1 ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိမာန်တော်သို့ သွားလေ၏။ 2 လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။ 3 ဟေဇကိမင်းမှာထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောနေ့ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကို ဖွားနိုင်အောင်ခွန်အားမရှိ။ 4 အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရားကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသော လူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊ 5 ဟေဇကိမင်း စေလွှတ်သောကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။
6 ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည် ကြားရသောစကားကြောင့် မကြောက်နှင့်။ 7 ထိုမင်း၌ အခြားသောစိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
8 ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။ 9 နောက်တစ်ဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍လာပြီဟု သတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန်၍၊ 10 သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။ 11 အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။ 12 ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို၊ သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။ 13 ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
14 ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။ 15 ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊ 16 ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော၊ ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ထွ၊ ၂၅:၂၂။17 အို ထာဝရဘုရား၊ နားတော်ကို လှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကိုကဲ့ရဲ့၍၊ ပြောစေသောစကားအလုံးစုံတို့ကို မှတ်တော်မူပါ။ 18 အို ထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊ 19 သူတို့၏ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ 20 အို အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။
21 ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပတ္ထနာပြုသည်ဖြစ်၍၊ 22 ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။ 23 သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။ 24 သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့လည်းကောင်း၊ လေဗနုန်တောင်အထွတ်သို့လည်းကောင်း တက်လာပြီ။ အရပ်မြင့်သော အာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများသောတောထဲသို့ ငါဝင်ပြီ။ 25 ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။ 26 ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူ ဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။ 27 ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင် ကဲ့သို့လည်းကောင်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့်၊ မကြီးမီညှိုးနွမ်းသော စပါးပင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ 28 သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက်ဟုန်းခြင်းတို့ကိုငါသိ၏။ 29 ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
30 သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကိုလည်းကောင်း၊ ဒုတိယနှစ်တွင် ထိုအတူ ပေါက်သောအရာများကိုလည်းကောင်း သင်တို့သည်စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့။ 31 ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တစ်ဖန်အောက်မှာအမြစ်စွဲ၍၊ အထက်မှာ အသီးသီးကြလိမ့်မည်။ 32 ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲကလည်းကောင်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်ကလည်းကောင်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
33 သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။ 34 လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ 35 ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
36 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်၍၊ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။ 37 အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ၏။ 38 နောက်တစ်ဖန် သူသည် မိမိဘုရားနိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ဓားနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန်သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။
1 Tendo ouvido isso Is 37.1-38;2Rs 19.1-37o rei Ezequias, rasgou os seus vestidos, cobriu-se de saco e entrou na Casa de Jeová. 2 Então, enviou ao profeta Is 1.1;20.2Isaías, filho de Amoz, o mordomo Is 22.20Eliaquim e o Is 22.15secretário Sebna, e os anciãos dos sacerdotes cobertos de saco. 3 Estes lhe disseram: Assim diz Ezequias: Este dia é Is 22.5;26.16;33.2dia de angústia, de increpação e de contumélia; porque Is 26.17-18;66.9;Os 13.13os filhos são chegados ao parto, e não há força para os dar à luz. 4 Talvez Jeová, teu Deus, ouviu as palavras de Rabsaqué, a quem o rei da Assíria, seu amo, enviou Is 36.15,18,20para afrontar ao Deus vivo, e repreenderá as palavras que Jeová, teu Deus, ouviu; levanta, pois, a tua oração a favor Is 37.31-32;1.9;10.20-22;46.3dos que ainda restam.
5 Foram os servos do rei Ezequias ter com Isaías, 6 e Isaías lhes disse: Assim direis ao vosso amo: Assim diz Jeová: Is 7.4;35.4Não tenhas medo das palavras que ouviste, com as quais os servos do rei da Assíria me blasfemaram. 7 Eis que meterei nele um espírito, e ele, Is 37.9ouvindo uma nova, Is 37.37-38voltará para a sua terra; e, na sua terra, fá-lo-ei cair morto à espada.
8 Voltando Rabsaqué, encontrou o rei da Assíria pelejando contra Nm 33.20;Js 10.29Libna; porque soubera que ele já se havia retirado de Js 10.31-32Laquis. 9 Então, Is 37.7ouviu ele dizer a respeito de Tiraca, rei da Is 18.1;20.5Etiópia: Saiu para pelejar contra ti. Quando ouviu isso, enviou mensageiros a Ezequias, dizendo: 10 Assim falareis a Ezequias, rei de Judá: Is 36.15Não te engane o teu Deus, no qual tu confias, dizendo: Jerusalém não será entregue nas mãos do rei da Assíria. 11 Is 10.9-11;36.18-20Eis que tu tens ouvido o que os reis da Assíria fizeram a todas as terras, destruindo-as totalmente; poderás tu livrar-te? 12 Porventura, os deuses das nações livraram os povos que meus pais destruíram, 2Rs 17.6;18.11Gozã, e Gn 11.31;12.1-4;At 7.2Harã, e Rezefe, e os filhos de Éden, que estavam em Telassar? 13 Onde está o rei de Hamate, e o rei de Arpade, e o rei da cidade de Sefarvaim, e de Hena, e de Iva?
14 Tendo Ezequias recebido a carta da mão dos mensageiros, leu-a. Então, subiu à Casa de Jeová, estendeu a carta diante de Jeová 15 e orou a Jeová, dizendo: 16 Jeová dos Exércitos, Deus de Israel, Êx 25.22;1Sm 4.4;Sl 80.1;99.1tu que estás sentado sobre os querubins, tu, só tu, és o Dt 10.17;Sl 86.10;136.2-3rei de todos os reinos da terra; Is 42.5;45.12;Jr 10.12tu fizeste o céu e a terra. 17 2Cr 6.40;Sl 17.6;Dn 9.18Inclina, ó Jeová, o teu ouvido e ouve; abre, ó Jeová, os teus olhos e vê. Sl 74.22Ouve todas as palavras de Senaqueribe, as quais ele enviou para Is 37.4afrontar o Deus vivo. 18 Verdade é, Jeová, que Is 10.9-10;2Rs 15.29;16.9;17.6,24;1Cr 5.26;Na 2.11-12os reis da Assíria têm assolado todos os países e suas terras, 19 e têm lançado no fogo os deuses deles; esses deuses não eram deuses, mas Is 2.8;17.8;41.24,29obra de mãos de homens, pau e pedra; por Is 26.14isso, os destruíram. 20 Agora, Jeová, nosso Deus, Is 25.9;33.22;35.4salva-nos das suas mãos, Is 37.16;1Rs 18.36-37;Sl 46.10;Ez 36.23para que todos os reinos da terra saibam que tu, só tu, és Jeová.
21 Então, Is 37.2Isaías, filho de Amoz, mandou dizer a Ezequias: Assim diz Jeová, Deus de Israel: Porquanto me fizeste a tua súplica contra Senaqueribe, rei da Assíria, 22 esta é a palavra que Jeová falou acerca dele: Jr 14.17;Lm 2.13A virgem Sl 9.14;Sf 3.14;Zc 2.10filha de Sião te desprezou e te escarneceu; a filha de Jerusalém contra ti Jó 16.4meneou a cabeça. 23 A quem Is 37.4afrontaste e blasfemaste? Contra quem levantaste a tua voz e Is 2.11;5.15,21ergueste os teus olhos ao alto? Contra o Ez 39.7;Hc 1.12Santo de Israel. 24 Por meio dos teus servos, afrontaste a Jeová e disseste: Com a multidão dos meus carros, eu Is 8.7-8subi ao alto dos montes, ao interior do Is 10.33-34Líbano; deitarei abaixo os seus altos Is 14.8cedros e os seus ciprestes escolhidos; e entrarei na sua altura mais elevada, Is 10.18no bosque do seu campo fértil. 25 Eu tenho cavado e bebido água e, com as Dt 11.10;1Rs 20.10plantas dos meus pés, secarei todos os rios do Egito.
26 Is 40.21,28Não ouviste que eu fiz essas coisas já há muito tempo e que as At 2.23;4.27-28;1Pe 2.8planejei desde os dias antigos? Is 46.11Agora, as executei, Is 10.6para que fosses tu o que reduzisses cidades fortificadas a Is 17.1;25.2montões de ruínas. 27 Portanto, os que nelas habitavam, dispondo de pouca força, ficaram pasmados e confundidos; tornaram-se como a Is 40.7erva do campo, e como a relva verde, e como Sl 129.6o feno dos telhados, e como um campo de trigo antes de amadurecer. 28 Mas Sl 139.1eu sei o teu assentar, e o teu sair, e o teu entrar, e o teu furor contra mim. 29 Por causa do teu furor contra mim, e porque a tua Is 10.12arrogância subiu aos meus ouvidos, por isso te porei o meu Ez 29.4;38.4anzol no teu nariz e o meu Is 30.28freio nos teus beiços e te farei voltar Is 37.34pelo caminho pelo qual vieste.
30 Isto te será por sinal: este ano, comereis Lv 25.5,11o que nascer por si mesmo e, no segundo ano, o que daí proceder; no terceiro ano, semeai e colhei, plantai vinhas e comei o seu fruto. 31 O Is 37.4resto que Is 4.2;10.20escapar da casa de Judá tornará a Is 27.6lançar raízes para baixo e dará fruto para cima. 32 Pois de Jerusalém sairá um Is 37.4resto, e, do monte de Sião, os que escaparam. Is 9.7;59.17;2Rs 19.31;Jl 2.18;Zc 1.14O zelo de Jeová dos Exércitos fará isso.
33 Portanto, assim diz Jeová acerca do rei da Assíria: Não chegará a esta cidade, nem atirará aqui uma seta, nem virá perante ela com escudo, nem contra ela levantará Jr 6.6;32.24uma trincheira. 34 Is 37.29Pelo caminho pelo qual veio, pelo mesmo voltará e não chegará a esta cidade, diz Jeová. 35 Pois Is 31.5;38.6;2Rs 20.6defenderei esta cidade para a salvar, Is 43.25;48.9,11por amor de mim e por amor do meu servo Davi.
36 Is 10.12,33-34;2Rs 19.35O Anjo do Senhor saiu e feriu no arraial dos assírios cento e oitenta e cinco mil homens; e, despertando o acampamento pela manhã cedo, eis que todos estes eram corpos mortos. 37 Assim, retirando-se Senaqueribe, rei da Assíria, se foi e, voltando, habitou em Gn 10.11;Jn 1.2;3.3;4.11;Sf 2.13Nínive. 38 Quando ele adorava na casa de Nisroque, seu deus, feriram-no à espada seus filhos, Adrameleque e Sarezer, que escaparam para a terra de Gn 8.4;Jr 51.27Ararate. Em seu lugar, reinou seu filho Ed 4.2Esar-Hadom.