1 ထိုနောက် အမ္မုန်ရှင်ဘုရင်သည်သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ 2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ ကျွန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။ 3 အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင်ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်းငှာသာ သူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြသော်။ 4 ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။ 5 ထိုသတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှာ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
6 အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူတို့ကိုစေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူတစ်ထောင်၊ တောဘမြို့သား တစ်သောင်းနှစ်ထောင်တို့ကို ငှားကြ၏။ 7 ထိုသတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ်၏။ 8 အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသောရှုရိလူနှင့် မာခါမင်းကြီး၏လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။ 9 ယွာဘသည်လည်း၊ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း စစ်မျက်နှာနှစ်ဖက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။ 10 ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊ 11 ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အားငါကူမည်။ 12 ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဖို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင်တော်မူစေသတည်းဟု ဆိုပြီးမှ၊ 13 သူ၌ပါသော လူများနှင့်တကွ ရှုရိလူတို့ကိုစစ်တိုက်ခြင်းငှာ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။ 14 ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
15 ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တစ်ဖန်စည်းဝေးကြ၏။ 16 ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တစ်ဖက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။ 17 ထိုသတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ်ကိုကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တစ်ဖက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊ 18 ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌သေ၏။ 19 ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးရှေ့မှာမိမိတို့ရှုံးသည်ကိုသိမြင်လျှင်၊ ဣသရေလအမျိုးနှင့် မိတ်သဟာယဖွဲ့၍ကျွန်ခံကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
1 1Cr 19.1-19Depois disso, morreu o 1Sm 11.1rei dos filhos de Amom, e em seu lugar reinou seu filho Hanum. 2 Então, disse Davi: Usarei de beneficência para com Hanum, filho de 1Sm 11.1Naás, como seu pai usou de beneficência para comigo. Davi enviou os seus servos para o consolar acerca de seu pai. Os servos de Davi foram à terra dos filhos de Amom. 3 Mas disseram os príncipes dos filhos de Amom ao seu senhor Hanum: Cuidas tu que em honra de teu pai Davi te enviou consoladores? Gn 42.9,16Não te enviou ele os seus servos para reconhecerem a cidade, a espiarem e a derrubarem? 4 Tomou Hanum os servos de Davi, e Is 15.2;Jr 41.5mandou-lhes rapar a metade da barba, e, Is 20.4cortando-lhe a metade dos vestidos até o alto das coxas, despediu-os. 5 Quando isso foi dito a Davi, enviou a encontrá-los, porque estavam os homens sobremaneira envergonhados. Mandou o rei dizer-lhes: Deixai-vos estar em Jericó, até que vos cresça a barba, e então voltareis.
6 Vendo os filhos de Amom Gn 34.30;1Sm 27.12que se haviam feito abomináveis para com Davi, enviaram e 2Sm 8.3,5;2Rs 7.6alugaram, dos filhos dos siros de Gn 36.37;Jz 18.28Bete-Reobe, e dos 2Sm 8.3siros de Zobá, vinte mil homens de pé, e do rei de Dt 3.14Maaca, mil homens, e dos homens de Tobe, doze mil. 7 O que ouvindo Davi, enviou Joabe com toda a hoste dos valentes. 8 Saíram os filhos de Amom e ordenaram a batalha à 1Cr 19.9entrada da porta, e os siros de Zobá e de Reobe e os homens de Jz 11.3,5Tobe e Maaca estavam à parte, Js 13.9,16no campo.
9 Vendo Joabe que estava preparada a batalha contra ele, assim pela frente como pela retaguarda, escolheu dentre toda a flor de Israel um corpo, que formou em linha de batalha contra os siros; 10 e o resto do povo, entregou-o a seu irmão Abisai, que o formou em linha de batalha contra os filhos de Amom. 11 Ele disse: Se os siros prevalecerem contra mim, tu me virás em socorro; mas, se os filhos de Amom prevalecerem contra ti, eu irei ao teu socorro. 12 Dt 31.6;Js 1.6Tem bom ânimo, e 1Co 16.13sejamos corajosos pelo nosso povo e pelas cidades do nosso Deus; 1Sm 3.18e faça Jeová o que bem lhe parecer. 13 Travou Joabe e o povo que estava com ele a peleja contra os siros, 1Rs 20.13-21que fugiram de diante dele. 14 Vendo os filhos de Amom que os siros tinham fugido, fugiram também eles de diante de Abisai e entraram na cidade. 2Sm 11.1Então, Joabe voltou dos filhos de Amom e foi a Jerusalém.
15 Vendo os siros que tinham sido desbaratados diante de Israel, tornaram a refazer-se. 16 Enviou 2Sm 8.3-8Hadadezer e fez sair os siros que estavam da outra banda do rio; vieram a Helã, e diante deles marchava 1Cr 19.16Sobaque, general do exército de Hadadezer. 17 Davi, informado disso, ajuntou a todo o Israel, passou o Jordão e foi a Helã. Os siros dispuseram-se em linha de batalha contra Davi e pelejaram contra ele. 18 Mas os siros fugiram de diante de Israel; Davi matou deles 1Cr 19.18os homens de setecentos carros e quarenta mil homens de cavalo e feriu a Sobaque, general do exército, de sorte que morreu ali. 19 Vendo todos os reis, servos de Hadadezer, que estavam desbaratados diante de Israel, 2Sm 8.6fizeram pazes com Israel e os serviram. Temeram os siros de socorrer mais aos filhos de Amom.