1 အို ရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကိုမပေးဘဲလာ၍ စပျစ်ရည်နှင့် နို့ကို ဝယ်ကြလော့။ဗျာ၊ ၂၁:၆၊၂၂:၁၇။2 အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။ 3 နူးညွတ်သောနားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အားပေးမည်။တ၊ ၁၃:၃၄။4 ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈာယ်ဆရာ ဖြစ်စေခြင်းငှာလည်းကောင်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှာလည်းကောင်း၊ လူမျိုးတို့အား ငါပေးပြီ။ 5 ကြည့်ရှုလော့။ သင်သည် မသိဖူးသောလူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဖူးသော လူမျိုးတို့သည်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်၊ သင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထိုဘုရားသည် သင်၏ဘုန်းကို ပွင့်စေတော်မူ၏။
6 တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာ ပြုကြလော့။ 7 ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍၊ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။ 8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ 9 မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။
10 မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တစ်ဖန် မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်းပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊၂ကော၊ ၉:၁၀။11 ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။ 12 သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက်၍၊ ချမ်းသာစွာပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီးကြလိမ့်မည်။ 13 အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရှူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖို့ရာ၊ မပျောက်မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။
1 Ah! Todos vós os que tendes Is 41.17;44.3;Sl 42.1-2;63.1;143.6;Jo 4.14;7.37sede, vinde às águas, bem como vós os que Lm 5.4não tendes dinheiro; vinde, comprai e comei; sim, vinde, comprai sem dinheiro e Os 14.4;Mt 10.8sem preço Ct 5.1;Jl 3.18vinho e leite. 2 Por que gastais dinheiro naquilo que Ec 6.2;Os 8.7não é pão? E o fruto do vosso trabalho, naquilo que não pode dar satisfação? Ouvi-me com atenção e Is 1.19;62.8-9;Sl 22.26comei o que é bom, e deleite-se a vossa alma com a Is 25.6;Sl 63.5;Jr 31.14gordura. 3 Is 51.4Inclinai os vossos ouvidos e vinde a mim; ouvi, e a vossa alma Lv 18.5;Rm 10.5viverá; farei convosco Is 61.8uma aliança sempiterna, a saber, as At 13.34santas e firmes coisas prometidas a Davi. 4 Eis que Sl 18.43;Jr 30.9;Os 3.5o dei por testemunha aos povos, Ez 34.24;37.24-25;Dn 9.25;Mq 5.2por príncipe e comandante aos povos. 5 Eis que chamarás uma Is 45.14,22-24;49.6,12,23nação que não conheces, e uma nação que não te conheceu Zc 8.22correrá a ti, por amor de Jeová, teu Deus, e do Santo de Israel, porque ele Is 60.9te glorificou.
6 Is 45.19,22;49.8;Sl 32.6;Am 5.6Buscai a Jeová enquanto se pode achar; Is 58.9;65.24invocai-o enquanto está perto. 7 Is 1.16,19;58.6Deixe o iníquo o seu caminho, e o injusto, os seus Is 32.7;59.7pensamentos; Is 31.6;44.22volte-se para Jeová, porque Is 14.1;54.8,10se compadecerá dele; e para o nosso Deus, porque Is 1.18;40.2;43.25;44.22muito perdoará. 8 Pois os meus pensamentos não são os Is 65.2;66.18vossos pensamentos, nem Is 53.6os vossos caminhos são os meus caminhos, diz Jeová. 9 Sl 103.11Assim como os céus são mais altos do que a terra, assim os meus caminhos são mais altos do que os vossos caminhos, e os meus pensamentos, do que os vossos pensamentos. 10 Assim como do céu Is 30.23desce a chuva e a neve e para lá não torna, mas rega a terra, e a faz produzir e brotar, e 2Co 9.10dá semente ao que semeia e pão ao que come, 11 assim será a minha Is 45.23;Mt 24.35palavra que sair da minha boca. Não Is 44.26;59.21tornará para mim vazia, mas Is 46.10;53.10efetuará o que me apraz e prosperará naquilo para que a enviei. 12 Pois saireis em Is 51.11;52.9;Sl 105.43alegria e Is 54.10,13;Jr 29.11em paz sereis conduzidos; Is 44.23;49.13os montes e os outeiros romperão em cânticos diante de vós, e todas as 1Cr 16.33árvores do campo baterão palmas. 13 Em lugar do Is 7.19espinheiro, nascerá o Is 41.19;60.13cipreste, e, em lugar da Is 5.6;7.24;32.13urtiga, nascerá a murta; o que será para Jeová por Is 63.12,14;Jr 33.9nome, por Is 19.20sinal sempiterno, Is 56.5que não se apagará.