1 သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။မ၊ ၄:၁၅။2 မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။မ၊ ၄:၁၆။ လု၊ ၁:၇၉။3 ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကိုစုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကိုဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ ရှေ့တော်၌သူတို့သည် ဝမ်းမြောက်ကြပါ၏။ 4 အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။ 5 စစ်တိုက်သောသူရဲ၏ခြေစွပ်နှင့် အသွေးလူးသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဖို့မီးစာ ဖြစ်ရကြလိမ့်မည်။ 6 အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ 7 ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။လု၊ ၁:၃၂-၃၃။
8 ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။ 9 အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။ 10 သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမားထောင်လွှားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူအပေါင်းတို့သည် သိရကြလိမ့်မည်။ 11 ထာဝရဘုရားသည်လည်း၊ ထိုသူတို့တစ်ဖက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ရန်သူတို့ကို ထစေတော်မူသဖြင့်၊ 12 ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့သည် ပါးစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
13 ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။ 14 ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကိုလည်းကောင်း တစ်နေ့ချင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။ 15 ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသားကိုဟောပြောသော ပရောဖက်တည်း။ 16 ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှာ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ 17 ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင်ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ်နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရားသောစကားကို ပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
18 အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တက်ကြလိမ့်မည်။ 19 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့သည် မီးမွှေးဖို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မနှမြောရ။ 20 လက်ယာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ်လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်း ကိုက်စားရလိမ့်မည်။ 21 မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုလည်းကောင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုလည်းကောင်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
1 Mas para a que estava aflita não continuará a Is 8.22obscuridade. No tempo passado, ele 2Rs 15.29;2Cr 16.4tornou desprezível a Mt 4.15-16terra de Zebulom e a terra de Naftali, porém, no tempo vindouro, tornará glorioso o caminho do mar, além do Jordão, o distrito das nações. 2 O povo que anda nas trevas vê uma grande luz; aos que estão de assento na terra da sombra da morte, a estes raia a luz. 3 Is 26.15Tens multiplicado a nação; Is 35.10;65.14,18-19;66.10tens-lhe aumentado a alegria; alegram-se diante de ti segundo a alegria do tempo da ceifa, como 1Sm 30.16exultam quando repartem os despojos. 4 Pois tens despedaçado o Is 10.27;14.25jugo da sua carga e o bordão do seu ombro, que é a vara do seu Is 14.4;49.26;51.13;54.14exator, e como fizeste no dia de Is 10.26;Jz 7.25Midiã. 5 Is 2.4Todo calçado de quem anda calçado no tumulto e toda capa revolvida em sangue hão de ser queimados como pasto do fogo. 6 Porque a nós nos é Is 7.14;11.1-2;53.2;Lc 2.11nascido um menino, e a nós nos é Jo 3.16dado um filho; Mt 28.18;1Co 15.25o governo está sobre Is 22.22os seus ombros, e ele tem por nome Is 28.29Maravilhoso, Conselheiro, Is 10.21;Dt 10.17;Ne 9.32Poderoso Deus, Eterno Is 63.16;64.8Pai, Príncipe da Is 26.3,12;53.5;54.10;66.12Paz. 7 Do aumento do seu governo e da paz, Dn 2.44;Lc 1.32-33não haverá fim Is 16.5sobre o trono de Davi e sobre o seu reino, para o estabelecer e para o firmar com Is 11.4-5;32.1;42.3-4;63.1juízo e com justiça, desde agora e para sempre. Is 37.32;59.17O zelo de Jeová dos Exércitos cumprirá isso.
8 O Senhor enviou uma palavra a Jacó, e ela caiu sobre Israel. 9 Todo o povo o saberá, isto é, Is 7.8-9;28.1,3Efraim e os habitantes de Samaria, os quais, em soberba e Is 46.12em altivez de coração, dizem: 10 Os tijolos têm caído, mas Ml 1.4edificaremos com pedra lavrada; os sicômoros têm sido cortados, mas, em lugar deles, poremos cedros. 11 Jeová, porém, exaltou contra eles os adversários de Is 7.1,8Rezim e incitou os inimigos dele, 12 os 2Rs 16.6siros do oriente e os 2Cr 28.18filisteus do ocidente, e estes Sl 79.7;Jr 10.15devoraram a Israel à boca aberta. Is 5.25Com tudo isso, não se aplacou a sua ira, mas a sua mão ainda está estendida.
13 Todavia, o povo Jr 5.3;Sl 7.10não se voltou para quem o feriu, nem Is 31.1;Os 3.5buscou a Jeová dos Exércitos. 14 Portanto, Jeová, Ap 18.8num só dia, exterminará de Israel Is 19.15a cabeça e a cauda, o ramo da palmeira e o junco. 15 Is 3.2-3O ancião e o homem acatado, este é a cabeça, e o profeta que ensina Is 28.15;30.9;59.3-4;Jr 23.14,32;Mt 24.24mentiras, este é a cauda. 16 Is 3.12;Mt 16.14;23.16,24Os que guiam a este povo o desencaminham; e os que por eles são guiados são destruídos. 17 Por isso, o Senhor Jr 18.21;Am 4.10;8.13não se regozijará nos mancebos dele, Is 27.11nem se compadecerá dos seus órfãos e das suas viúvas, porque todos eles são Is 10.6;32.6profanos e Is 1.4;14.20;31.2;Mq 7.2malfeitores, e Mt 12.34toda boca fala loucuras. Is 5.25Com tudo isso, não se aplacou a sua ira, mas a sua mão ainda está estendida.
18 Is 1.7;Sl 83.14;Na 1.10;Ml 4.1A perversidade arde como um fogo; consome os espinhos e os abrolhos; acende-se nas brenhas do bosque, e elas sobem em espessas nuvens de fumo. 19 Is 10.6;13.9,13;42.25Pelo furor de Jeová dos Exércitos, está Jl 2.3queimada a terra; Is 1.31;24.6o povo também vem a ser como pasto do fogo; Mq 7.2,6ninguém poupa a seu irmão. 20 Devorará da banda direita e ficará com Is 8.21-22fome; comerá da banda esquerda e não se fartará; cada um comerá a Is 49.26carne do seu próprio braço. 21 Manassés será contra Efraim, e Efraim, contra Manassés; e Is 11.13;2Cr 28.6,8estes, juntos, serão contra Judá. Is 5.25Com tudo isso, não se aplacou a sua ira, mas a sua mão ainda está estendida.