1 ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌၊ အာမုတ်၏သားဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကိုခံရသည်မှာ၊၄ရာ၊ ၁၅:၁-၇။ ၆ရာ၊ ၂၆:၁-၂၃။ ၄ရာ၊ ၁၅:၃၂-၃၈။ ၆ရာ၊ ၂၇:၁-၉။ ၄ရာ၊ ၁၆း၁-၂၀။ ၆ရာ၊ ၂၈း၁-၇။ ၄ရာ၊ ၁၈း၁-၂၀း၂၁။ ၆ရာ၊ ၂၉း၁-၃၂း၃၃။
2 ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြပြီ။ 3 နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်းသော်လည်း မိမိသခင်၏မြည်းဇောင်းကိုသိ၏။ ဣသရေလအမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
4 ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု၊ မတရားသဖြင့်ပြုသောအနွယ်၊ ဖောက်ပြန်သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ။ 5 သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ 6 ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိရွဲသောအနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဖယောင်းဆီနှင့် မပျော့စေရသေး။ 7 သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီးလောင်ပြီ။ သင်တို့မြေကိုလည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။ 8 ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့လည်းကောင်း ကျန်ရစ်လေ၏။ 9 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။က၊ ၁၉:၂၄၊ရော၊ ၉:၂၉။
10 သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့။ 11 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသောတိရစ္ဆာန်တို့၏ဆီဥနှင့် ငါဝပြီ။ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။အာ၊ ၅:၂၁-၂၂။12 သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှာလာကြသောအခါ၊ ငါ့တံတိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း။ 13 အချည်းနှီးသောပူဇော်သကာကို နောက်တစ်ဖန်မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။ 14 ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကိုမုန်း၏။ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။ 15 သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသောပတ္ထနာကိုပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။ 16 ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့။ 17 ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှာ ကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့။
18 ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။ 19 သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကို စားရကြလိမ့်မည်။ 20 သို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ဓားလက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
21 သစ္စာရှိသောမြို့သည် အဘယ်သို့ မျောက်မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်းနှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာကျကြ၏။ 22 သင်၏ငွေသည်လည်း ချော်ဖြစ်လေပြီ။ သင်၏စပျစ်ရည်သည် ရေနှင့် ရောလျက်ရှိ၏။ 23 သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသောသူတို့အဖို့ တရားမစီရင်ကြ။ မုဆိုးမအမှုကို နားမထောင်ကြ။
24 ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တစ်ဖက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဖို့ကိုစောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။ 25 သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့် ရှင်းရှင်းကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။ 26 သင်၏တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာခန့်ထားသည်နည်းတူ၊ တစ်ဖန်ငါခန့်ထားဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။ 27 ဇိအုန်မြို့သည် တရားအားဖြင့်လည်းကောင်း၊ မြို့သူမြို့သားတို့သည် ဖြောင့်မတ်သောအားဖြင့်လည်းကောင်း၊ ရွေးနုတ်ခြင်းကို ခံရကြလိမ့်မည်။ 28 လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့အတူရောက်၍၊ ထာဝရဘုရားကို စွန့်သောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ 29 သင်တို့သည် တပ်မက်ဖူးသော သပိတ်ပင်တို့ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဖူးသောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။ 30 အကြောင်းမူကား၊ အရွက်နွမ်းသောသပိတ်ပင်ကဲ့သို့လည်းကောင်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 31 ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ်လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။
1 A visão que Is 2.1Isaías, filho de Amoz, teve acerca de Is 2.1;40.9Judá e de Jerusalém, nos dias de 2Rs 15.1,13Uzias, 2Rs 15.32Jotão, Is 7.1;2Rs 16.1Acaz e 2Rs 18.1Ezequias, reis de Judá.
2 Dt 32.1Ouvi, ó céus, e dá ouvidos, ó Mq 1.2terra, porque fala Jeová: Nutri e fiz crescer Jr 3.22filhos, mas eles Is 1.23;30.1,9;65.2se rebelaram contra mim. 3 O boi conhece ao seu possuidor, e o jumento, a manjedoura do seu dono; mas Israel Is 5.13;Jr 8.7não tem conhecimento, o meu povo Is 5.12;44.18não entende. 4 Ai da nação pecaminosa, do povo Is 5.18carregado de iniquidade, da Is 14.20semente que consta de malfeitores, dos filhos que Ne 1.7praticam a corrupção! Is 1.28Abandonaram Jeová, Is 5.24desprezaram o Santo de Israel, retiraram-se para trás. 5 Por que quereis ainda ser feridos, Is 31.6continuando na apostasia? Toda a cabeça está Is 33.24;Ez 34.4,16enferma, e todo o coração, abatido. 6 Jó 2.7Desde a planta do pé até a cabeça, não há nele Sl 38.3coisa sã; há só feridas, Is 30.26e contusões, e chagas vivas; não foram exprimidas, nem atadas, nem Lc 10.34amolecidas com óleo. 7 A Is 6.11;Lv 26.33;Jr 44.6vossa terra está desolada, as vossas cidades, abrasadas de fogo; a vossa lavoura, os estrangeiros devoraram-na na vossa presença, e ela fica desolada, uma assolação feita por estrangeiros. 8 A filha de Sião é deixada como a Jó 27.18choupana na vinha, como a choça no pepinal, como cidade sitiada. 9 Rm 9.29Se Jeová dos Exércitos não nos tivesse deixado alguns de Is 10.20-22;11.11,16;37.4,31-32;46.3resto, teríamos sido como Sodoma, ter-nos-íamos tornado tais como Gomorra.
10 Ouvi a Is 8.20;28.14palavra de Jeová, governadores de Is 3.9;Ez 16.46;Ap 11.8Sodoma; dai ouvidos à lei do nosso Deus, povo de Gomorra. 11 Is 66.3;Jr 6.20;Ml 1.10De que me serve a mim a multidão dos vossos sacrifícios? — diz Jeová. Já estou farto dos holocaustos de carneiros e da gordura de animais cevados; e não me agrado do sangue de novilhos, ou de cordeiros, ou de bodes. 12 Quando vindes a Êx 23.17comparecer perante mim, quem requereu de vós isto, o pisardes os meus átrios? 13 Não continueis a trazer oblações; Is 66.3o incenso para mim é abominação; a 1Cr 23.31lua nova e o sábado, Êx 12.16a convocação das assembleias… não posso suportar Jr 7.9-10a iniquidade e o ajuntamento solene. 14 As vossas Is 29.1-2luas novas e as vossas festas fixas, a minha alma as aborrece; elas me são como carga; estou Is 7.13;43.24cansado de as sofrer. 15 Quando 1Rs 8.22;Lm 1.17estenderdes as vossas mãos, Is 8.17;59.2esconderei de vós os meus olhos; ainda quando Mq 3.4multipliqueis as vossas orações, não ouvirei: Is 59.3as vossas mãos estão cheias de sangue. 16 Sl 26.6Lavai-vos, Is 52.11purificai-vos; Is 55.7tirai de diante dos meus olhos a maldade das vossas ações; Jr 25.5cessai de fazer o mal. 17 Aprendei a fazer o bem, Jr 22.3;Sf 2.3procurai o que é justo, Is 58.6fazei que o opressor seja reto, Sl 82.3fazei justiça ao órfão, defendei a causa da viúva.
18 Vinde, pois, Is 41.1-21;43.26;Mq 6.2arrazoemos, diz Jeová; Is 44.22;45.25;Sl 51.7;Ap 7.14ainda que os vossos pecados sejam como o escarlate, ficarão brancos como a neve; ainda que sejam vermelhos como o carmesim, tornar-se-ão como a lã. 19 Dt 30.15-16Se for da vossa vontade e obedecerdes, Is 30.23-24;55.2;58.14;62.8-9;65.21-22;Ed 9.12comereis os produtos do país; 20 mas, se recusardes e fordes rebeldes, Is 3.25;65.12sereis devorados pela espada. Pois Is 34.16;40.5;58.14;Mq 4.4a boca de Jeová o disse.
21 Como se fez Is 57.3-9;Jr 2.20prostituta a cidade fiel! Ela que estava cheia de justiça! Nela, habitava a retidão, mas, agora, Is 59.7assassinos. 22 A tua prata tornou-se Ez 22.18escória, o teu vinho foi misturado com água. 23 Is 3.14-15;Os 5.10;Mq 7.3Os teus príncipes são rebeldes, companheiros de ladrões. Cada um deles Êx 23.8;Mq 7.3ama peitas e anda atrás de recompensas. Is 10.2;Jr 5.28;Ez 22.7;Zc 7.10Não fazem justiça ao órfão, nem a causa da viúva chega perante eles.
24 Portanto, diz o Senhor, Jeová dos Exércitos, o Is 49.26;60.16;Sl 132.2Poderoso de Israel: Ah! Livrar-me-ei dos meus adversários e Is 35.4;59.18;61.2;63.4vingar-me-ei dos meus inimigos; 25 voltarei a minha mão sobre ti, e Ez 22.19-22;Ml 3.3purificarei como com potassa a tua escória, e tirarei de ti todo o teu estanho; 26 restituirei os teus Is 60.17;Jr 33.7,11juízes como foram dantes e os teus conselheiros, como no princípio; depois, serás chamada a Cidade da Justiça, Is 33.5;60.14;62.1-2;Zc 8.3a Cidade Fiel. 27 Sião será Is 35.9;62.12;63.4remida pelo juízo, e os que regressam a ela, pela justiça. 28 Mas os transgressores e os pecadores serão Is 24.20;66.24;Sl 9.5;2Ts 1.8-9destruídos juntos, e os que abandonarem a Jeová perecerão. 29 Pois se terá vergonha por causa dos Is 57.5terebintos de que vos agradastes, e sereis confundidos por causa dos Is 65.3;66.17jardins que escolhestes. 30 Pois vos tornareis como um terebinto, cujas Is 64.6folhas são murchas, e como um jardim que não tem água. 31 O forte tornar-se-á como estopa, e a sua obra, como faísca, e ambos Is 5.24;9.19;26.11;33.11-14arderão juntamente, Is 66.24;Mt 3.12;Mc 9.43e não haverá quem os apague.