1 အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။ 2 တန်ခိုးကြီးသောသူ၊ စစ်တိုက်သောသူ၊ တရားသူကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊ 3 သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက်သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။ 4 ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ငါခန့်ထား၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်။ 5 ပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။ 6 ထိုကြောင့်၊ လူသည် ပေါက်ဖော်ချင်းညီအစ်ကိုကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ်တို့အပေါ်၌ မင်းပြုပါ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊ 7 သူကလည်း၊ ငါသည် ပြုပြင်နိုင်သောသူ မဟုတ်။ ငါ့အိမ်၌မုန့်လည်းမရှိ။ အဝတ်လည်းမရှိ။ ငါ့ကို ပြည်သားတို့အပေါ်မှာ မင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်။ 8 ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည် ဆုံးရှုံးလျက်ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီးသောမျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။ 9 သူတို့မျက်နှာအနေအထားသည် သူတို့တစ်ဖက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကို မဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ဆပ်ပေးကြပြီ။ 10 ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ဟု ထိုသူအားပြောလော့။ အကြောင်းမူကား၊ သူသည် မိမိအကျင့်တို့၏အကျိုးကို ခံစားရလိမ့်မည်။ 11 မတရားသောသူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့် တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့်သော အကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။ 12 ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏။ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။
13 ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သောငှာ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။ 14 ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီးသူတို့ကိုလည်းကောင်း၊ မင်းတို့ကိုလည်းကောင်း တရားစီရင်ရာ၌ ဆီးကြိုတော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကို စားကြပြီ။ ဆင်းရဲသောသူတို့၏ဥစ္စာကိုလုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။ 15 ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသနည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
16 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည်လျက်၊ စိပ်စိပ်လှမ်းသွားတတ်သောကြောင့်၊ 17 ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှအဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။ 18 ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဇာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊ 19 နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊ 20 ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊ 21 လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊ 22 ရွှေဇာအင်္ကျီ၊ တဘက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊ 23 လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။ 24 မွှေးသောအနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသောအဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။ 25 သင်၏လူတို့သည် ဓားလက်နက်ဖြင့်လည်းကောင်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်လည်းကောင်း လဲ၍ ဆုံးရှုံးကြလိမ့်မည်။ 26 သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊
1 Pois eis que o Senhor, Jeová dos Exércitos, Is 5.13;9.20;Lv 26.26;Ez 4.16tira de Jerusalém e de Judá o sustento e o bordão, todo o sustento de pão e todo o sustento de água; 2 Is 9.14-15;2Rs 24.14;Ez 17.12-13o valente e o guerreiro; o juiz e o profeta, o adivinho e o ancião; 3 o capitão de cinquenta, e o homem acatado, e o conselheiro, e o artífice hábil, e o encantador perito. 4 Dar-lhes-ei Ec 10.16meninos por príncipes, e caprichos infantis dominarão sobre eles. 5 O povo Mq 7.3-6oprimirá uns aos outros, homem a homem, Is 9.19;Jr 9.3-8e próximo a próximo; mostrar-se-ão atrevidos; o menino, contra o ancião, e o vil, contra o nobre. 6 Quando alguém Is 4.1pegar de seu irmão na casa de seu pai, dizendo: Tu tens roupa, tu dominarás sobre nós, e fique esta ruína debaixo da tua mão, 7 naquele dia, exclamará, dizendo: Não quero ser Ez 34.4;Os 5.13médico, pois em minha casa não há pão nem roupa; não me haveis de constituir dominador sobre o povo. 8 Pois Is 1.7;6.11Jerusalém está arruinada, e Judá, caído; porque a sua Is 9.17;59.3;Sl 73.9-11língua e as suas ações são contra Jeová, para Is 65.3,5;2Cr 33.6;Ne 4.5;Hb 3.16desafiarem os olhos da sua glória. 9 O aspecto do seu semblante dá testemunho contra eles; e, como Is 1.10;Gn 13.13Sodoma, publicam o seu pecado, sem o disfarçar. Ai das suas almas! Porque eles Pv 8.36;15.32;Rm 6.23fazem mal a si mesmos. 10 Dizei do Is 54.17;Dt 28.1-14;Ec 8.12justo que ele será próspero, pois comerá o fruto das suas ações. 11 Ai do perverso! Não será próspero, pois lhe será feito a ele Is 65.6-7;Dt 28.15-68o que fizeram as suas mãos. 12 Quanto ao meu povo, os que o oprimem são Is 3.4crianças, e mulheres dominam sobre eles. Ó povo meu, os Is 9.16;28.14-15que te guiam te enganam e destroem o caminho das tuas veredas.
13 Is 66.16;Os 4.1;Mq 6.2Jeová põe-se de pé para pleitear e apresenta-se para julgar os povos. 14 Jeová Ez 20.35-36;Jó 22.4;Sl 143.2entrará em juízo com os anciãos do seu povo e com os príncipes do mesmo. Vós sois os que Mq 3.3;Sl 14.4consumistes a vinha; o Is 10.1-2;Jó 24.9,14;Sl 10.9;Pv 30.14;Ez 18.12;Tg 2.6despojo do aflito está em vossas casas. 15 Que quereis vós os que Sl 94.5esmigalhais o meu povo e moeis o rosto dos aflitos? — diz o Senhor, Jeová dos Exércitos.
16 Ainda mais disse Jeová: Is 3.16—4.1;32.9-15Porque as Is 4.4;Ct 3.11filhas de Sião são altivas, e andam com o pescoço emproado, fazendo acenos com os olhos, e passeiam andando a passos contados e fazendo tinir os ornamentos dos seus pés, 17 portanto Jeová tornará caspenta a mioleira da cabeça das filhas de Sião e Is 47.3;Ez 16.37descobrir-lhes-á a nudez. 18 Naquele dia, tirará Jeová o enfeite dos anéis dos artelhos, e das coifas, e das Jz 8.21,26luetas; 19 os pendentes, e os braceletes, e os véus leves; 20 Êx 39.28os diademas, e as cadeias para regularem os passos, e os cintos, e os vasos de perfume, e os amuletos; 21 os anéis, e Gn 24.47;Ez 16.12as joias pendentes do nariz; 22 os vestidos de gala, e os mantos, e os xales, e os bolsos; 23 os espelhos, e as camisas de linho, e os turbantes, e os véus grandes. 24 Será que, em lugar de Et 2.12perfume, haverá mau cheiro; e, por Pv 31.24cinto, corda; e, por 1Pe 3.3cabelo encrespado, Is 22.12;Ez 27.31;Am 8.10calva; e, por faixa de peito, Is 15.3;Lm 2.10cinto de cilício; marca a fogo em lugar de formosura. 25 Os teus homens Is 1.20;65.12cairão à espada, e os teus valentes, na guerra. 26 As Jr 14.2;Lm 1.4portas de Sião lamentarão e prantearão; ela será desolada e se Lm 2.10assentará no chão.