmo vos dará um sinal; eis que uma Mt 1.23donzela conceberá, e dará à luz um filho, e por-lhe-á o nome de Is 8.8,10Emanuel. 15 Ele comerá Is 7.22manteiga e mel, quando souber rejeitar o mal e escolher o bem. 16 Is 8.4Pois, antes que o menino saiba rejeitar o mal e escolher o bem, será desolada a Is 8.4;17.3;Jr 7.15;Os 5.3,9,14;Am 1.3-5terra, ante cujos dois reis tu tremes de medo. 17 Jeová fará vir sobre ti, sobre o teu povo e sobre a casa de teu pai dias quais não têm vindo desde que 1Rs 12.16Efraim se retirou de Judá — a saber, Is 8.7-8;10.5-6;2Cr 28.20o rei da Assíria.
18 Naquele dia, acontecerá que Jeová Is 5.26assobiará às moscas que estão Is 13.5no extremo dos rios do Egito e às abelhas que estão na terra da Assíria. 19 Elas virão e pousarão todas nos vales desolados, e Is 2.19;Jr 16.16nas fendas dos rochedos, Is 7.24-25e sobre todos os pastos.
20 Naquele dia, Is 24.1;2Rs 18.13-16rapará o Senhor com uma Ez 5.1-4navalha Is 10.5,15alugada, que está nas regiões além do Is 8.7;11.15;Jr 2.18rio, a saber, com o rei da Assíria, a cabeça e os cabelos dos pés; também ela tirará a barba.
21 Sucederá, naquele dia, que um homem criará uma vaca Is 14.30;27.10;Jr 39.10nova e duas ovelhas; 22 e, por causa da abundância do leite que lhe derem, comerá Is 7.15manteiga. Pois todo aquele que for deixado no meio da terra comerá manteiga e mel.
23 Naquele dia, Is 5.10;32.13-14todo lugar em que antes havia mil vides do valor de mil moedas de prata será entregue aos espinhos e abrolhos. 24 Com setas e arco, entrarão ali, porque toda a terra será Is 5.6espinhos e abrolhos. 25 Quanto a todos os outeiros que, com enxada, se revolviam, para ali não chegarás com medo dos espinhos e abrolhos, mas servirão de lugar para Is 5.17soltar bois e para ser pisado do gado miúdo.